Live
Home
ရုပ်သံ
လက် ၂ဘက်မပါပေမယ့် ခြင်းခတ်အစွမ်းပြပြီး Myanmar’s Got Talent ဖိုင်နယ်အဆင့်တက်လှမ်း နိုင်ခဲ့သူ(ရုပ်သံ)
DVB
·
September 2, 2019
လူတိုင်းမှာ မွေးရာပါ အရည်အသွေးကိုယ်စီရှိကြပေမယ့် တချို့သော အရာတွေကတော့ လေ့ကျင့်မှုနဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်တဲ့ ဇွဲက ဦးဆောင်မှသာ အခြေအနေတခုထိ ရောက်ရှိ နိုင်မှာ ဖြစ်ပါတယ်။ လတ်တလောကျင်းပနေတဲ့ Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တော့ လက် ၂ ဘက်မပါပဲ ခြင်းခတ်အစွမ်းပြသွားနိုင်တဲ့ စွမ်းဆောင်နိုင်သူတဦးကို ပရိ သတ်တွေက ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။ မော်လမြိုင်မြို့မှ လာရောက်ယှဉ်ပြိုင်တဲ့ မင်းမြတ်ကတော့ ပြိုင်ပွဲဝင်တွေကြား ထူးခြားတဲ့ အစွမ်းပြမှုတွေနဲ့ ပရိသတ်မဲအများဆုံးရရှိခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်တဲ့ တဦးတည်းသော ပြိုင်ပွဲဝင် ဖြစ်ခဲ့တာပါ။ မနေ့က ညပိုင်းမှာ ကျင်းပခဲ့တဲ့ Myanmar’s Got Talent ရဲ့ ဆီမီးဖိုင်နယ်အ ဆင့်မှာတော့ မင်းမြတ်နဲ့အတူ Feng Yi အဖွဲ့၊ နေမျိုး စည်သူစိုး၊ Dark Spirit ၊ Kreem နဲ့ ဟန်မှူးသော်စတဲ့ ပြိုင်ပွဲဝင်အသီးသီးရဲ့ ဆန်းပြားတဲ့ အက၊ မျက်လှည့် ပညာစွမ်း၊ ပါးစပ်ဆိုင်းတီး၊ ဟိန္ဒူရိုးရာအကစတဲ့ မတူကွဲပြားတဲ့ ယှဉ်ပြိုင်မှုတွေ၊ အစွမ်းပြကွက်တွေနဲ့ အတူ အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ အားလုံးထဲမှာ မင်းမြတ်ရဲ့ ယှဉ်ပြိုင်မှုကတော့ ဒိုင်တွေကိုသာမက ကြည့်ရှု အားပေးနေကြတဲ့ ပရိသတ်တွေကိုပါ အံ့သားသင့် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရ တာပါ။ သူ့ရဲ့ထူးခြားအရည်အချင်းကတော့ ခြင်းလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ခတ်ပြနိုင် ပြီး အလှပြအစွမ်းပြတဲ့ အကွက်တွေအပြင် ခြင်းလုံးမှစ တခြားသေးငယ်တဲ့ သစ်သီးတွေ၊ ပင်ပေါင်လုံးအရွယ်၊ ဂေါ်လီလုံးအရွယ်စတဲ့ အရာတွေအထိ အစွမ်းပြခြင်းခတ် အစွမ်းပြသနိုင်တာပဲ ဖြစ်ပါတယ်။ အခုနှစ် ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ် အမှတ်ပေး ကြတာ ဖြစ်ပါတယ်။ မျက်တောင်မခတ်စတမ်း သူ့ရဲ့ လှုပ်ရှားအစွမ်းပြ ယှဉ်ပြိုင်မှုအပြီးမှာတော့ ဒိုင် တွေက ချီးကျူးမှတ်ချက်စကားတွေ ပြောခဲ့ကြတာပါ။ ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေပေးတဲ့ Voting နဲ့ နောက်ဆုံး ဖိုင်နယ်အဆင့် တက်ရောက်နိုင်သူတွေကို