အာဆင်နယ်နှင့် ပွဲပြီးခါနီး ပင်နယ်တီ ရခဲ့သင့်ဟု ဟယ်ရီကိန်းပြော

1.3K
အာဆင်နယ်အသင်းနဲ့ ပွဲပြီးခါနီးမှာ ပင်နယ်တီရခဲ့သင့်တယ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ ပွဲစဉ်မှာတော့ တဖက် ၂ ဂိုးစီ သရေကျခဲ့တာပါ။
ပွဲကစားချိန် ပြီးခါနီးမှာ အာဆင်နယ် နောက်ခံလူ ဆိုကရားတစ် ဟယ်ရီကိန်းကို ပင်နယ်တီဧရိယာထဲ မှာ တွန်းခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ဟယ်ရီကိန်းကတော့ အဲဒီလို တွန်းလိုက်မူအတွက် ပင်နယ်တီရခဲ့သင့်ပြီး မိမိဟာ ဟန်ဆောက်လဲချတတ်တဲ့ သူမဟုတ်ကြောင်းလည်း ဆိုသွားပါတယ်။
ဒါပေမယ့် အဲဒီပွဲစဉ်ကို ဝေဖန်သုံးသပ်သူတွေအဖြစ် တင်ဆက်ခဲ့ကြတဲ့ ဂရေမီ ဆောင်းနက်စ်၊ ရက်ဒ်နက်ပ်နဲ့ မော်ရင်ညိုတိုကတော့ ပင်နယ်တီပေးရမယ့် အခြေအနေ မဟုတ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ဆိုကရားတစ်ဟာ ဟယ်ရီကိန်းကို တွန်းသလိုဖြစ်ခဲ့လို့ ပင်နယ်တီပေးရမယ့် အခြေအနေ ဖြစ်ခဲ့ပေမယ့် ဟယ်ရီကိန်းက လဲကျဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီး အဲဒီလို လဲကျနိုင်လောက်တဲ့အထိ တွန်းထိုးမှု မဟုတ်ကြောင်း ဂရေမီဆောင်း နက်စ်က သုံးသပ်ခဲ့ပါတယ်။
မော်ရင်ဟိုကတော့ VAR နဲ့သာ ပြန်မစစ်ဆေးဘူးဆိုရင် ပင်နယ်တီမပေးသင့်ဘူး ဆိုပေမယ့်လည်း VAR နဲ့ ပြန်ကြည့်တဲ့အခါမှာတော့ ပင်နယ်တီ ပေးလိုက်မယ် ဆိုရင်လည်း အံ့အားသင့်မှာ မဟုတ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အာဆင္နယ္ႏွင့္ ပြဲၿပီးခါနီး ပင္နယ္တီ ရခဲ့သင့္ဟု ဟယ္ရီကိန္းေျပာ
အာဆင္နယ္အသင္းနဲ႔ ပြဲၿပီးခါနီးမွာ ပင္နယ္တီရခဲ့သင့္တယ္လို႔ တိုက္စစ္မႉး ဟယ္ရီကိန္းက ေျပာပါတယ္။
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ စပါးအသင္းတို႔ ပြဲစဥ္မွာေတာ့ တဖက္ ၂ ဂိုးစီ သေရက်ခဲ့တာပါ။
ပြဲကစားခ်ိန္ ၿပီးခါနီးမွာ အာဆင္နယ္ ေနာက္ခံလူ ဆိုကရားတစ္ ဟယ္ရီကိန္းကို ပင္နယ္တီဧရိယာထဲ မွာ တြန္းခဲ့တာျဖစ္ၿပီး ဒိုင္လူႀကီးက ပင္နယ္တီေပးဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။
ဟယ္ရီကိန္းကေတာ့ အဲဒီလို တြန္းလိုက္မူအတြက္ ပင္နယ္တီရခဲ့သင့္ၿပီး မိမိဟာ ဟန္ေဆာက္လဲခ်တတ္တဲ့ သူမဟုတ္ေၾကာင္းလည္း ဆိုသြားပါတယ္။
ဒါေပမယ့္ အဲဒီပြဲစဥ္ကို ေဝဖန္သုံးသပ္သူေတြအျဖစ္ တင္ဆက္ခဲ့ၾကတဲ့ ဂေရမီ ေဆာင္းနက္စ္၊ ရက္ဒ္နက္ပ္နဲ႔ ေမာ္ရင္ညိဳတိုကေတာ့ ပင္နယ္တီေပးရမယ့္ အေျခအေန မဟုတ္ေၾကာင္း သုံးသပ္ခဲ့ပါတယ္။
ဆိုကရားတစ္ဟာ ဟယ္ရီကိန္းကို တြန္းသလိုျဖစ္ခဲ့လို႔ ပင္နယ္တီေပးရမယ့္ အေျခအေန ျဖစ္ခဲ့ေပမယ့္ ဟယ္ရီကိန္းက လဲက်ဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီး အဲဒီလို လဲက်ႏိုင္ေလာက္တဲ့အထိ တြန္းထိုးမႈ မဟုတ္ေၾကာင္း ဂေရမီေဆာင္း နက္စ္က သုံးသပ္ခဲ့ပါတယ္။
ေမာ္ရင္ဟိုကေတာ့ VAR နဲ႔သာ ျပန္မစစ္ေဆးဘူးဆိုရင္ ပင္နယ္တီမေပးသင့္ဘူး ဆိုေပမယ့္လည္း VAR နဲ႔ ျပန္ၾကည့္တဲ့အခါမွာေတာ့ ပင္နယ္တီ ေပးလိုက္မယ္ ဆိုရင္လည္း အံ့အားသင့္မွာ မဟုတ္ေၾကာင္း သုံးသပ္ခဲ့ပါတယ္။