အိန္ဒိယ လက်လီဈေးကွက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေး
DVB
·
December 18, 2012
ဒီလအစောပိုင်းမှာပဲ အိန္ဒိယပါလီမန်ကနေ ‘လက်လီဈေးကွက်ထဲကို နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကိုလက်ခံဖို့’ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေကတော့ ဒီဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုနေတုန်းပါပဲ။
အမေရိကန်အခြေစိုက် လက်လီကုန်တိုက်ကြီးဖြစ်တဲ့ ဝေါမက်ခ်ကလည်း အိန္ဒိယဈေးကွက်ကို ၀င်ခွင့်ရဖို့ ငွေကြေးအရင်းအနှီးတွေ အမြောက်အမြား စိုက်ထုတ်ခဲ့ရတယ်လို့ ဆိုနေတာကြောင့် ဒီကိစ္စကို စုံစမ်းဖို့ကို အငြိမ်းစား တရားသူကြီးတယောက်ကို အစိုးရက တာဝန်ပေးလိုက်ပါတယ်။
ဒါပေမယ့် အိန္ဒိယ လက်လီကုန်သည်တွေကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအပေါ် ဆိုးဆိုးရွားရွားထိခိုက်စေမှာဖြစ်လို့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမယ်လို့ ဆိုနေပါတယ်။
ဒီအကြောင်း ဘစ္စမေလာ ဂီလန်နီက နယူးဒေလီကနေ သတင်းဆောင်းပါး ပေးပို့ထားပါတယ်။ မယုယမိုးက တင်ဆက်ထားပါတယ်။