နောက်ခံလူ လာပေါ်တေး ဒဏ်ရာရသွား၍ မန်စီးတီးအသင်း ခံစစ်ပိုင်း ပြဿနာကြုံနေ

2K
မန်စီးတီးအသင်းဟာ အဓိကနောက်ခံလူ လာပေါ်တေး ဒဏ်ရာရသွားခဲ့တဲ့အတွက် ခံစစ်ပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။
ပြင်သစ်နောက်ခံလူ လာပေါ်တေးဟာ အသင်းရဲ့ခံစစ်မှာ အထူးခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရသွားခဲ့တာပါ။
ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးမှ အနားယူရမယ့်အချိန်ကို အတိအကျ ပြောပြနိုင်မှာ ဖြစ်ပေမယ့် လပိုင်းအထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းမှာ စီနီယာ နောက်ခံအတွင်းလူအဖြစ် အော်တာမန်ဒီ တဦးသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
နောက်ခံလူ ဂျွန်စတုန်းဟာလည်း ဒဏ်ရာသက်သာလာပြီ ဖြစ်ပေမယ့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။
မန်စီတီးအသင်းဟာ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ လာပေါ်တေးရဲ့နေရာမှာ ကွင်းလယ်လူ ဖာနန်ဒင်ဟိုကို ထားကစားသွားခဲ့ရတာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေနာက္ခံလူ လာေပၚေတး ဒဏ္ရာရသြား၍ မန္စီးတီးအသင္း ခံစစ္ပိုင္း ျပႆနာႀကဳံေန
မန္စီးတီးအသင္းဟာ အဓိကေနာက္ခံလူ လာေပၚေတး ဒဏ္ရာရသြားခဲ့တဲ့အတြက္ ခံစစ္ပိုင္း ျပႆနာေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိပါတယ္။
ျပင္သစ္ေနာက္ခံလူ လာေပၚေတးဟာ အသင္းရဲ႕ခံစစ္မွာ အထူးေျခစြမ္းျပသေနတဲ့ ကစားသမားျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ ပြဲစဥ္မွာ ဒူးဒဏ္ရာရသြားခဲ့တာပါ။
ဒဏ္ရာအေျခအေနကို စစ္ေဆးၿပီးမွ အနားယူရမယ့္အခ်ိန္ကို အတိအက် ေျပာျပႏိုင္မွာ ျဖစ္ေပမယ့္ လပိုင္းအထိ အနားယူရႏိုင္တယ္လို႔ သိရပါတယ္။
မန္စီးတီးအသင္းမွာ စီနီယာ ေနာက္ခံအတြင္းလူအျဖစ္ ေအာ္တာမန္ဒီ တဦးသာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။
ေနာက္ခံလူ ဂြၽန္စတုန္းဟာလည္း ဒဏ္ရာသက္သာလာၿပီ ျဖစ္ေပမယ့္ ႀကံ့ခိုင္မႈ ျပည့္ဝဖို႔ ႐ုန္းကန္ေနရပါတယ္။
မန္စီတီးအသင္းဟာ ဘ႐ိုက္တန္နဲ႔ ပြဲစဥ္မွာ ဒဏ္ရာရသြားတဲ့ လာေပၚေတးရဲ႕ေနရာမွာ ကြင္းလယ္လူ ဖာနန္ဒင္ဟိုကို ထားကစားသြားခဲ့ရတာ ျဖစ္ပါတယ္။