အန္တရာယ်ရှိ ဟာရီကိန်းမုန်တိုင်း အားကြီးလာပုံကို နိုင်ငံတကာ အာကာသစခန်း ရိုက်ကူးပြသ (ရုပ်သံ)

3.1K
အန္တရာယ်ရှိ အဆင့် ၄ ထိ ရောက်နေတဲ့ အကြီးစား ဟာရီကိန်းမုန်တိုင်း ဒေါရီယန် အတ္တလန္တိတ်သမုဒ္ဒရာအထက် ကောင်းကင်မှာ တဖြည်းဖြည်း အားကြီးလာပုံ ရုပ်သံကို နိုင်ငံတကာ အာကာသစခန်းကနေ ရိုက်ကူး ပြသခဲ့ပါတယ်။
ဟာရီကိန်း ဒေါရီယန်ဟာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီ မိုင် ၁၅၀ ထိ တိုက်ခတ်နေပြီး စက်တင်ဘာ ၁ ရက်နေ့မှာ ကယ်ရစ်ဘီယံ ပင်လယ်ထဲက ကျွန်းနိုင်ငံလေး ဘဟားမားရဲ့ အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းကို ဖြတ်သန်း တိုက်ခတ်အပြီး စက်တင်ဘာ ၂ ရက်နေ့ နှောင်းပိုင်းမှာတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကို ဖြတ်သန်း တိုက်ခတ်မယ်လို့ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ အခြေစိုက် အမျိုးသားဟာရီကိန်းဌာနက ပြောပါတယ်။
မုန်တိုင်းဟာ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းနဲ့ ဘဟားမားနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း နာမည်ကြီး နေရာတွေကို ဖြတ်သန်း တိုက်ခတ်မှာ ဖြစ်လို့ လူသန်းချီ ဘေးသင့်ဖို့ ရှိနေတာပါ။
ဘဟားမား ဝန်ကြီးချုပ်ကတော့ ဟာရီကိန်းလမ်းကြောင်းမှာ ရှိနေတဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သြဂုတ် ၃၀ ရက်က အမိန့်ထုတ်ခဲ့ပါတယ်။
ဘဟားမား နိုင်ငံတကာလေဆိပ်ကို ဩဂုတ် ၂၉ ရက်နေ့ကစပြီး စက်တင်ဘာ ၃ ရက်ထိ ပိတ်ထားမယ်လို့ ခရီးသွားလုပ်ငန်းနဲ့ လေကြောင်းလုပ်ငန်း ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~~~~~~~
Zawgyi_version
အႏၲရာယ္ရွိ ဟာရီကိန္းမုန္တိုင္း အားႀကီးလာပုံကို ႏိုင္ငံတကာ အာကာသစခန္း ႐ိုက္ကူးျပသ (႐ုပ္သံ)
အႏၲရာယ္ရွိ အဆင့္ ၄ ထိ ေရာက္ေနတဲ့ အႀကီးစား ဟာရီကိန္းမုန္တိုင္း ေဒါရီယန္ အတၱလႏၲိတ္သမုဒၵရာအထက္ ေကာင္းကင္မွာ တျဖည္းျဖည္း အားႀကီးလာပုံ ႐ုပ္သံကို ႏိုင္ငံတကာ အာကာသစခန္းကေန ႐ိုက္ကူး ျပသခဲ့ပါတယ္။
ဟာရီကိန္း ေဒါရီယန္ဟာ အျမင့္ဆုံး ေလတိုက္ႏႈန္း တနာရီ မိုင္ ၁၅၀ ထိ တိုက္ခတ္ေနၿပီး စက္တင္ဘာ ၁ ရက္ေန႔မွာ ကယ္ရစ္ဘီယံ ပင္လယ္ထဲက ကြၽန္းႏိုင္ငံေလး ဘဟားမားရဲ႕ အလယ္ပိုင္းနဲ႔ အေရွ႕ေတာင္ပိုင္းကို ျဖတ္သန္း တိုက္ခတ္အၿပီး စက္တင္ဘာ ၂ ရက္ေန႔ ေႏွာင္းပိုင္းမွာေတာ့ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါ ျပည္နယ္ကို ျဖတ္သန္း တိုက္ခတ္မယ္လို႔ အေမရိကန္ႏိုင္ငံ မိုင္ယာမီၿမိဳ႕ အေျခစိုက္ အမ်ိဳးသားဟာရီကိန္းဌာနက ေျပာပါတယ္။
မုန္တိုင္းဟာ အေမရိကန္ အေရွ႕ဘက္ ကမ္း႐ိုးတန္းနဲ႔ ဘဟားမားႏိုင္ငံရဲ႕ ကမာၻလွည့္ ခရီးသြားလုပ္ငန္း နာမည္ႀကီး ေနရာေတြကို ျဖတ္သန္း တိုက္ခတ္မွာ ျဖစ္လို႔ လူသန္းခ်ီ ေဘးသင့္ဖို႔ ရွိေနတာပါ။
ဘဟားမား ဝန္ႀကီးခ်ဳပ္ကေတာ့ ဟာရီကိန္းလမ္းေၾကာင္းမွာ ရွိေနတဲ့ လူေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းဖို႔ ၾသဂုတ္ ၃၀ ရက္က အမိန႔္ထုတ္ခဲ့ပါတယ္။
ဘဟားမား ႏိုင္ငံတကာေလဆိပ္ကို ဩဂုတ္ ၂၉ ရက္ေန႔ကစၿပီး စက္တင္ဘာ ၃ ရက္ထိ ပိတ္ထားမယ္လို႔ ခရီးသြားလုပ္ငန္းနဲ႔ ေလေၾကာင္းလုပ္ငန္း ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။