အပြောင်းအရွှေ့ အမြန်ဆုံး ပိတ်သိမ်းစေချင်ဟု စပါးနည်းပြပြော

1.2K
စပါးအသင်းနဲ့ ၅ နှစ်တာကာလအတွင်းမှာ ကစားသမားတွေ ဆက်ထိန်းထားနိုင်ဖို့ အဆိုးဆုံးအချိန် ရောက်ရှိနေတယ်လို့ နည်းပြ ပိုချက်တီနိုက ဝန်ခံပြော ကြားလိုက်ပါတယ်။
အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိရာသီအစမှာတော့ ပြဿနာတချို့နဲ့ ရင်ဆိုင်နေရတာပါ။
အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ အဲရစ်ဆင်၊ ဒယ်နီရို့စ်၊ ဝမ်ယာမာတို့ဟာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် ဆက်လက်ထိန်းထားနိုင်ဖို့ အခက်တွေ့နေရတာပါ။
ဒါ့အပြင် နောက်ခံလူတွေဖြစ်တဲ့ ဗာတွန်ဂမ်၊ အန်ဒါဝီယယ်နဲ့ ဆာဂျီအောရီယာတို့ဟာလည်း စာချုပ်သက်တမ်း ကုန်ဆုံးခါနီးအချိန်နဲ့ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အခြေအနေတွေကြောင့် အသင်းမှာ ဆက်ရှိဖို့ မရေမရာဖြစ်နေတာပါ။
ဒါကြောင့် အပြောင်းအရွှေ့အမြန်ဆုံး ပိတ်သိမ်းဖို့ စပါးနည်းပြ ပိုချက်တီနိုက ဆန္ဒရှိနေတာပါ။
ဥရောပအသင်းတွေရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ တနင်္လာနေ့ ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။
အသင်းရဲ့ အခြေအနေက စိုးရိမ်စရာတွေရှိနေပြီး ၅ နှစ်အတွင်းမှာ အဆိုးဆုံး အချိန်ကာလဖြစ်ကြောင်းနဲ့ အပြောင်းအရွှေ့ ပိတ်သိမ်းသွားတဲ့အချိန်မှာတော့ ပါတီပေးပြီးတောင် အောင်ပွဲခံသွားမယ်လို့ နည်းပြ ပိုချက်တီနိုက ဆိုခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အေျပာင္းအေ႐ႊ႕ အျမန္ဆုံး ပိတ္သိမ္းေစခ်င္ဟု စပါးနည္းျပေျပာ
စပါးအသင္းနဲ႔ ၅ ႏွစ္တာကာလအတြင္းမွာ ကစားသမားေတြ ဆက္ထိန္းထားႏိုင္ဖို႔ အဆိုးဆုံးအခ်ိန္ ေရာက္ရွိေနတယ္လို႔ နည္းျပ ပိုခ်က္တီႏိုက ဝန္ခံေျပာ ၾကားလိုက္ပါတယ္။
အာဂ်င္တီးနားနည္းျပ ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ လက္ရွိရာသီအစမွာေတာ့ ျပႆနာတခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရတာပါ။
အသင္းရဲ႕ အဓိကကစားသမားေတြ ျဖစ္တဲ့ အဲရစ္ဆင္၊ ဒယ္နီ႐ို႕စ္၊ ဝမ္ယာမာတို႔ဟာ အသင္းကေန ထြက္ခြာဖို႔ ရွိေနတာေၾကာင့္ ဆက္လက္ထိန္းထားႏိုင္ဖို႔ အခက္ေတြ႕ေနရတာပါ။
ဒါ့အျပင္ ေနာက္ခံလူေတြျဖစ္တဲ့ ဗာတြန္ဂမ္၊ အန္ဒါဝီယယ္နဲ႔ ဆာဂ်ီေအာရီယာတို႔ဟာလည္း စာခ်ဳပ္သက္တမ္း ကုန္ဆုံးခါနီးအခ်ိန္နဲ႔ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ အေျခအေနေတြေၾကာင့္ အသင္းမွာ ဆက္ရွိဖို႔ မေရမရာျဖစ္ေနတာပါ။
ဒါေၾကာင့္ အေျပာင္းအေ႐ႊ႕အျမန္ဆုံး ပိတ္သိမ္းဖို႔ စပါးနည္းျပ ပိုခ်က္တီႏိုက ဆႏၵရွိေနတာပါ။
ဥေရာပအသင္းေတြရဲ႕ အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ တနလၤာေန႔ ၿဗိတိန္စံေတာ္ခ်ိန္ ညေန ၅ နာရီ ပိတ္သိမ္းမွာ ျဖစ္ပါတယ္။
အသင္းရဲ႕ အေျခအေနက စိုးရိမ္စရာေတြရွိေနၿပီး ၅ ႏွစ္အတြင္းမွာ အဆိုးဆုံး အခ်ိန္ကာလျဖစ္ေၾကာင္းနဲ႔ အေျပာင္းအေ႐ႊ႕ ပိတ္သိမ္းသြားတဲ့အခ်ိန္မွာေတာ့ ပါတီေပးၿပီးေတာင္ ေအာင္ပြဲခံသြားမယ္လို႔ နည္းျပ ပိုခ်က္တီႏိုက ဆိုခဲ့ပါတယ္။