Home
မြန်မာသတင်း
သေဒဏ်ကျခံ မြန်မာလူငယ် ၂ ဦးအတွက် မြန်မာအစိုးရက ထိုင်းဘုရင်ထံ မေတ္တာရပ်ခံမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 2, 2019

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး လွတ်မြောက်ဖို့ အတွက် ထိုင်းဘုရင်ထံ မေတ္တာရပ်ခံ တောင်းဆိုသွားမယ်လို့ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

“ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာ တင်ပြဖို့ ရှိပါတယ်။ ထိုင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းကလည်း ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ သတ်မှတ်တဲ့ နည်းလမ်းနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။”

ဒီနေ့နေပြည်တော်မှာရှိတဲ့ အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးမှာကျင်းပတဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး အပြီး ဖြေကြားခဲ့တာပါ။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ‌သေဒဏ်ကျခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ လွတ်မြောက်ရေးအတွင် မြန်မာအစိုးရ အနေနဲ့ အရင်ကလည်း လုပ်ဆောင်ပေးနေသလို အခုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ လည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

“စဖြစ်ကတည်းကိုက နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ညွှန်ကြားချက်ရှိပါတယ်။ ဌာနကလည်းပဲ အလုပ်သမားသံအရာရှိတွေ ထိုင်းနိုင်ငံမှာရှိတဲ့ သံအမတ်ကြီးတွေ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီပေးပါတယ်။ အဆင့်လိုက်လည်း ကူညီနေပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်ဖြစ်တဲ့ ဦးဇော်ဇော်ဆိုလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းစဉ်တွေအားလုံးကို သူပဲ ကျခံပေးနေတာဖြစ်ပါတယ်။ အလားတူပဲ လွှတ်တော် ဥက္ကဋ္ဌ၊ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက ဒါကို သက်ဆိုင်ရာ ထိုင်းနိုင်ငံ အကြီးအကဲများကို မေတ္တာရပ်ခံစာတွေ ပေးပိုပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

အခုလို သေဒဏ်ပြစ်ဒဏ်ချမှတ်တာဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းအရ ဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း ဥပဒေနဲ့အညီ တင်ပြပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

သေဒဏ်ကျခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ အတွက် ဒီကနေ့မှာပဲ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုကြပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံတင်သွင်းမှု ကိုတော့ ထိုင်းနိုင်ငံအမြင့်ဆုံးဗဟိုတရားရုံးချုပ်ကနေ ပြီးခဲ့တဲ့သြဂုတ် ၂၉ရက်နေ့က ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုထားတာပါ။

အယူခံကို တရားရုံးကပယ်ချထားတာကြောင့် နောက်ဆုံးမျှော်လင့်ချက်အဖြစ် အသနားခံစာကို ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်ဆီ မေတ္တာရပ်ခံ တင်သွင်းရမှာ ဖြစ်ပါတယ်။  


ေသဒဏ္က်ခံ ျမန္မာလူငယ္ ၂ ဦးအတြက္ ျမန္မာအစိုးရက ထိုင္းဘုရင္ထံ ေမတၱာရပ္ခံမည္ ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္)

