ဂိုးပြတ်အနိုင်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သည့် လီဗာပူး (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၄ ရဲ့ စနေနေ့ည နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲမှာ ဧည့်သည် လီဗာပူးအသင်းက ဘန်လေအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ အစောပိုင်းပွဲစဉ်မှာ အဓိကပြိုင်ဘက် မန်စီးတီးက ဘရိုက်တန်ကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့လို့ လီဗာပူးတို့ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ခဲ့ပြီး လူအင်အားအပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲကစားချိန်အတွင်းမှာ ဘန်လေတို့ ဥရောပချန်ပီယံအသင်းကြီးကို အဘက်ဘက်က ယှဉ်နိုင်ခြင်းမရှိခဲ့သလို နာမည်ကြီး မာနေး၊ ဖာမီနို၊ ဆာလက် ၃ ယောက်တွဲ တိုက်စစ်ကြောင့် နောက်တန်းကစားသမားတွေ အလုပ်များခဲ့ပါတယ်။ ပထမပိုင်း ၃၃ မိနစ်မှာ ဘန်လေ နောက်ခံလူ ခရစ်ဝုဒ်ကြောင့် လီဗာပူးတို့ ဦးဆောင်ဂိုး လက်ဆောင်ရခဲ့ပါတယ်။ ဦးဆောင်ဂိုးရရှိပြီး ၄ မိနစ်လောက်အကြာမှ မာနေးက ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးတို့ အနိုင် ၃ မှတ် သေချာခဲ့ပါတယ်။ ဒုတိယပိုင်းမိနစ် ၈၀ အရောက်မှာ ဖာမီနိုကပဲ ဆာလက်ရဲ့ ပေးပို့မှုကတဆင့် ၃ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၄ ပွဲကစား ၄ ပွဲ အနိုင်ရထားပြီး ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ လီဗာပူးအနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာတော့ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာလည်း ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဂိုးျပတ္အႏိုင္ျဖင့္ ရာႏႈန္းျပည့္ ႏိုင္ပြဲဆက္ခဲ့သည့္ လီဗာပူး (႐ုပ္သံ) ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ရဲ႕ စေနေန႔ည ေနာက္ဆုံးပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ပြဲမွာ ဧည့္သည္ လီဗာပူးအသင္းက ဘန္ေလအသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိသြားပါတယ္။ အေစာပိုင္းပြဲစဥ္မွာ အဓိကၿပိဳင္ဘက္ မန္စီးတီးက ဘ႐ိုက္တန္ကို ၄ ဂိုးျပတ္အႏိုင္ရရွိခဲ့လို႔ လီဗာပူးတို႔ မျဖစ္မေန အႏိုင္ရရွိဖို႔ လိုအပ္ခဲ့ၿပီး လူအင္အားအျပည့္အစုံနဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ပြဲကစားခ်ိန္အတြင္းမွာ ဘန္ေလတို႔ ဥေရာပခ်န္ပီယံအသင္းႀကီးကို အဘက္ဘက္က ယွဥ္ႏိုင္ျခင္းမရွိခဲ့သလို နာမည္ႀကီး မာေနး၊ ဖာမီႏို၊ ဆာလက္ ၃ ေယာက္တြဲ တိုက္စစ္ေၾကာင့္ ေနာက္တန္းကစားသမားေတြ အလုပ္မ်ားခဲ့ပါတယ္။ ပထမပိုင္း ၃၃ မိနစ္မွာ ဘန္ေလ ေနာက္ခံလူ ခရစ္ဝုဒ္ေၾကာင့္ လီဗာပူးတို႔ ဦးေဆာင္ဂိုး လက္ေဆာင္ရခဲ့ပါတယ္။ ဦးေဆာင္ဂိုးရရွိၿပီး ၄ မိနစ္ေလာက္အၾကာမွ မာေနးက ဒုတိယဂိုး ထပ္မံသြင္းယူေပးခဲ့လို႔ ပထမပိုင္းအၿပီးမွာ လီဗာပူးတို႔ အႏိုင္ ၃ မွတ္ ေသခ်ာခဲ့ပါတယ္။ ဒုတိယပိုင္းမိနစ္ ၈၀ အေရာက္မွာ ဖာမီႏိုကပဲ ဆာလက္ရဲ႕ ေပးပို႔မႈကတဆင့္ ၃ ဂိုးေျမာက္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ ၄ ပြဲကစား ၄ ပြဲ အႏိုင္ရထားၿပီး ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့တဲ့ လီဗာပူးအေနနဲ႔ လာမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ မွာေတာ့ နယူးကာဆယ္အသင္းရဲ႕ အိမ္ကြင္းကို သြားေရာက္ကစားရမွာလည္း ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up