A d v e r t i s e m e n t With Us

မြန်မာကလေးငယ် ၂၀၀ ကျော်ကို စပါးနည်းပြ ၂ ဦး လာရောက်လေ့ကျင့်ပေး

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် စပါးအသင်းရဲ့ စပွန်ဆာတခုဖြစ်တဲ့ AIA ရဲ့ စီစဉ်မှုနဲ့ မြန်မာကလေးငယ် ၂၄၀ ကို စပါးနည်းပြ ၂ ဦးက ဘောလုံးအခြေခံကစားပုံတွေကို လာရောက်သင်ကြားပေးခဲ့ပါတယ်။ စပါးနည်းပြ ၂ ဦးဟာ ရန်ကုန်ယူနိုက်တက်အသင်းက နည်းပြတချို့နဲ့အတူ အသက် ၇ နှစ် ကနေ ၁၄ နှစ်ကြားရှိ မြန်မာကလေးငယ် ၂၄၀ ကို အုပ်စု ၂ ခု ခွဲပြီး စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ရန်ကုန်ယူနိုက်တက် အားကစားရုံမှာ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။  စပါးလူငယ်အသင်းမှာ ကစားခဲ့ဖူးပြီး ဒဏ်ရာကြောင့် နည်းပြဘဝကို ကူးပြောင်းခဲ့တဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး နည်းပြ ဘလက်ဝုခ်နဲ့ နိုင်ငံတကာ ဘောလုံးဖွံ့ဖြိုးရေးနည်းပြ အာရွန် တဲလ်ဘရုခ်တို့ လာရောက်သင်ကြားပေးခဲ့တာပါ။ ဘောလုံးနည်းပြတဦးအနေနဲ့ မြန်မာပြည်ကို ပထမဆုံးအကြိမ် လာရောက်ပြီး ကလေးငယ်တွေရဲ့ တိုးတက်မှုအတွက် ကူညီပေးရတဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်မိပြီး အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၊ ဖျတ်လတ်တက်ကြွမူတွေ ရရှိအောင် အဓိက လေ့ကျင့်ပေးခဲ့တယ်လို့ စပါးအသင်းရဲ့ နိုင်ငံတကာ လူငယ်ဖွံ့ဖြိုးရေးနည်းပြ အာရွန်တဲလ် ဘရုခ်က ပြောပါတယ်။ AIA Kick အစီအစဉ်မှာ ရာနဲ့ချီပြီး စိတ်ဝင်တစား လာရောက်ပူးပေါင်းလေ့ကျင့်ခဲ့တဲ့ ကလေးတွေရော ကလေးမိဘတွေကိုပါ ကျေးဇူးတင်ရှိပြီး အနာဂတ်မှာလည်း မြန်မာလူငယ်တွေအတွက် အကျိုးရှိတဲ့ အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်ဖို့ ရှိကြောင်း AIA Myanmar CEO မစ္စတာ Luc က ပြောကြားခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာကေလးငယ္ ၂၀၀ ေက်ာ္ကို စပါးနည္းျပ ၂ ဦး လာေရာက္ေလ့က်င့္ေပး အဂၤလန္ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းရဲ႕ စပြန္ဆာတခုျဖစ္တဲ့ AIA ရဲ႕ စီစဥ္မႈနဲ႔ ျမန္မာကေလးငယ္ ၂၄၀ ကို စပါးနည္းျပ ၂ ဦးက ေဘာလုံးအေျခခံကစားပုံေတြကို လာေရာက္သင္ၾကားေပးခဲ့ပါတယ္။ စပါးနည္းျပ ၂ ဦးဟာ ရန္ကုန္ယူႏိုက္တက္အသင္းက နည္းျပတခ်ိဳ႕နဲ႔အတူ အသက္ ၇ ႏွစ္ ကေန ၁၄ ႏွစ္ၾကားရွိ ျမန္မာကေလးငယ္ ၂၄၀ ကို အုပ္စု ၂ ခု ခြဲၿပီး စက္တင္ဘာ ၁ ရက္ မနက္ပိုင္းမွာ တႀကိမ္၊ ညေနပိုင္းမွာ တႀကိမ္ ရန္ကုန္ယူႏိုက္တက္ အားကစား႐ုံမွာ ေလ့က်င့္သင္ၾကားေပးခဲ့တာပါ။ စပါးလူငယ္အသင္းမွာ ကစားခဲ့ဖူးၿပီး ဒဏ္ရာေၾကာင့္ နည္းျပဘဝကို ကူးေျပာင္းခဲ့တဲ့ ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရး နည္းျပ ဘလက္ဝုခ္နဲ႔ ႏိုင္ငံတကာ ေဘာလုံးဖြံ႕ၿဖိဳးေရးနည္းျပ အာ႐ြန္ တဲလ္ဘ႐ုခ္တို႔ လာေရာက္သင္ၾကားေပးခဲ့တာပါ။ ေဘာလုံးနည္းျပတဦးအေနနဲ႔ ျမန္မာျပည္ကို ပထမဆုံးအႀကိမ္ လာေရာက္ၿပီး ကေလးငယ္ေတြရဲ႕ တိုးတက္မႈအတြက္ ကူညီေပးရတဲ့အေပၚမွာ ေက်နပ္ေပ်ာ္႐ႊင္မိၿပီး အသင္းလိုက္ ပူးေပါင္းေဆာင္႐ြက္မႈ၊ ဖ်တ္လတ္တက္ႂကြမူေတြ ရရွိေအာင္ အဓိက ေလ့က်င့္ေပးခဲ့တယ္လို႔ စပါးအသင္းရဲ႕ ႏိုင္ငံတကာ လူငယ္ဖြံ႕ၿဖိဳးေရးနည္းျပ အာ႐ြန္တဲလ္ ဘ႐ုခ္က ေျပာပါတယ္။ AIA Kick အစီအစဥ္မွာ ရာနဲ႔ခ်ီၿပီး စိတ္ဝင္တစား လာေရာက္ပူးေပါင္းေလ့က်င့္ခဲ့တဲ့ ကေလးေတြေရာ ကေလးမိဘေတြကိုပါ ေက်းဇူးတင္ရွိၿပီး အနာဂတ္မွာလည္း ျမန္မာလူငယ္ေတြအတြက္ အက်ိဳးရွိတဲ့ အစီအစဥ္ေတြ ဆက္လက္ လုပ္ေဆာင္ဖို႔ ရွိေၾကာင္း AIA Myanmar CEO မစၥတာ Luc က ေျပာၾကားခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up