Home
Lead Story
ကျွဲနှစ်ကောင် ခတ်ပွဲကြားက မြေစာပင်လေးများ (အယ်ဒီတာအာဘော်) 
DVB
·
September 2, 2019
ပြည်တွင်းစစ်ဖြစ်နေသော မည်သည့်နိုင်ငံမဆို ကြေကွဲဖွယ် ဖြစ်ရပ်များကို ကြုံတွေ့ကြရစမြဲပင်။ မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းစစ် ရှည်ကြာသောနိုင်ငံများတွင် ဆိုဖွယ်ရာမရှိ။ အချိန်တိုင်း၌ ကြေကွဲဖွယ် အဆုံးသတ်များကို မကြားချင်အဆုံး ကြားနေရသည်။ စစ်ဖြစ်ပွားရာ ဒေသများအတွင်း ရောက်ရှိနေသော ဒေသခံလူထုအတွက်မူ အနိမ့်ဆုံး လူ့အခွင့်အရေးတော့ ဆုံးရှုံးကြရစမြဲပင်။ ပေါ်တာဆွဲခံရခြင်း၊ ဆက်ကြေးငွေမှ အစ အိမ်မွေးတိရစ္ဆာန် အဆုံး အားလုံး ဆုံးရှုံးခဲ့ရသည်ပင်။ အဆိုးဆုံးမှာ အနာဂတ်ကို အသေသတ်နေကြခြင်းပင်။  ဖြစ်ရပ်တို့က ထူးကဲလွန်းသည်။ ကျိုင်းတုံ၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် NRPC ကိုယ်စားလှယ်အဖွဲ့တို့ ပဏာမအပစ်ရပ်စာချုပ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် နှစ်ဖက်သောပုဂ္ဂိုလ်ကြီးများမှာ ဝံပုလွေအပြုံးကိုယ်စီဖြင့် စကားဆိုခဲ့ကြသည်။ ဖြောင့်တော့ မဖြောင့်၊ ကွေ့ကောက်နေကြဆဲ။ ဝံပုလွေအပြုံးများကား ဝေဆာနေခဲ့သည်။ ယမ်းငွေ့တို့ကား မပြယ်သေးပေ။ ဆွေးနွေးပွဲမစတင်မီ နံနက် ၆ နာရီခန့်ကတည်းက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဝရုန်းသုန်းကား ပြေးကြလွှားကြ အော်သံဟစ်သံ၊ သေနတ်သံ၊ လက်နက်ကြီး လက်နက်ငယ် ပေါက်ကွဲသံတို့ ကွတ်ခိုင်တမြို့လုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။ ပီကာဆို၏ ဂွါရာနီကာ ပန်းချီတချပ်ထက် ပိုဆိုးလိမ့်မည် ထင်သည်။ မှတ်မှတ်ရရ ၂၀၁၉ ဩဂုတ် ၃၁ ရက်။ ပြည်သူအားလုံး မျှော်လင့်ခဲ့ကြသည်။ သည်တချီတော့ ငြိမ်းချမ်းရေး အဆင်ပြေကောင်းပါရဲ့ဟုပင် တီးတိုးဆို သက်မချခဲ့ကြသည်။ သက်မပင် ရဲရဲမချရမီအတွင်း အဆိုပါ ကွတ်ခိုင်စစ်ရေးသတင်းတို့ လူမှုကွန်ရက်မှတဆင့် လူထုထံ ပြန့်လာခဲ့သည်။ ၁၁ နာရီ ၁၀ မိနစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစပြုချိန်နှင့် ချိန်ကိုက်ထားလေသလားဟုပင် ထင်ရလောက်သည်။ ကွတ်ခိုင်မြို့နယ် မော်ဟစ်စုစည်းကျေးရွာရှိ အိမ်တအိမ်ပေါ်သို့ လက်နက်ကြီးကျည်တခု ကျရောက်ပေါက်ကွဲပြီး ၁ နှစ်အရွယ် ကလေးငယ်နှင့် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။ ဆွေးနွေးပွဲကတော့ ပျက်မသွားခဲ့ပေ။ ဝံပုလွေပြုံးတို့ကား တောက်ပနေဆဲပင်။ မည်သူ ပစ်သလဲ။ မည်သူက တာဝန်ခံမလဲ။ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့သော မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမှ ဤကိစ္စကို ဖြေရှင်းနိုင်မည် မဟုတ်။ အမှန်ဆိုလျှင် ကျည်လာရာလမ်းသည် အဖြေတခု ဖြစ်နိုင်သော်လည်း မည်သူမျှ ကျည်လာရာလမ်းကို ထည့်မပြောကြ။ အသုံးပြုရာ ပစ္စည်းတခုတည်းကိုသာ ပြော၍ ပြဿနာမှ ရှောင်လွှဲခဲ့ကြသည်။ မိမိတို့ အမှားကို ဝန်မခံရဲကြပေ။ တာဝန်ယူမှု၊ တာဝန်ခံမှုစကားကို အကြောင်းမဲ့ ပြောနေကြခြင်း မဟုတ်။ ကျွဲတကောင်၏ တာဝန်ခံမှုလောက်ပင် သတ္တိမရှိကြ။ သတ္တိမရှိသူတို့ တိုက်ပွဲတွင် ပြည်သူသာလျှင် မြေစာပင် ဖြစ်ရမြဲ။ ကောက်ကျစ်ယုတ်မာသူတို့ကြားတွင် အဖြောင့်သမား၊ ရိုးသားသူတို့ ခံကြရမြဲပင် မဟုတ်ပါလော။ တာဝန်ခံမှု၊ တာဝန်ယူမှုကို ပြောလျှင် “ကျွဲပါးစောင်းတီး” ဆိုသကဲ့သို့ နားပင်းနေဦးမည်သာ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုလျှင်လည်း ၎င်းတို့ လုပ်ဆောင်ချက်မှာ “နကန်မရှိသော ကျွဲနှစ်ကောင်”ကို မောင်းနှင်နေရသည်ထက် မပို။ ရှေ့လည်းမတိုး၊ နောက်လည်း မဆုတ်နိုင်သော ဖြစ်ရပ်ပင်။ ငြိမ်းချမ်းရေးအပေါ်တွင် ဤဖြစ်ရပ်များကြောင့် လူထု ယုံကြည်မှု ကျဆင်းလာခဲ့သည်မှာလည်း အမှန်ပင်။ သို့ရာတွင် နကန်မရှိသော ကျွဲနှစ်ကောင်ကား ဦးချိုအားကိုးဖြင့် အခတ်မပျက်ကြ။ ရန်စောင်မြဲ ရန်စောင်ဆဲပင်။ လက်နက် အားကိုးဖြင့် ကိုယ်ကျိုးရှာ စစ်တိုက်နေသူတို့ကို ရှေးမြန်မာပညာရှိကြီးများက “ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေစာပင်” ဟု ဆိုကာ ကျွဲဖြင့် တင်စားခဲ့သည်။ လူထုမှာမူ မြေစာပင်။ အလွန်သင့်လျေော်သော ခိုင်းနှိုင်းမှုပင်။ မည်သို့ပင်ပြောနေသော်လည်း စည်းမရှိကမ်းမရှိ နကန်မရှိသော ကျွဲနှစ်ကောင်ကြားတွင် အပြစ်မဲ့ ပြည်သူတို့ ဆက်၍ မြေစာပင် ဖြစ်နေဦးမည်သာ  