ကြေညာမယ့် အချိန်ရောက်ရှိ လာခဲ့ပါတယ်။ မင်းမြတ်ကတော့ ပရိသတ်ပေးတဲ့ မဲနဲ့ Top 3 စာရင်းထဲမှာ ပထမဆုံး ကြေ ညာပြီး ပါဝင်သွားခဲ့ပြီး Feng Yi အဖွဲ့နဲ့ Kreem တို့ကလည်း ပါဝင်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ Top 3 ထဲက ၂ ဖွဲ့ကသာ နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး Voting အများဆုံးနဲ့ မင်းမြတ်က ပြိုင်ဘက်မရှိ တက်ရောက် နိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ Feng Yi အဖွဲ့နဲ့ Kreem တို့ထဲမှ တဖွဲ့ကသာ နောက်အဆုံးအဆင့် ဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ဒိုင် ၄ ဦးက မဲပေးရွေးချယ်ကြရတာပါ။ တကယ်လို့များ ဒိုင်တွေပေးတဲ့ မဲအရ ရမှတ်တူညီနေရင်တော့ ပရိသတ်ပေးတဲ့ မဲ အရေအတွက်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ သူတို့ ၂ ဖွဲ့ကို ဒိုင်တွေက မဲပေးချိန်မှာတော့ မိဘမဲ့ ကလေးတွေကို ရည်ညွှန်းတဲ့ ကလေးကောက်တဲ့ Feng Yi ခြင်္သေ့အဖွဲ့က မောင်သီ၊ မို့မို့မြင့်အောင်နဲ့ ခိုင်သင်း ကြည်တို့ပေးတဲ့ မဲ ၃ မဲ-၁ မဲနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက္ ၂ဘက္မပါေပမယ့္ ျခင္းခတ္အစြမ္းျပၿပီး Myanmar’s Got Talent ဖိုင္နယ္အဆင့္တက္လွမ္း ႏိုင္ခဲ့သူ(႐ုပ္သံ) DVB လူတိုင္းမွာ ေမြးရာပါ အရည္အေသြးကိုယ္စီရွိၾကေပမယ့္ တခ်ိဳ႕ေသာ အရာေတြကေတာ့ ေလ့က်င့္မႈနဲ႔ မဆုတ္မနစ္ႀကိဳးစားအားထုတ္တဲ့ ဇြဲက ဦးေဆာင္မွသာ အေျခအေနတခုထိ ေရာက္ရွိ ႏိုင္မွာ ျဖစ္ပါတယ္။ လတ္တေလာက်င္းပေနတဲ့ Myanmar’s Got Talent ရဲ႕ ဆီမီးဖိုင္နယ္အဆင့္မွာ ေတာ့ လက္ ၂ ဘက္မပါပဲ ျခင္းခတ္အစြမ္းျပသြားႏိုင္တဲ့ စြမ္းေဆာင္ႏိုင္သူတဦးကို ပရိ သတ္ေတြက ရႈစားခဲ့ၾကရတာ ျဖစ္ပါတယ္။ ေမာ္လၿမိဳင္ၿမိဳ႕မွ လာေရာက္ယွဥ္ၿပိဳင္တဲ့ မင္းျမတ္ကေတာ့ ၿပိဳင္ပြဲဝင္ေတြၾကား ထူးျခားတဲ့ အစြမ္းျပမႈေတြနဲ႔ ပရိသတ္မဲအမ်ားဆုံးရရွိခဲ့ၿပီး ေနာက္ဆုံးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္တဲ့ တဦးတည္းေသာ ၿပိဳင္ပြဲဝင္ ျဖစ္ခဲ့တာပါ။ မေန႔က ညပိုင္းမွာ က်င္းပခဲ့တဲ့ Myanmar’s Got Talent ရဲ႕ ဆီမီးဖိုင္နယ္အ ဆင့္မွာေတာ့ မင္းျမတ္နဲ႔အတူ Feng Yi အဖြဲ႕၊ ေနမ်ိဳး စည္သူစိုး၊ Dark Spirit ၊ Kreem နဲ႔ ဟန္မႉးေသာ္စတဲ့ ၿပိဳင္ပြဲဝင္အသီးသီးရဲ႕ ဆန္းျပားတဲ့ အက၊ မ်က္လွည့္ ပညာစြမ္း၊ ပါးစပ္ဆိုင္းတီး၊ ဟိႏၵဴ႐ိုးရာအကစတဲ့ မတူကြဲျပားတဲ့ ယွဥ္ၿပိဳင္မႈေတြ၊ အစြမ္းျပကြက္ေတြနဲ႔ အတူ အႀကိတ္အနယ္ ရွိေနခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ အားလုံးထဲမွာ မင္းျမတ္ရဲ႕ ယွဥ္ၿပိဳင္မႈကေတာ့ ဒိုင္ေတြကိုသာမက ၾကည့္ရႈ အားေပးေနၾကတဲ့ ပရိသတ္ေတြကိုပါ အံ့သားသင့္ မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္ ျဖစ္ခဲ့ရ တာပါ။ သူ႔ရဲ႕ထူးျခားအရည္အခ်င္းကေတာ့ ျခင္းလုံးကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ခတ္ျပႏိုင္ ၿပီး အလွျပအစြမ္းျပတဲ့ အကြက္ေတြအျပင္ ျခင္းလုံးမွစ တျခားေသးငယ္တဲ့ သစ္သီးေတြ၊ ပင္ေပါင္လုံးအ႐ြယ္၊ ေဂၚလီလုံးအ႐ြယ္စတဲ့ အရာေတြအထိ အစြမ္းျပျခင္းခတ္ အစြမ္းျပသႏိုင္တာပဲ ျဖစ္ပါတယ္။ အခုႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ေတြအျဖစ္ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္မင္းသမီး ခိုင္သင္းၾကည္၊ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္ အမွတ္ေပး ၾကတာ ျဖစ္ပါတယ္။ မ်က္ေတာင္မခတ္စတမ္း သူ႔ရဲ႕ လႈပ္ရွားအစြမ္းျပ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ဒိုင္ ေတြက ခ်ီးက်ဴးမွတ္ခ်က္စကားေတြ ေျပာခဲ့ၾကတာပါ။ ၿပိဳင္ပြဲဝင္ေတြအားလုံးရဲ႕ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ပရိသတ္ေတြေပးတဲ့ Voting နဲ႔ ေနာက္ဆုံး ဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္သူေတြကို ေၾကညာမယ့္ အခ်ိန္ေရာက္ရွိ လာခဲ့ပါတယ္။ မင္းျမတ္ကေတာ့ ပရိသတ္ေပးတဲ့ မဲနဲ႔ Top 3 စာရင္းထဲမွာ ပထမဆုံး ေၾက ညာၿပီး ပါဝင္သြားခဲ့ၿပီး Feng Yi အဖြဲ႕နဲ႔ Kreem တို႔ကလည္း ပါဝင္လာခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ Top 3 ထဲက ၂ ဖြဲ႕ကသာ ေနာက္ဆုံးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ၿပီး Voting အမ်ားဆုံးနဲ႔ မင္းျမတ္က ၿပိဳင္ဘက္မရွိ တက္ေရာက္ ႏိုင္ခဲ့ပါတယ္။ က်န္ရွိေနတဲ့ Feng Yi အဖြဲ႕နဲ႔ Kreem တို႔ထဲမွ တဖြဲ႕ကသာ ေနာက္အဆုံးအဆင့္ ဖိုင္နယ္ကို တက္ေရာက္ႏိုင္မွာျဖစ္ၿပီး ဒိုင္ ၄ ဦးက မဲေပးေ႐ြးခ်ယ္ၾကရတာပါ။ တကယ္လို႔မ်ား ဒိုင္ေတြေပးတဲ့ မဲအရ ရမွတ္တူညီေနရင္ေတာ့ ပရိသတ္ေပးတဲ့ မဲ အေရအတြက္နဲ႔ ဆုံးျဖတ္မွာ ျဖစ္ပါတယ္။ သူတို႔ ၂ ဖြဲ႕ကို ဒိုင္ေတြက မဲေပးခ်ိန္မွာေတာ့ မိဘမဲ့ ကေလးေတြကို ရည္ၫႊန္းတဲ့ ကေလးေကာက္တဲ့ Feng Yi ျခေသၤ့အဖြဲ႕က ေမာင္သီ၊ မို႔မို႔ျမင့္ေအာင္နဲ႔ ခိုင္သင္း ၾကည္တို႔ေပးတဲ့ မဲ ၃ မဲ-၁ မဲနဲ႔ ေနာက္တဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024