Home
မြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေး တရားဝင်ဆွေးနွေးပွဲများ ပြန်စနိုင်ရန်မျှော်လင့် 
DVB
·
September 2, 2019
စက်တင်ဘာလမှာ ပြန်လည်ကျင်းပမယ့် အန်စီအေဆွေးနွေးပွဲကို အဆင်ပြေမယ်လို့ မျှော်လင့်သလို မျှော်လင့်တဲ့အတိုင်းဖြစ်လာမယ်ဆိုရင် မကြာခင်မှာ တရားဝင်ဆွေးနွေးပွဲတွေ ပြန်စလာနိုင်တော့မယ်လို့ ဘားအံမြို့မှာပြုလုပ်တဲ့ ၄၉ ကြိမ်မြောက် ငြိမ်ချမ်းရေးဖို့ရမ်မှာ UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာလျန်မှူန်းဆာခေါင်းက  ပြောပါတယ်။ အန်စီအေ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ  ၂၀၁၉ မေလက ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးအပြီး စက်တင်ဘာလမှာ အစိုးရနဲ့ပြန်လည်ဆွေးနွေးဖို့ ဖြစ်လာတာပါ။ ၂၀၁၈  အောက်တိုဘာ ၁၅ ရက်က ချင်းမိုင်မှာပြုလုပ်တဲ့ UPDJC အဖွဲ့ဝင် ၁၀ ဦး နဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးစီးပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး UPDJC ကနေ ကေအန်ယူက နုတ်ထွက်ခဲ့သလို  အာစီအက်စ်အက်စ်အနေနဲ့လည်း အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေမှုကို ရပ်နားခဲ့တဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ရပ်နားထားခဲ့ရတာပါ။ UPDJC ဒုဥက္ကဋ္ဌ ဒေါက်တာလျန်မှူန်းဆာခေါင်းက “အဲဒီပွဲလည်းကျနော်တို့ အဆင်ပြေမယ်လို့ မျှော်လင့်တယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် မကြာခင် တရားဝင်ဆွေးနွေးပွဲတွေ ပြန်စတော့မှာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ တဆင့်ပြီး တဆင့်တက်သွားတဲ့ပုံစံမျိုးနဲ့ နားလည်မှုရှိရှိ ဆောင်ရွက်သွား ကြမယ်ဆိုရင် အဆင်ပြေချောမွေ့မှာဖြစ်ပြီး အခက်အခဲတွေ မကျော်လွှားနိုင်မှာကိုပဲ စိုးရိမ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော် ပြောပါတယ်။ “အဟန့်အတားသဖွယ်နဲ့ ဒီဟာကြီးက သူတို့က သူတို့အတွက် အသားစီးကိုယူတာလား။ ဒီဘက်ကလည်း ဒီဘက်အသာစီးယူတာလား လားပေါင်းမြောက်များစွာရဲ့ကြားမှာပဲ ဒီအခက်အခဲ တွေက မကျော်လွှားနိုင်မှာကိုပဲ စိုးရိမ်တယ်”လို့ ပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ အကြား သြဂုတ် ၃၁ ရက်က ကျိုင်းတုံမြို့မှာ တွေ့ဆုံပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သလို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြပါတယ်။ သတင်း- ရဲမင်းခေါင်
ျပည္တြင္းၿငိမ္းခ်မ္းေရး တရားဝင္ေဆြးေႏြးပြဲမ်ား ျပန္စႏိုင္ရန္ေမွ်ာ္လင့္ DVB စက္တင္ဘာလမွာ ျပန္လည္က်င္းပမယ့္ အန္စီေအေဆြးေႏြးပြဲကို အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္သလို ေမွ်ာ္လင့္တဲ့အတိုင္းျဖစ္လာမယ္ဆိုရင္ မၾကာခင္မွာ တရားဝင္ေဆြးေႏြးပြဲေတြ ျပန္စလာႏိုင္ေတာ့မယ္လို႔ ဘားအံၿမိဳ႕မွာျပဳလုပ္တဲ့ ၄၉ ႀကိမ္ေျမာက္ ၿငိမ္ခ်မ္းေရးဖို႔ရမ္မွာ UPDJC ဒုဥကၠ႒ ေဒါက္တာလ်န္မႉန္းဆာေခါင္းက ေျပာပါတယ္။ အန္စီေအ အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕က ထိပ္သီးေခါင္းေဆာင္ေတြ ၂၀၁၉ ေမလက ခ်င္းမိုင္မွာ က်င္းပခဲ့တဲ့ ထိပ္သီးအစည္းအေဝးအၿပီး စက္တင္ဘာလမွာ အစိုးရနဲ႔ျပန္လည္ေဆြးေႏြးဖို႔ ျဖစ္လာတာပါ။ ၂၀၁၈ ေအာက္တိုဘာ ၁၅ ရက္က ခ်င္းမိုင္မွာျပဳလုပ္တဲ့ UPDJC အဖြဲ႕ဝင္ ၁၀ ဦး နဲ႔ လက္နက္ကိုင္အဖြဲ႕ဝင္ ၁၀ ဦးစီးပါဝင္တဲ့ ထိပ္သီးေဆြးေႏြးပြဲအၿပီး UPDJC ကေန ေကအန္ယူက ႏုတ္ထြက္ခဲ့သလို အာစီအက္စ္အက္စ္အေနနဲ႔လည္း အပစ္ရပ္ပူးတြဲေစာင့္ၾကည့္ေကာ္မတီ လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေနမႈကို ရပ္နားခဲ့တဲ့အတြက္ ေတြ႕ဆုံေဆြးေႏြးပြဲေတြ ရပ္နားထားခဲ့ရတာပါ။ UPDJC ဒုဥကၠ႒ ေဒါက္တာလ်န္မႉန္းဆာေခါင္းက “အဲဒီပြဲလည္းက်ေနာ္တို႔ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္တယ္။ ေမွ်ာ္လင့္တဲ့အတိုင္း ျဖစ္လာမယ္ဆိုရင္ မၾကာခင္ တရားဝင္ေဆြးေႏြးပြဲေတြ ျပန္စေတာ့မွာ ျဖစ္တယ္”လို႔ ေျပာပါတယ္။ ေဆြးေႏြးပြဲမွာ တဆင့္ၿပီး တဆင့္တက္သြားတဲ့ပုံစံမ်ိဳးနဲ႔ နားလည္မႈရွိရွိ ေဆာင္႐ြက္သြား ၾကမယ္ဆိုရင္ အဆင္ေျပေခ်ာေမြ႕မွာျဖစ္ၿပီး အခက္အခဲေတြ မေက်ာ္လႊားႏိုင္မွာကိုပဲ စိုးရိမ္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရန္ေက်ာ္ ေျပာပါတယ္။ “အဟန႔္အတားသဖြယ္နဲ႔ ဒီဟာႀကီးက သူတို႔က သူတို႔အတြက္ အသားစီးကိုယူတာလား။ ဒီဘက္ကလည္း ဒီဘက္အသာစီးယူတာလား လားေပါင္းေျမာက္မ်ားစြာရဲ႕ၾကားမွာပဲ ဒီအခက္အခဲ ေတြက မေက်ာ္လႊားႏိုင္မွာကိုပဲ စိုးရိမ္တယ္”လို႔ ေျပာပါတယ္။ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ အၾကား ၾသဂုတ္ ၃၁ ရက္က က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံၿပီး ႏွစ္ဖက္အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ေရးထိုးခဲ့သလို တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ဆက္လက္ညႇိႏႈိင္းသြားဖို႔လည္း သေဘာတူခဲ့ၾကပါတယ္။ သတင္း- ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024