A d v e r t i s e m e n t With Us

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြ

ဗြိတိန်နိုင်ငံတလွှားနဲ့ အိုင်ယာလန်မြောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ လူတွေ သြဂုတ် ၃၁ ရက်က ဆန္ဒပြနေပါတယ်။ ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နုတ်ထွက်ရေး ဘရက်ဇစ်အတွက် နောက်ဆုံးရက် မတိုင်ခင် လွှတ်တော်ကို ၁ လကြာ ဆိုင်းငံ့မယ့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ဆန္ဒပြတာဖြစ်ပြီး အာဏာသိမ်းတာကို ရပ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။  “ခွဲထွက်ဖို့ မဲပေးတဲ့ လူတွေက သဘောတူညီချက်မရှိဘဲ ခွဲထွက်ဖို့ မဲပေးတာ မဟုတ်ဘူး၊ ကုန်သွယ်ရေး သဘောတူညီချက်မရှိဘဲ ခွဲထွက်တာဟာ ကျမတို့စီးပွားရေးအတွက် အင်မတန် စိတ်ပူစရာကောင်းတယ်” လို့ ဆန္ဒပြ အမျိုးသမီး တယောက်က ပြောပါတယ်။ လူအယောက် ၂ ထောင်လောက်ဟာ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံး အပြင်ဘက်မှာ စုရုံးခဲ့ပြီး လန်ဒန် မြို့လယ်တလျှောက် ဘက်ကင်ဟမ် နန်းတော်ထိ ချီတက်ခဲ့ပါတယ်။  လန်ဒန်မြို့တော်မှာလိုပဲ အင်္ဂလန်၊ စကော့တလန် ဝေလနဲ့ မြောက်အိုင်ယာလန်နိုင်ငံတွေက တခြား မြို့ကြီးတွေတလွှားမှာလည်း ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား တနေရာတည်းသော ကုန်းမြေနယ်စပ် တည်ရှိရာ မြောက်အိုင်ယာလန်ရဲ့ မြို့တော် ဘဲလ်ဖှတ်စ်က မြို့တော်ခန်းမ အပြင်မှာလည်း လူအယောက် ၁၀၀ လောက် ဆန္ဒပြခဲ့ပါတယ်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ EU နဲ့ အနာဂတ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး သဘောတူညီချက် ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ အောက်တိုဘာ ၃၁ ရက်မှာ EU ကနေ ဗြိတိန်ကို ခွဲထွက်မယ်လို့ ကတိပေးခဲ့ပြီးပါပြီ။ လွှတ်တော်ကို ၁ လပိတ်မယ့် ဝန်ကြီးချုပ်ရဲ့ အကွက်ရွှေ့မှုဟာ အတိုက်အခံတွေက သူ့ကို တားဖို့ အားထုတ်မှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္၏ ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ဆႏၵျပ ၿဗိတိန္ႏိုင္ငံတလႊားနဲ႔ အိုင္ယာလန္ေျမာက္ပိုင္းမွာ ေထာင္နဲ႔ခ်ီတဲ့ လူေတြ ၾသဂုတ္ ၃၁ ရက္က ဆႏၵျပေနပါတယ္။ ဥေရာပသမဂၢ EU ကေန ၿဗိတိန္ႏုတ္ထြက္ေရး ဘရက္ဇစ္အတြက္ ေနာက္ဆုံးရက္ မတိုင္ခင္ လႊတ္ေတာ္ကို ၁ လၾကာ ဆိုင္းငံ့မယ့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ရဲ႕ ဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ ဆႏၵျပတာျဖစ္ၿပီး အာဏာသိမ္းတာကို ရပ္လို႔လည္း ေႂကြးေၾကာ္ခဲ့ပါတယ္။ “ခြဲထြက္ဖို႔ မဲေပးတဲ့ လူေတြက သေဘာတူညီခ်က္မရွိဘဲ ခြဲထြက္ဖို႔ မဲေပးတာ မဟုတ္ဘူး၊ ကုန္သြယ္ေရး သေဘာတူညီခ်က္မရွိဘဲ ခြဲထြက္တာဟာ က်မတို႔စီးပြားေရးအတြက္ အင္မတန္ စိတ္ပူစရာေကာင္းတယ္” လို႔ ဆႏၵျပ အမ်ိဳးသမီး တေယာက္က ေျပာပါတယ္။ လူအေယာက္ ၂ ေထာင္ေလာက္ဟာ ေဒါင္းနင္းလမ္းက ဝန္ႀကီးခ်ဳပ္႐ုံး အျပင္ဘက္မွာ စု႐ုံးခဲ့ၿပီး လန္ဒန္ ၿမိဳ႕လယ္တေလွ်ာက္ ဘက္ကင္ဟမ္ နန္းေတာ္ထိ ခ်ီတက္ခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕ေတာ္မွာလိုပဲ အဂၤလန္၊ စေကာ့တလန္ ေဝလနဲ႔ ေျမာက္အိုင္ယာလန္ႏိုင္ငံေတြက တျခား ၿမိဳ႕ႀကီးေတြတလႊားမွာလည္း ဆႏၵျပပြဲေတြ ဆင္ႏႊဲခဲ့ၾကပါတယ္။ ၿဗိတိန္နဲ႔ ဥေရာပသမဂၢၾကား တေနရာတည္းေသာ ကုန္းေျမနယ္စပ္ တည္ရွိရာ ေျမာက္အိုင္ယာလန္ရဲ႕ ၿမိဳ႕ေတာ္ ဘဲလ္ဖွတ္စ္က ၿမိဳ႕ေတာ္ခန္းမ အျပင္မွာလည္း လူအေယာက္ ၁၀၀ ေလာက္ ဆႏၵျပခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ကေတာ့ EU နဲ႔ အနာဂတ္ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္ ရသည္ ျဖစ္ေစ၊ မရသည္ ျဖစ္ေစ ေအာက္တိုဘာ ၃၁ ရက္မွာ EU ကေန ၿဗိတိန္ကို ခြဲထြက္မယ္လို႔ ကတိေပးခဲ့ၿပီးပါၿပီ။ လႊတ္ေတာ္ကို ၁ လပိတ္မယ့္ ဝန္ႀကီးခ်ဳပ္ရဲ႕ အကြက္ေ႐ႊ႕မႈဟာ အတိုက္အခံေတြက သူ႔ကို တားဖို႔ အားထုတ္မႈေတြကို အဟန႔္အတား ျဖစ္ေစပါတယ္။

A d v e r t i s e m e n t With Us

More News
Up