ဟူသီသူပုန် စစ်အခြေစိုက်စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့ဟု ဆော်ဒီပြော

photo : reuters
ယီမင်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ စစ်အခြေစိုက်စခန်းကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။ အဲဒီလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အကျဉ်းထောင်တခု ထိမှန်ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ သေဆုံးခဲ့တယ်လို့ ဟူသီသူပုန်တွေ ဦးစီးတဲ့ အယ်လ်မာဆီရာဟ် ရုပ်သံသတင်းဌာနက ပြောပါတယ်။  ဒါပေမဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ ဒါဟ်မာမြို့က ဒရုန်းတွေနဲ့ ဒုံးကျည်တွေ သိုလှောင်ထားတဲ့ နေရာတခုကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။ လေကြောင်းကနေ ၆ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒါဟ်မာမြို့ရဲ့ အချုပ်ခန်းအဖြစ် သုံးနေတဲ့ အဆောက်အအုံတခုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အကျဉ်းထောင် အဆောက်အအုံရဲ့ အပျက်အစီးတွေအောက်ကနေ အလောင်းအရေအတွက် ၆၀ ကို ကယ်ထုတ်ခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိက ပြောပါတယ်။ ဒါဟ်မာမြို့က အဲဒီအကျဉ်းထောင်မှာ စုစုပေါင်း အကျဥ်းသား အယောက် ၁၇၀ ကို ထိန်းသိမ်းထားတယ်လို့ ဟူသီအဖွဲ့ရဲ့ အကျဉ်းသားရေးရာ အမျိုးသားကော်မတီ အကြီးအကဲက ပြောပါတယ်။ ယီမင်နိုင်ငံမှာ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ ယီမင်အစိုးရတို့ဟာ ဟူသီသူပုန်တွေကို တိုက်နေတာ လေးနှစ် ကြာပါပြီ။ ဟူသီတွေဟာ ၂၀၁၄ နှောင်းပိုင်းကတည်းက နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ယီမင်အစိုးရကို တိုက်ထုတ်ပြီး  မြို့တော်ဆာနာကို သိမ်းပိုက်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဟူသီသူပုန္ စစ္အေျခစိုက္စခန္းကို ေလေၾကာင္းတိုက္ခိုက္ခဲ့ဟု ေဆာ္ဒီေျပာ ယီမင္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာရွိတဲ့ ဟူသီသူပုန္ေတြရဲ႕ စစ္အေျခစိုက္စခန္းကို ေလေၾကာင္းကေန ပစ္မွတ္ထား တိုက္ခိုက္ခဲ့တယ္လို႔ ေဆာ္ဒီဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႕က စက္တင္ဘာ ၁ ရက္ေန႔မွာ ေျပာပါတယ္။ အဲဒီေလေၾကာင္း တိုက္ခိုက္မႈေတြေၾကာင့္ အက်ဥ္းေထာင္တခု ထိမွန္ၿပီး ဒါဇင္နဲ႔ခ်ီတဲ့ လူေတြ ေသဆုံးခဲ့တယ္လို႔ ဟူသီသူပုန္ေတြ ဦးစီးတဲ့ အယ္လ္မာဆီရာဟ္ ႐ုပ္သံသတင္းဌာနက ေျပာပါတယ္။ ဒါေပမဲ့ ေဆာ္ဒီ ဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႕ကေတာ့ သူတို႔ရဲ႕ တိုက္ခိုက္မႈေတြဟာ ဒါဟ္မာၿမိဳ႕က ဒ႐ုန္းေတြနဲ႔ ဒုံးက်ည္ေတြ သိုေလွာင္ထားတဲ့ ေနရာတခုကို ဖ်က္ဆီးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာပါတယ္။ ေလေၾကာင္းကေန ၆ ႀကိမ္ တိုက္ခိုက္ခဲ့ၿပီး ဒါဟ္မာၿမိဳ႕ရဲ႕ အခ်ဳပ္ခန္းအျဖစ္ သုံးေနတဲ့ အေဆာက္အအုံတခုလည္း ထိမွန္ခဲ့တယ္လို႔ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ အက်ဥ္းေထာင္ အေဆာက္အအုံရဲ႕ အပ်က္အစီးေတြေအာက္ကေန အေလာင္းအေရအတြက္ ၆၀ ကို ကယ္ထုတ္ခဲ့တယ္လို႔ ဟူသီအဖြဲ႕ရဲ႕ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရအရာရွိက ေျပာပါတယ္။ ဒါဟ္မာၿမိဳ႕က အဲဒီအက်ဥ္းေထာင္မွာ စုစုေပါင္း အက်ဥ္းသား အေယာက္ ၁၇၀ ကို ထိန္းသိမ္းထားတယ္လို႔ ဟူသီအဖြဲ႕ရဲ႕ အက်ဥ္းသားေရးရာ အမ်ိဳးသားေကာ္မတီ အႀကီးအကဲက ေျပာပါတယ္။ ယီမင္ႏိုင္ငံမွာ ေဆာ္ဒီ ဦးေဆာင္တဲ့ ၫြန႔္ေပါင္းအဖြဲ႕နဲ႔ ယီမင္အစိုးရတို႔ဟာ ဟူသီသူပုန္ေတြကို တိုက္ေနတာ ေလးႏွစ္ ၾကာပါၿပီ။ ဟူသီေတြဟာ ၂၀၁၄ ေႏွာင္းပိုင္းကတည္းက ႏိုင္ငံတကာ အသိအမွတ္ျပဳတဲ့ ယီမင္အစိုးရကို တိုက္ထုတ္ၿပီး  ၿမိဳ႕ေတာ္ဆာနာကို သိမ္းပိုက္ထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up