ကြီးမားသည့် ရွှံတွင်းတခုထဲ ပြုတ်ကျနေသည့် ဆင်ငါးကောင်ကို ကယ်တင် (ရုပ်သံ)

ကြီးမားတဲ့ ရွှံ့တွင်းတခုထဲကို ပြုတ်ကျနေတဲ့ ဆင်ငါးကောင်ကို မလေးရှားနိုင်ငံက ကယ်ဆယ်ရေးသမားတွေက အောင်မြင်စွာ ကယ်တင်နိုင်လိုက်ပါတယ်။
ဒီဆင်တွေကို ပါဟန်တောအတွင်းမှာရှိတဲ့ စွန့်ပစ်ထားတဲ့ တရားမဝင် မိုင်းတွင်းတခုထဲမှာ သြဂုတ် ၂၀ ရက်က တွေ့ခဲ့ရတာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆင်တွေကို ကယ်ဆယ်လိုက်တဲ့ အခြေအနေကို မလေးရှား တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဗွီဒီယိုရိုက်ကူးခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်မှာ ဆင်ပေါက်လေးတကောင် ပါဝင်တဲ့ ဆင်ငါးကောင်ဟာ သူတို့တွင်းထဲကနေ ထွက်ခွာဖို့ လမ်းကြောင်းပြုလုပ်နေစဉ်မှာ တကောင်နဲ့တကောင် ပူးပူးကပ်ကပ်ရှိနေတာကို တွေ့ရပါတယ်။
ဖောက်ပေးလိုက်တဲ့ လမ်းကနေ ဆင်တွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ ထွက်ခွာလာနိုင်ချိန်မှာ ရပ်ကြည့်နေတဲ့ လူအုပ်ကြီးဆီကနေ ချီးကျူးသံတွေ ထွက်ပေါ်လာခဲ့တာကိုလည်း ဗွီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။
ဆင်တွေကို ကယ်ထုတ်တဲ့လုပ်ငန်းစဉ်ဟာ လေးနာရီလောက် ကြာမြင့်ခဲ့ပြီး ဆင်တွေဟာ တွင်းထဲမှာ နှစ်ရက်၊ သုံးရက်လောက် ကြာနေတာဖြစ်နိုင်တယ်လို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ႀကီးမားသည့္ ႐ႊံတြင္းတခုထဲ ျပဳတ္က်ေနသည့္ ဆင္ငါးေကာင္ကို ကယ္တင္ (႐ုပ္သံ)
ႀကီးမားတဲ့ ႐ႊံ႕တြင္းတခုထဲကို ျပဳတ္က်ေနတဲ့ ဆင္ငါးေကာင္ကို မေလးရွားႏိုင္ငံက ကယ္ဆယ္ေရးသမားေတြက ေအာင္ျမင္စြာ ကယ္တင္ႏိုင္လိုက္ပါတယ္။
ဒီဆင္ေတြကို ပါဟန္ေတာအတြင္းမွာရွိတဲ့ စြန႔္ပစ္ထားတဲ့ တရားမဝင္ မိုင္းတြင္းတခုထဲမွာ ၾသဂုတ္ ၂၀ ရက္က ေတြ႕ခဲ့ရတာလို႔ ေဒသတြင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။
ဆင္ေတြကို ကယ္ဆယ္လိုက္တဲ့ အေျခအေနကို မေလးရွား ေတာ႐ိုင္း တိရစာၦန္ထိန္းသိမ္းေရးဌာနက ဗြီဒီယို႐ိုက္ကူးခဲ့ပါတယ္။ ထြက္ေပၚလာတဲ့ ဗြီဒီယိုဖိုင္မွာ ဆင္ေပါက္ေလးတေကာင္ ပါဝင္တဲ့ ဆင္ငါးေကာင္ဟာ သူတို႔တြင္းထဲကေန ထြက္ခြာဖို႔ လမ္းေၾကာင္းျပဳလုပ္ေနစဥ္မွာ တေကာင္နဲ႔တေကာင္ ပူးပူးကပ္ကပ္ရွိေနတာကို ေတြ႕ရပါတယ္။
ေဖာက္ေပးလိုက္တဲ့ လမ္းကေန ဆင္ေတြ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ ထြက္ခြာလာႏိုင္ခ်ိန္မွာ ရပ္ၾကည့္ေနတဲ့ လူအုပ္ႀကီးဆီကေန ခ်ီးက်ဴးသံေတြ ထြက္ေပၚလာခဲ့တာကိုလည္း ဗြီဒီယိုဖိုင္မွာ ျမင္ေတြ႕ရပါတယ္။
ဆင္ေတြကို ကယ္ထုတ္တဲ့လုပ္ငန္းစဥ္ဟာ ေလးနာရီေလာက္ ၾကာျမင့္ခဲ့ၿပီး ဆင္ေတြဟာ တြင္းထဲမွာ ႏွစ္ရက္၊ သုံးရက္ေလာက္ ၾကာေနတာျဖစ္ႏိုင္တယ္လို႔ ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးဌာနက ေျပာပါတယ္။