အာသံပြည်နယ်ထဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု စစ်ဆေးရန် နိုင်ငံသားစာရင်း ထုတ်ပြန်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ထဲမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို စစ်ဆေးဖို့ နိုင်ငံသားစာရင်းကို သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နှစ်ရှည်လများ စိစစ်အပြီး ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ လူ ၂ သန်းနီးပါး ကျန်ရစ်နေလို့ ဒေသတွင်းက မွတ်စလင် လူနည်းစုကို ပစ်မှတ်ထားတာလို့ ဝေဖန်သူတွေက စွပ်စွဲပါတယ်။
အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တခုဖြစ်တဲ့ အာသံပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဒေသခံတွေက မကျေမချမ်းဖြစ်နေတာ နှစ်ချီနေပါပြီ။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်ပြီး အလုပ်အကိုင်နဲ့ မြေနေရာတွေ ခိုးယူမှုအတွက် ဒေသခံတွေက အပြစ်တင်ခဲ့ကြပါတယ်။
ဒေသတွင်းမှာ နိုင်ငံခြားသားတွေအတွက် တရားရုံးလို့ သိကြတဲ့ ဒေသန္တရ တရားရုံးတွေ ရာချီဖွင့်ပေးထားပြီး စာရင်းထဲမပါတဲ့ သူတွေဟာ နိုင်ငံသား ဖြစ်ရေးအတွက် လျှောက်ထားဖို့ ရက် ၁၂၀ အချိန်ရပါတယ်။
တကယ်လို့ အဲဒီတရားရုံးက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအဖြစ် ဆုံးဖြတ်ခဲ့ရင် ပိုမြင့်တဲ့ တရားရုံးတွေမှာ ဆက်ပြီး အသနားခံ နိုင်ပါတယ်။
ဝေဖန်သူတွေကတော့ ဝန်ကြီးချုပ်ရဲ့ အမျိုးသားရေးဝါဒီပါတီ (BJP) က တရားဝင် မွတ်စလင် နိုင်ငံသားတွေကိုပါ ပစ်မှတ်ထား အလွဲသုံးစားလုပ်ရင်း တရားမဝင် ရွှေ့ ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ ခံစားချက်ကို မီးထိုးပေးနေတယ်လို့ ပြောဆို စွပ်စွဲပါတယ်။
ဝန်ကြီးချုပ်ရဲ့ အနီးကပ် လက်ထောက် ပြည်ထဲရေး ဝန်ကြီး အာမစ်ရှားကတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ခြတွေလို့ ခေါ်ရင်း ရှင်းထုတ်ပစ်မယ်လို့ အရင်က ကတိပြုခဲ့ဖူးပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အာသံျပည္နယ္ထဲ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္မႈ စစ္ေဆးရန္ ႏိုင္ငံသားစာရင္း ထုတ္ျပန္
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္ထဲမွာ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္မႈကို စစ္ေဆးဖို႔ ႏိုင္ငံသားစာရင္းကို ၾသဂုတ္ ၃၁ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။
ႏွစ္ရွည္လမ်ား စိစစ္အၿပီး ထုတ္ျပန္လိုက္တဲ့ စာရင္းထဲမွာ လူ ၂ သန္းနီးပါး က်န္ရစ္ေနလို႔ ေဒသတြင္းက မြတ္စလင္ လူနည္းစုကို ပစ္မွတ္ထားတာလို႔ ေဝဖန္သူေတြက စြပ္စြဲပါတယ္။
အိႏၵိယရဲ႕ အဆင္းရဲဆုံး ျပည္နယ္ေတြထဲက တခုျဖစ္တဲ့ အာသံျပည္နယ္မွာ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြအေပၚ ေဒသခံေတြက မေက်မခ်မ္းျဖစ္ေနတာ ႏွစ္ခ်ီေနပါၿပီ။ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူ အမ်ားစုက ဘဂၤလားေဒ့ရွ္ႏိုင္ငံကျဖစ္ၿပီး အလုပ္အကိုင္နဲ႔ ေျမေနရာေတြ ခိုးယူမႈအတြက္ ေဒသခံေတြက အျပစ္တင္ခဲ့ၾကပါတယ္။
ေဒသတြင္းမွာ ႏိုင္ငံျခားသားေတြအတြက္ တရား႐ုံးလို႔ သိၾကတဲ့ ေဒသႏၲရ တရား႐ုံးေတြ ရာခ်ီဖြင့္ေပးထားၿပီး စာရင္းထဲမပါတဲ့ သူေတြဟာ ႏိုင္ငံသား ျဖစ္ေရးအတြက္ ေလွ်ာက္ထားဖို႔ ရက္ ၁၂၀ အခ်ိန္ရပါတယ္။
တကယ္လို႔ အဲဒီတရား႐ုံးက တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူအျဖစ္ ဆုံးျဖတ္ခဲ့ရင္ ပိုျမင့္တဲ့ တရား႐ုံးေတြမွာ ဆက္ၿပီး အသနားခံ ႏိုင္ပါတယ္။
ေဝဖန္သူေတြကေတာ့ ဝန္ႀကီးခ်ဳပ္ရဲ႕ အမ်ိဳးသားေရးဝါဒီပါတီ (BJP) က တရားဝင္ မြတ္စလင္ ႏိုင္ငံသားေတြကိုပါ ပစ္မွတ္ထား အလြဲသုံးစားလုပ္ရင္း တရားမဝင္ ေ႐ႊ႕ ေျပာင္းေနထိုင္သူေတြကို ဆန႔္က်င္တဲ့ ခံစားခ်က္ကို မီးထိုးေပးေနတယ္လို႔ ေျပာဆို စြပ္စြဲပါတယ္။
ဝန္ႀကီးခ်ဳပ္ရဲ႕ အနီးကပ္ လက္ေထာက္ ျပည္ထဲေရး ဝန္ႀကီး အာမစ္ရွားကေတာ့ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို ျခေတြလို႔ ေခၚရင္း ရွင္းထုတ္ပစ္မယ္လို႔ အရင္က ကတိျပဳခဲ့ဖူးပါတယ္။