အမေရိကန်တွင် ပစ်ခတ်မှုဖြစ်၍ ၅ ဦးသေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်နဲ့ အလာဘားမား ပြည်နယ်တွေက မြို့တွေမှာ ဩဂုတ် ၃၀ နဲ့ ၃၁ ရက်နေ့တွေက သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရပါတယ်။
တက္ကဆက်ပြည်နယ် အနောက်ပိုင်းက မစ်လန်းဒ်နဲ့ သြဒက်ဆာမြို့တွေမှာ ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရတယ်လို့ ရဲတွေနဲ့ ဒေသခံ ရုပ်သံက အစီရင်ခံပါတယ်။
ပစ်ခတ်သူကို ရုပ်ရှင်ရုံတရုံက ယာဉ်ရပ်နားစခန်းမှာ အသေပစ်ဖမ်းခဲ့တယ်လို့ မစ်ဒ်လန်းဒ် ရဲဌာနက ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ ကြေညာပါတယ်။
လောလောဆယ် ပစ်ခတ်သူ မရှိတော့ဘဲ ဌာနအားလုံးက သံသယရှိသူ ဖြစ်နိုင်ခြေတွေကို စုံစမ်းစစ်ဆေးနေပါတယ်။
ပစ်ခတ်သူ ၂ ယောက်က ကား ၂ စီးကို သုံးပြီး မြို့ထဲမှာ လူအုပ်ကို ကြုံသလို ပစ်ခတ်သွားတာလို့ ယုံကြည်ကြောင်း သြဒက်ဆာ ရဲတွေက အစောပိုင်းမှာ ပြောပါတယ်။
အလာဘားမားပြည်နယ် မိုဘိုင်းမြို့ အထက်တန်းကျောင်းတကျောင်းက ဘောလုံးပွဲမှာလည်း သြဂုတ် ၃၀ က ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် ၁၀ ယောက် သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြား လူငယ်တွေ သေနတ်ပစ်ခံရတာဖြစ်ပြီး ဒေသန္တရ ဆေးရုံတွေဆီ တင်ပို့ထားတယ်လို့ မိုဘိုင်းရဲဌာန စခန်းမှူး လောရင့်စ် ဘတ်တစ်စ်တီက ပြောပါတယ်။
သူတို့ရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒီအမှုအတွက် လူ ၂ ယောက်ကို ထိန်းသိမ်းထားပြီး ရဲတွေက စစ်မေးနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အေမရိကန္တြင္ ပစ္ခတ္မႈျဖစ္၍ ၅ ဦးေသဆုံး၊ ၃၀ ခန႔္ ဒဏ္ရာရ
အေမရိကန္ႏိုင္ငံ တကၠဆက္နဲ႔ အလာဘားမား ျပည္နယ္ေတြက ၿမိဳ႕ေတြမွာ ဩဂုတ္ ၃၀ နဲ႔ ၃၁ ရက္ေန႔ေတြက ေသနတ္နဲ႔ ပစ္ခတ္မႈေတြေၾကာင့္ လူ ၅ ဦးထက္မနည္း ေသဆုံးၿပီး အေယာက္ ၃၀ ေက်ာ္ ဒဏ္ရာရပါတယ္။
တကၠဆက္ျပည္နယ္ အေနာက္ပိုင္းက မစ္လန္းဒ္နဲ႔ ၾသဒက္ဆာၿမိဳ႕ေတြမွာ ပစ္ခတ္မႈေၾကာင့္ လူ ၅ ဦး ေသဆုံးၿပီး ၂၁ ဦး ဒဏ္ရာရတယ္လို႔ ရဲေတြနဲ႔ ေဒသခံ ႐ုပ္သံက အစီရင္ခံပါတယ္။
ပစ္ခတ္သူကို ႐ုပ္ရွင္႐ုံတ႐ုံက ယာဥ္ရပ္နားစခန္းမွာ အေသပစ္ဖမ္းခဲ့တယ္လို႔ မစ္ဒ္လန္းဒ္ ရဲဌာနက ေဖ့စ္ဘြတ္ လူမႈကြန္ရက္ေပၚကေန ေၾကညာပါတယ္။
ေလာေလာဆယ္ ပစ္ခတ္သူ မရွိေတာ့ဘဲ ဌာနအားလုံးက သံသယရွိသူ ျဖစ္ႏိုင္ေျခေတြကို စုံစမ္းစစ္ေဆးေနပါတယ္။
ပစ္ခတ္သူ ၂ ေယာက္က ကား ၂ စီးကို သုံးၿပီး ၿမိဳ႕ထဲမွာ လူအုပ္ကို ႀကဳံသလို ပစ္ခတ္သြားတာလို႔ ယုံၾကည္ေၾကာင္း ၾသဒက္ဆာ ရဲေတြက အေစာပိုင္းမွာ ေျပာပါတယ္။
အလာဘားမားျပည္နယ္ မိုဘိုင္းၿမိဳ႕ အထက္တန္းေက်ာင္းတေက်ာင္းက ေဘာလုံးပြဲမွာလည္း ၾသဂုတ္ ၃၀ က ပစ္ခတ္မႈေၾကာင့္ ဆယ္ေက်ာ္သက္ ၁၀ ေယာက္ ေသနတ္ထိမွန္ ဒဏ္ရာရခဲ့တယ္လို႔ ရဲေတြက ေျပာပါတယ္။
အသက္ ၁၅ ႏွစ္ကေန ၁၈ ႏွစ္ၾကား လူငယ္ေတြ ေသနတ္ပစ္ခံရတာျဖစ္ၿပီး ေဒသႏၲရ ေဆး႐ုံေတြဆီ တင္ပို႔ထားတယ္လို႔ မိုဘိုင္းရဲဌာန စခန္းမႉး ေလာရင့္စ္ ဘတ္တစ္စ္တီက ေျပာပါတယ္။
သူတို႔ရဲ႕ အေျခအေန အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ ဒီအမႈအတြက္ လူ ၂ ေယာက္ကို ထိန္းသိမ္းထားၿပီး ရဲေတြက စစ္ေမးေနတယ္လို႔လည္း သူက ေျပာခဲ့ပါတယ္။