ဖြစ်ပေတော့သတည်း။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကြၽဲႏွစ္ေကာင္ ခတ္ပြဲၾကားက ေျမစာပင္ေလးမ်ား (အယ္ဒီတာအာေဘာ္)  ျပည္တြင္းစစ္ျဖစ္ေနေသာ မည္သည့္ႏိုင္ငံမဆို ေၾကကြဲဖြယ္ ျဖစ္ရပ္မ်ားကို ႀကဳံေတြ႕ၾကရစၿမဲပင္။ ျမန္မာႏိုင္ငံကဲ့သို႔ ျပည္တြင္းစစ္ ရွည္ၾကာေသာႏိုင္ငံမ်ားတြင္ ဆိုဖြယ္ရာမရွိ။ အခ်ိန္တိုင္း၌ ေၾကကြဲဖြယ္ အဆုံးသတ္မ်ားကို မၾကားခ်င္အဆုံး ၾကားေနရသည္။ စစ္ျဖစ္ပြားရာ ေဒသမ်ားအတြင္း ေရာက္ရွိေနေသာ ေဒသခံလူထုအတြက္မူ အနိမ့္ဆုံး လူ႔အခြင့္အေရးေတာ့ ဆုံးရႈံးၾကရစၿမဲပင္။ ေပၚတာဆြဲခံရျခင္း၊ ဆက္ေၾကးေငြမွ အစ အိမ္ေမြးတိရစာၦန္ အဆုံး အားလုံး ဆုံးရႈံးခဲ့ရသည္ပင္။ အဆိုးဆုံးမွာ အနာဂတ္ကို အေသသတ္ေနၾကျခင္းပင္။ ျဖစ္ရပ္တို႔က ထူးကဲလြန္းသည္။ က်ိဳင္းတုံ၌ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ႏွင့္ NRPC ကိုယ္စားလွယ္အဖြဲ႕တို႔ ပဏာမအပစ္ရပ္စာခ်ဳပ္အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ က်င္းပခဲ့ၾကသည္။ ထိုပြဲတြင္ ႏွစ္ဖက္ေသာပုဂၢိဳလ္ႀကီးမ်ားမွာ ဝံပုေလြအၿပဳံးကိုယ္စီျဖင့္ စကားဆိုခဲ့ၾကသည္။ ေျဖာင့္ေတာ့ မေျဖာင့္၊ ေကြ႕ေကာက္ေနၾကဆဲ။ ဝံပုေလြအၿပဳံးမ်ားကား ေဝဆာေနခဲ့သည္။ ယမ္းေငြ႕တို႔ကား မျပယ္ေသးေပ။ ေဆြးေႏြးပြဲမစတင္မီ နံနက္ ၆ နာရီခန႔္ကတည္းက ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ေပၚတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။ ဝ႐ုန္းသုန္းကား ေျပးၾကလႊားၾက ေအာ္သံဟစ္သံ၊ ေသနတ္သံ၊ လက္နက္ႀကီး လက္နက္ငယ္ ေပါက္ကြဲသံတို႔ ကြတ္ခိုင္တၿမိဳ႕လုံး ဆူညံပြက္ေလာ႐ိုက္သြားခဲ့သည္။ ပီကာဆို၏ ဂြါရာနီကာ ပန္းခ်ီတခ်ပ္ထက္ ပိုဆိုးလိမ့္မည္ ထင္သည္။ မွတ္မွတ္ရရ ၂၀၁၉ ဩဂုတ္ ၃၁ ရက္။ ျပည္သူအားလုံး ေမွ်ာ္လင့္ခဲ့ၾကသည္။ သည္တခ်ီေတာ့ ၿငိမ္းခ်မ္းေရး အဆင္ေျပေကာင္းပါရဲ႕ဟုပင္ တီးတိုးဆို သက္မခ်ခဲ့ၾကသည္။ သက္မပင္ ရဲရဲမခ်ရမီအတြင္း အဆိုပါ ကြတ္ခိုင္စစ္ေရးသတင္းတို႔ လူမႈကြန္ရက္မွတဆင့္ လူထုထံ ျပန႔္လာခဲ့သည္။ ၁၁ နာရီ ၁၀ မိနစ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အစျပဳခ်ိန္ႏွင့္ ခ်ိန္ကိုက္ထားေလသလားဟုပင္ ထင္ရေလာက္သည္။ ကြတ္ခိုင္ၿမိဳ႕နယ္ ေမာ္ဟစ္စုစည္းေက်း႐ြာရွိ အိမ္တအိမ္ေပၚသို႔ လက္နက္ႀကီးက်ည္တခု က်ေရာက္ေပါက္ကြဲၿပီး ၁ ႏွစ္အ႐ြယ္ ကေလးငယ္ႏွင့္ ၈ ႏွစ္အ႐ြယ္ ကေလးငယ္ႏွစ္ဦး အပါအဝင္ စုစုေပါင္း ၅ ဦး ေသဆုံးၿပီး ၃ ဦး ဒဏ္ရာရခဲ့သည္။ ေဆြးေႏြးပြဲကေတာ့ ပ်က္မသြားခဲ့ေပ။ ဝံပုေလြၿပဳံးတို႔ကား ေတာက္ပေနဆဲပင္။ မည္သူ ပစ္သလဲ။ မည္သူက တာဝန္ခံမလဲ။ တာဝန္ယူမႈ တာဝန္ခံမႈ ကင္းမဲ့ေသာ မည္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းကမွ ဤကိစၥကို ေျဖရွင္းႏိုင္မည္ မဟုတ္။ အမွန္ဆိုလွ်င္ က်ည္လာရာလမ္းသည္ အေျဖတခု ျဖစ္ႏိုင္ေသာ္လည္း မည္သူမွ် က်ည္လာရာလမ္းကို ထည့္မေျပာၾက။ အသုံးျပဳရာ ပစၥည္းတခုတည္းကိုသာ ေျပာ၍ ျပႆနာမွ ေရွာင္လႊဲခဲ့ၾကသည္။ မိမိတို႔ အမွားကို ဝန္မခံရဲၾကေပ။ တာဝန္ယူမႈ၊ တာဝန္ခံမႈစကားကို အေၾကာင္းမဲ့ ေျပာေနၾကျခင္း မဟုတ္။ ကြၽဲတေကာင္၏ တာဝန္ခံမႈေလာက္ပင္ သတၱိမရွိၾက။ သတၱိမရွိသူတို႔ တိုက္ပြဲတြင္ ျပည္သူသာလွ်င္ ေျမစာပင္ ျဖစ္ရၿမဲ။ ေကာက္က်စ္ယုတ္မာသူတို႔ၾကားတြင္ အေျဖာင့္သမား၊ ႐ိုးသားသူတို႔ ခံၾကရၿမဲပင္ မဟုတ္ပါေလာ။ တာဝန္ခံမႈ၊ တာဝန္ယူမႈကို ေျပာလွ်င္ “ကြၽဲပါးေစာင္းတီး” ဆိုသကဲ့သို႔ နားပင္းေနဦးမည္သာ ျဖစ္သည္။ ျပည္တြင္း ၿငိမ္းခ်မ္းေရးဆိုလွ်င္လည္း ၎တို႔ လုပ္ေဆာင္ခ်က္မွာ “နကန္မရွိေသာ ကြၽဲႏွစ္ေကာင္”ကို ေမာင္းႏွင္ေနရသည္ထက္ မပို။ ေရွ႕လည္းမတိုး၊ ေနာက္လည္း မဆုတ္ႏိုင္ေသာ ျဖစ္ရပ္ပင္။ ၿငိမ္းခ်မ္းေရးအေပၚတြင္ ဤျဖစ္ရပ္မ်ားေၾကာင့္ လူထု ယုံၾကည္မႈ က်ဆင္းလာခဲ့သည္မွာလည္း အမွန္ပင္။ သို႔ရာတြင္ နကန္မရွိေသာ ကြၽဲႏွစ္ေကာင္ကား ဦးခ်ိဳအားကိုးျဖင့္ အခတ္မပ်က္ၾက။ ရန္ေစာင္ၿမဲ ရန္ေစာင္ဆဲပင္။ လက္နက္ အားကိုးျဖင့္ ကိုယ္က်ိဳးရွာ စစ္တိုက္ေနသူတို႔ကို ေရွးျမန္မာပညာရွိႀကီးမ်ားက “ကြၽဲႏွစ္ေကာင္ ခတ္တဲ့ၾကားက ေျမစာပင္” ဟု ဆိုကာ ကြၽဲျဖင့္ တင္စားခဲ့သည္။ လူထုမွာမူ ေျမစာပင္။ အလြန္သင့္ေလ်ော္ေသာ ခိုင္းႏႈိင္းမႈပင္။ မည္သို႔ပင္ေျပာေနေသာ္လည္း စည္းမရွိကမ္းမရွိ နကန္မရွိေသာ ကြၽဲႏွစ္ေကာင္ၾကားတြင္ အျပစ္မဲ့ ျပည္သူတို႔ ဆက္၍ ေျမစာပင္ ျဖစ္ေနဦးမည္သာ  ျဖစ္ေပေတာ့သတည္း။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024