ပြင်သစ်နိုင်ငံတွင် ကြက်ဖတွန်သံ မခံနိုင်၍ တရားစွဲမှု ဖြစ်ပွား

ပြင်သစ်နိုင်ငံ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းလွန်က ကျွန်းပေါ်မှာ နေပြီး မောရစ်လို့ နာမည်ပေးထားတဲ့ လေးနှစ်သား ကြက်ဖတကောင်ဟာ တွန်တဲ့အသံ ကျယ်လွန်းလို့ ပိုင်ရှင် ဂျက်ကီ ဖီဆိုဟာ တရားစွဲခံထားရပါတယ်။
“ကြက်တွန်သံက မနက် လေးနာရီခွဲမှာ စတယ်၊ ပြီးတော့ တမနက်လုံး ဆက်တွန်နေတာ မွန်းလွဲပိုင်းအထိပဲ” လို့ တိုင်ကြားသူ ယန်းလူဝီဗြီဟွန်က အိမ်နီးချင်းတွေကို တရားဝင် ပေးစာထဲမှာ ပြောထားပါတယ်။
၂၀၁၇ ကတည်းက ပဋိပက္ခဟာ ကြီးလာပြီး သက်ဆိုင်ရာရှေ့နေတွေ ကြားဝင် ဖျန်ဖြေသူတွေ တရားရုံးရောက်တဲ့အထိ ဖြစ်ကုန်တာပါ။
“ကျမ အနိုင်ကျင့်ခံမှာ မဟုတ်ဘူး၊ ကျေးလက်ဒေသဟာ သဘာဝအတိုင်း နေသင့်တယ်၊ သူတို့က ကျေးလက် ဆူညံသံတွေကို တိတ်အောင်လုပ်ရမယ်လို့ မပြောသင့်ဘူး” လို့ ကြက်ဖပိုင်ရှင်ရဲ့ ဇနီးသည် ကော်နီက ပြောပါတယ်။
ကြက်ဖလေး မောရစ်လို ပြဿနာဟာ ပြင်သစ်နိုင်ငံတလွှား နွေရာသီ အပန်းဖြေအိမ်ဝယ်တဲ့ မြို့နေ လူတန်းစားနဲ့ ကျေးလက် လူတန်းစားကြားက ဆယ်စုနှစ်ချီ ပဋိပက္ခကို ထင်ရှားစေပါတယ်။
မောရစ်ဟာ ခုတော့ ပြင်သစ်နိုင်ငံတလွှား စာနာမှုနဲ့ ထောက်ခံမှုကို ရထားပါတယ်။
မောရစ်ကို ထောက်ခံကြောင်းပြတဲ့ တီရှပ်ရောင်းသူ စီးပွားရေးလုပ်ငန်းရှင်က “ဒီလုပ်ငန်းကို စတာဟာ ကော်နီရဲ့ အသင်းကို ထောက်ပံ့ဖို့ ဖြစ်တယ်။ ကြက်ဖပါ တရားစွဲခံရတဲ့ ဒေါသမျိုးကို ဖယ်ရှားဖို့ပဲ။ ဒါတွေ အားလုံး ရပ်သင့်ပြီထင်တယ်လို့ ပြောပါတယ်။ ကြက်ဖအတွက်၊ ပင်လယ်စင်ရော်အတွက်၊ ဖားတွေအတွက် အိမ်နီးချင်းတွေကို တရားစွဲတာတွေ ရပ်ကြပါစို့” လို့လည်း သူက ဆော်သြခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
ျပင္သစ္ႏိုင္ငံတြင္ ၾကက္ဖတြန္သံ မခံႏိုင္၍ တရားစြဲမႈ ျဖစ္ပြား
ျပင္သစ္ႏိုင္ငံ အတၱလႏၲိတ္သမုဒၵရာ ကမ္းလြန္က ကြၽန္းေပၚမွာ ေနၿပီး ေမာရစ္လို႔ နာမည္ေပးထားတဲ့ ေလးႏွစ္သား ၾကက္ဖတေကာင္ဟာ တြန္တဲ့အသံ က်ယ္လြန္းလို႔ ပိုင္ရွင္ ဂ်က္ကီ ဖီဆိုဟာ တရားစြဲခံထားရပါတယ္။
“ၾကက္တြန္သံက မနက္ ေလးနာရီခြဲမွာ စတယ္၊ ၿပီးေတာ့ တမနက္လုံး ဆက္တြန္ေနတာ မြန္းလြဲပိုင္းအထိပဲ” လို႔ တိုင္ၾကားသူ ယန္းလူဝီၿဗီဟြန္က အိမ္နီးခ်င္းေတြကို တရားဝင္ ေပးစာထဲမွာ ေျပာထားပါတယ္။
၂၀၁၇ ကတည္းက ပဋိပကၡဟာ ႀကီးလာၿပီး သက္ဆိုင္ရာေရွ႕ေနေတြ ၾကားဝင္ ဖ်န္ေျဖသူေတြ တရား႐ုံးေရာက္တဲ့အထိ ျဖစ္ကုန္တာပါ။
“က်မ အႏိုင္က်င့္ခံမွာ မဟုတ္ဘူး၊ ေက်းလက္ေဒသဟာ သဘာဝအတိုင္း ေနသင့္တယ္၊ သူတို႔က ေက်းလက္ ဆူညံသံေတြကို တိတ္ေအာင္လုပ္ရမယ္လို႔ မေျပာသင့္ဘူး” လို႔ ၾကက္ဖပိုင္ရွင္ရဲ႕ ဇနီးသည္ ေကာ္နီက ေျပာပါတယ္။
ၾကက္ဖေလး ေမာရစ္လို ျပႆနာဟာ ျပင္သစ္ႏိုင္ငံတလႊား ေႏြရာသီ အပန္းေျဖအိမ္ဝယ္တဲ့ ၿမိဳ႕ေန လူတန္းစားနဲ႔ ေက်းလက္ လူတန္းစားၾကားက ဆယ္စုႏွစ္ခ်ီ ပဋိပကၡကို ထင္ရွားေစပါတယ္။
ေမာရစ္ဟာ ခုေတာ့ ျပင္သစ္ႏိုင္ငံတလႊား စာနာမႈနဲ႔ ေထာက္ခံမႈကို ရထားပါတယ္။
ေမာရစ္ကို ေထာက္ခံေၾကာင္းျပတဲ့ တီရွပ္ေရာင္းသူ စီးပြားေရးလုပ္ငန္းရွင္က “ဒီလုပ္ငန္းကို စတာဟာ ေကာ္နီရဲ႕ အသင္းကို ေထာက္ပံ့ဖို႔ ျဖစ္တယ္။ ၾကက္ဖပါ တရားစြဲခံရတဲ့ ေဒါသမ်ိဳးကို ဖယ္ရွားဖို႔ပဲ။ ဒါေတြ အားလုံး ရပ္သင့္ၿပီထင္တယ္လို႔ ေျပာပါတယ္။ ၾကက္ဖအတြက္၊ ပင္လယ္စင္ေရာ္အတြက္၊ ဖားေတြအတြက္ အိမ္နီးခ်င္းေတြကို တရားစြဲတာေတြ ရပ္ၾကပါစို႔” လို႔လည္း သူက ေဆာ္ၾသခဲ့ပါတယ္။