ဟောင်ကောင် ဆန္ဒပြပွဲ ရဲက မျက်ရည်ယိုဓာတ်ငွေ့သုံးဖြိုခွဲ ဖမ်းဆီး

1.7K
ဟောင်ကောင်မှာ သြဂုတ် ၃၁ ရက် ညနေပိုင်း ဆန္ဒပြပွဲအတွင်း အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး ဖမ်းဆီးခဲ့သလို ဆန္ဒပြသူတွေကလည်း ရဲတွေကို လူကူး ခုံးကျော်တံတားတွေပေါ်ကနေ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဘားတွေနဲ့ စားသောက်ဆိုင်တွေရှိရာ ဝမ်ချိုင်ခရိုင်ထဲမှာ ရဲတွေက ဆန္ဒပြသူတွေကို လိုက်ဖမ်းခဲ့ပြီး တချို့တော့ နံပါတ်တုတ်နဲ့ ရိုက်ခံရပါတယ်။
ရဲတွေကို ဆန္ဒပြသူတချို့က လမ်းပေါ်ကနေ တူးယူထားတဲ့ အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ လမ်းတွေပေါ်က ထောင်ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ စနေညမှာ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ ရေအမြောက်တွေကို သုံးခဲ့ကြအပြီးမှာ ဆန္ဒပြသူတွေကလည်း အရံအတားတွေကို မီးတင်ရှို့ခဲ့ကြပါတယ်။
ရေအမြောက်ဟာ အပြာရောင် ဆေးဆိုးထားတဲ့ ရေတွေကို သုံးခဲ့တာပါ။ ဒါဟာ ဆန္ဒပြသူတွေကို ရဲတွေက နောက်ပိုင်းမှာ ခွဲခြားဖမ်းဆီးရလွယ်အောင် ကမ္ဘာတလွှား အစဉ်အလာအရ သုံးတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
ဝတ်စုံနက်နဲ့ မျက်နှာဖုံးတွေ ဝတ်ထားသူ အများအပြား ပါတဲ့ ဆန္ဒပြသူတစုက Causeway Bay ကုန်တိုက်တန်း ရှိရာဘက်ကို ချီတက် ဆန္ဒပြခဲ့ပါတယ်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် PLA ရဲ့ ဟောင်ကောင်ဌာနချုပ်နဲ့ အစိုးရရုံးချုပ်တွေ ကြားက နေရာမှာလည်း ထီးတွေအကာအကွယ် ယူထားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ရေအမြောက်နဲ့ ပစ်ခတ် လူစုခွဲပါတယ်။
ဟောင်ကောင်မှာ မဲပေးခွင့်ကို ရုပ်သိမ်းပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို လျှော့ချဖို့ တရုတ်အစိုးရက ဆုံးဖြတ်တဲ့ ငါးနှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဒီဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
ဟောင်ကောင်ဟာ ဗြိတိန်ကိုလိုနီ လက်အောက်ကနေ တရုတ်နိုင်ငံဆီကို ၁၉၉၇ ခုနှစ်မှာ တနိုင်ငံ စနစ်၂ မျိုး အုပ်ချုပ်မယ့် ကတိနဲ့အတူ ပြန်ရောက်လာတာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေဟာင္ေကာင္ ဆႏၵျပပြဲ ရဲက မ်က္ရည္ယိုဓာတ္ေငြ႕သုံးၿဖိဳခြဲ ဖမ္းဆီး
ေဟာင္ေကာင္မွာ ၾသဂုတ္ ၃၁ ရက္ ညေနပိုင္း ဆႏၵျပပြဲအတြင္း အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲေတြက ဆႏၵျပသူေတြကို မ်က္ရည္ယိုဓာတ္ေငြ႕သုံး ဖမ္းဆီးခဲ့သလို ဆႏၵျပသူေတြကလည္း ရဲေတြကို လူကူး ခုံးေက်ာ္တံတားေတြေပၚကေန ဓာတ္ဆီပုလင္းဗုံးေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။
ဘားေတြနဲ႔ စားေသာက္ဆိုင္ေတြရွိရာ ဝမ္ခ်ိဳင္ခ႐ိုင္ထဲမွာ ရဲေတြက ဆႏၵျပသူေတြကို လိုက္ဖမ္းခဲ့ၿပီး တခ်ိဳ႕ေတာ့ နံပါတ္တုတ္နဲ႔ ႐ိုက္ခံရပါတယ္။
ရဲေတြကို ဆႏၵျပသူတခ်ိဳ႕က လမ္းေပၚကေန တူးယူထားတဲ့ အုတ္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့ပါတယ္။ လမ္းေတြေပၚက ေထာင္ခ်ီတဲ့ ဆႏၵျပသူေတြကို လူစုခြဲဖို႔ စေနညမွာ ရဲေတြက မ်က္ရည္ယို ဓာတ္ေငြ႕ေတြ ေရအေျမာက္ေတြကို သုံးခဲ့ၾကအၿပီးမွာ ဆႏၵျပသူေတြကလည္း အရံအတားေတြကို မီးတင္ရႈိ႕ခဲ့ၾကပါတယ္။
ေရအေျမာက္ဟာ အျပာေရာင္ ေဆးဆိုးထားတဲ့ ေရေတြကို သုံးခဲ့တာပါ။ ဒါဟာ ဆႏၵျပသူေတြကို ရဲေတြက ေနာက္ပိုင္းမွာ ခြဲျခားဖမ္းဆီးရလြယ္ေအာင္ ကမာၻတလႊား အစဥ္အလာအရ သုံးတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။
ဝတ္စုံနက္နဲ႔ မ်က္ႏွာဖုံးေတြ ဝတ္ထားသူ အမ်ားအျပား ပါတဲ့ ဆႏၵျပသူတစုက Causeway Bay ကုန္တိုက္တန္း ရွိရာဘက္ကို ခ်ီတက္ ဆႏၵျပခဲ့ပါတယ္။
တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္ PLA ရဲ႕ ေဟာင္ေကာင္ဌာနခ်ဳပ္နဲ႔ အစိုးရ႐ုံးခ်ဳပ္ေတြ ၾကားက ေနရာမွာလည္း ထီးေတြအကာအကြယ္ ယူထားတဲ့ ဆႏၵျပသူေတြကို ရဲေတြက ေရအေျမာက္နဲ႔ ပစ္ခတ္ လူစုခြဲပါတယ္။
ေဟာင္ေကာင္မွာ မဲေပးခြင့္ကို ႐ုပ္သိမ္းၿပီး ဒီမိုကေရစီေရး ျပဳျပင္ေျပာင္းလဲမႈေတြကို ေလွ်ာ့ခ်ဖို႔ တ႐ုတ္အစိုးရက ဆုံးျဖတ္တဲ့ ငါးႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔မွာ ဒီဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့တာပါ။
ေဟာင္ေကာင္ဟာ ၿဗိတိန္ကိုလိုနီ လက္ေအာက္ကေန တ႐ုတ္ႏိုင္ငံဆီကို ၁၉၉၇ ခုႏွစ္မွာ တႏိုင္ငံ စနစ္၂ မ်ိဳး အုပ္ခ်ဳပ္မယ့္ ကတိနဲ႔အတူ ျပန္ေရာက္လာတာ ျဖစ္ပါတယ္။