လိပ္ကြၽန္းလူသတ္မႈေၾကာင့္ ေသဒဏ္က်ခံေနရတဲ့ ျမန္မာႏိုင္ငံသား ႏွစ္ဦး လြတ္ေျမာက္ဖို႔ အတြက္ ထိုင္းဘုရင္ထံ ေမတၱာရပ္ခံ ေတာင္းဆိုသြားမယ္လို႔ အလုပ္သမား လူဝန္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။ “ထိုင္းဘုရင္မင္းျမတ္ဆီကို အသနားခံစာ တင္ျပဖို႔ ရွိပါတယ္။ ထိုင္းမွာရွိတဲ့ လူမႈအဖြဲ႕အစည္းကလည္း ေဆာင္႐ြက္ဖို႔ စီစဥ္ေနပါတယ္။ သတ္မွတ္တဲ့ နည္းလမ္းနဲ႔အညီ ဆက္လက္ေဆာင္႐ြက္ေပးသြားဖို႔ ရွိပါတယ္။” ဒီေန႔ေနျပည္ေတာ္မွာရွိတဲ့ အလုပ္သမားလူဝန္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန ႐ုံးမွာက်င္းပတဲ့ အလုပ္သမားေရးရာ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းေကာ္မတီ အစည္းအေဝး အၿပီး ေျဖၾကားခဲ့တာပါ။ ထိုင္းႏိုင္ငံေတာင္ပိုင္း လိပ္ကြၽန္းမွာ ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ပတ္သက္ၿပီး ‌ေသဒဏ္က်ခံေနရတဲ့ ကိုေဇာ္လင္းနဲ႔ ကိုဝင္းေဇာ္ထြန္းတို႔ လြတ္ေျမာက္ေရးအတြင္ ျမန္မာအစိုးရ အေနနဲ႔ အရင္ကလည္း လုပ္ေဆာင္ေပးေနသလို အခုလည္း ဆက္လက္ ေဆာင္႐ြက္ေပးသြားမယ္လို႔ လည္း ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။ “စျဖစ္ကတည္းကိုက ႏိုင္ငံေတာ္အႀကီးအကဲမ်ားကိုယ္တိုင္ ၫႊန္ၾကားခ်က္ရွိပါတယ္။ ဌာနကလည္းပဲ အလုပ္သမားသံအရာရွိေတြ ထိုင္းႏိုင္ငံမွာရွိတဲ့ သံအမတ္ႀကီးေတြ ထိုင္းႏိုင္ငံမွာရွိတဲ့ အလုပ္သမားေရးရာ အဖြဲ႕အစည္းေတြ ဝိုင္းဝန္းကူညီေပးပါတယ္။ အဆင့္လိုက္လည္း ကူညီေနပါတယ္။ ပုဂၢလိက လုပ္ငန္းရွင္ျဖစ္တဲ့ ဦးေဇာ္ေဇာ္ဆိုလည္း ဒီအမႈနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ငန္းစဥ္ေတြအားလုံးကို သူပဲ က်ခံေပးေနတာျဖစ္ပါတယ္။ အလားတူပဲ လႊတ္ေတာ္ ဥကၠ႒၊ ကိုယ္စားလွယ္ေတြ ကိုယ္တိုင္ကိုက ဒါကို သက္ဆိုင္ရာ ထိုင္းႏိုင္ငံ အႀကီးအကဲမ်ားကို ေမတၱာရပ္ခံစာေတြ ေပးပိုၿပီးေတာ့မွ ေဆာင္႐ြက္ေနပါတယ္။ ေဆာင္႐ြက္ေနဆဲလည္းျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့မွလည္း ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္” အခုလို ေသဒဏ္ျပစ္ဒဏ္ခ်မွတ္တာဟာ ထိုင္းႏိုင္ငံရဲ႕ ဥပေဒ စည္းမ်ဥ္းစည္းကမ္းအရ ျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔လည္း ဥပေဒနဲ႔အညီ တင္ျပၿပီး သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္သြားဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း ဆိုပါတယ္။ ေသဒဏ္က်ခံေနရတဲ့ ကိုေဇာ္လင္းနဲ႔ ကိုဝင္းေဇာ္ထြန္းတို႔ ျပစ္ဒဏ္ကေန လြတ္ေျမာက္ဖို႔ အတြက္ ဒီကေန႔မွာပဲ ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ အမ်ိဳးသားေရး တက္ႂကြလႈပ္ရွားသူေတြက ေတာင္းဆိုၾကပါတယ္။ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာလုပ္သားႏွစ္ဦးရဲ႕ ေနာက္ဆုံးအယူခံတင္သြင္းမႈ ကိုေတာ့ ထိုင္းႏိုင္ငံအျမင့္ဆုံးဗဟိုတရား႐ုံးခ်ဳပ္ကေန ၿပီးခဲ့တဲ့ၾသဂုတ္ ၂၉ရက္ေန႔က ပယ္ခ်ခဲ့ၿပီး ေသဒဏ္ကို အတည္ျပဳထားတာပါ။ အယူခံကို တရား႐ုံးကပယ္ခ်ထားတာေၾကာင့္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္အျဖစ္ အသနားခံစာကို ရက္ေပါင္း ၆၀ အတြင္း ထိုင္းဘုရင္ဆီ ေမတၱာရပ္ခံ တင္သြင္းရမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024