ပရီးမီးယားလိဂ် အာဆင်နယ် ၂-၂ စပါး၊ အဲဗာတန် ၃-၂ ဝုလ် (ရုပ်သံဟိုက်လိုက်)

1.5K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြုင်ကစားရပေမယ့် ဧည့်သည် စပါးအသင်းကို သွင်းဂိုးတွေ အရင်ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
စပါးအသင်းအတွက် ပထမဂိုးကိုတော့ ပထမပိုင်း ပွဲကစားချိန် ၁၀ မိနစ်မှာ အဲရစ်ဆင်က သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ပွဲချိန် မိနစ် ၄၀ မှာရရှိတဲ့ ပင်နယ်တီပြစ်ဒဏ်ကနေ ဟယ်ရီကိန်းက သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုမှာ အိမ်ရှင် အာဆင်နယ်အသင်းက အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ စပါးက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။
အိမ်ရှင်အာဆင်နယ်အတွက် ချေပဂိုးတွေကိုတော့ ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်မှာ လာကာဇက်က ၁ ဂိုးနဲ့ ဒုတိယပိုင်း ၇၁ မိနစ်မှာ အူဘာမီယန်းက ၁ ဂိုး သွင်းယူခဲ့တာပါ။
တနင်္ဂနွေည ပရီးမီးယားလိဂ် အခြားပွဲစဉ်တခုမှာတော့ အဲဗာတန်အသင်းက ဝုလ်ဗာဟမ်သန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
အဲဗာတန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ရစ်ချက်ဆင်က ၂ ဂိုးနဲ့ အိုင်ဝိုဘီက ၁ ဂိုး သွင်းယူခဲ့တာပါ။ ဝုလ်အတွက် ချေပဂိုးတွေကိုတော့ ရိုမိန်းစိုင်းစ်နဲ့ ရာအူးဂျင်မက်စ်တို့က သွင်းယူခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ၄ ပွဲစီ ကစားထားပြီး အာဆင်နယ်က အဆင့် ၅၊ အဲဗာတန်က ၆၊ စပါးက ၉ နဲ့ ဝုလ်က အဆင့် ၁၇ မှာ အသီးသီး ရပ်တည်နေပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပရီးမီးယားလိဂ္ အာဆင္နယ္ ၂-၂ စပါး၊ အဲဗာတန္ ၃-၂ ဝုလ္ (႐ုပ္သံဟိုက္လိုက္)
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ လန္ဒန္ၿမိဳ႕ခံ ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႔ စပါးအသင္းတို႔ ၂ ဂိုးစီ သေရက်ခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာ ယွဥ္ျပဳင္ကစားရေပမယ့္ ဧည့္သည္ စပါးအသင္းကို သြင္းဂိုးေတြ အရင္ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။
စပါးအသင္းအတြက္ ပထမဂိုးကိုေတာ့ ပထမပိုင္း ပြဲကစားခ်ိန္ ၁၀ မိနစ္မွာ အဲရစ္ဆင္က သြင္းယူခဲ့တာပါ။ ဒုတိယဂိုးကိုေတာ့ ပြဲခ်ိန္ မိနစ္ ၄၀ မွာရရွိတဲ့ ပင္နယ္တီျပစ္ဒဏ္ကေန ဟယ္ရီကိန္းက သြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။
ေဘာလုံးပိုင္ဆိုင္မႈမွာ အိမ္ရွင္ အာဆင္နယ္အသင္းက အနည္းငယ္ အသာစီးယူ ကစားႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္ကန္သြင္းခြင့္မွာေတာ့ စပါးက အခြင့္အေရး ပိုမိုရရွိခဲ့ပါတယ္။
အိမ္ရွင္အာဆင္နယ္အတြက္ ေခ်ပဂိုးေတြကိုေတာ့ ပထမပိုင္း ပြဲကစားခ်ိန္ ၄၅ မိနစ္မွာ လာကာဇက္က ၁ ဂိုးနဲ႔ ဒုတိယပိုင္း ၇၁ မိနစ္မွာ အူဘာမီယန္းက ၁ ဂိုး သြင္းယူခဲ့တာပါ။
တနဂၤေႏြည ပရီးမီးယားလိဂ္ အျခားပြဲစဥ္တခုမွာေတာ့ အဲဗာတန္အသင္းက ဝုလ္ဗာဟမ္သန္ကို ၃ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။
အဲဗာတန္အသင္းအတြက္ အႏိုင္ဂိုးေတြကိုေတာ့ ရစ္ခ်က္ဆင္က ၂ ဂိုးနဲ႔ အိုင္ဝိုဘီက ၁ ဂိုး သြင္းယူခဲ့တာပါ။ ဝုလ္အတြက္ ေခ်ပဂိုးေတြကိုေတာ့ ႐ိုမိန္းစိုင္းစ္နဲ႔ ရာအူးဂ်င္မက္စ္တို႔က သြင္းယူခဲ့တာပါ။
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ ၄ ပြဲစီ ကစားထားၿပီး အာဆင္နယ္က အဆင့္ ၅၊ အဲဗာတန္က ၆၊ စပါးက ၉ နဲ႔ ဝုလ္က အဆင့္ ၁၇ မွာ အသီးသီး ရပ္တည္ေနပါတယ္။