Home
မြန်မာသတင်း
ဖားကန့်ရတနာနယ်မြေ လုပ်ကွက်ချပေးမည့်နေရာ ဝန်ကြီး ဦးဒါရှီလဆိုင်း ကွင်းဆင်းစစ်ဆေး
DVB
·
September 1, 2019
ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေအတွင်း အသေးစားနဲ့ လက်လုပ်လက်စား လုပ်ကွက်တွေ ချပေးဖို့ သတ်မှတ်ထားတဲ့ နေရာတွေကို ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်း ကွင်းဆင်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ချထားပေမယ့် ကျောက်မျက်လုပ်ကွက် မြေနေရာတွေကို လိုက်လံ ကြည့်ရှု စစ်ဆေးဖို့ ဖားကန့်ဒေသရှိ သက်ဆိုင်အစိုးရဌာနက တာဝန်ရှိသူတွေ၊ ဒေသခံ ရပ်မိရပ်ဖတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ချထားပေမယ့် ကျောက်မျက်လုပ်ကွက်တွေဟာ မြေပြင်နဲ့ လက်တွေ့ကျ၊ မကျ ဆိုတာထက် အခြေခံလူတန်းစား ပြည်သူတွေကို ဥပဒေဘောင်အတွင်းက ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ ချထားပေးတာလို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ပြည်နယ်အစိုးရက ချထားပေးတဲ့ လုပ်ကွက်တွေမှာ တကယ်လုပ်ကြည့်ပြီး တနှစ်၊ နှစ်နှစ် အတွင်းမှာသာ ဒီလုပ်ကွက် ချထားပေးမှုတွေရဲ့ အဆိုး အကောင်းကို သိရှိရမယ်လို့ ဝန်ကြီးက ပြောပါတယ်။  ပြည်သူတွေအနေနဲ့ ဒီလုပ်ကွက်တွေကိုလည်း လာရောက် လျှောက်ထား လုပ်ကိုင်စေချင်တယ်လို့လည်း ဆိုပါတယ်။ အခြေခံလူတန်းစား ပြည်သူတွေ လုပ်ကိုင်နိုင်ငံဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖားကန့်ရတနာနယ်မြေမှာ ရှိတဲ့ မှော်ပေါင်း ၂၆ မှော်က ဧကပေါင်း ၂၇၀၀၀ ‌ကျော်ကို ကျောက်မျက်လုပ်ကွက်တွေ ချထားပေးတော့မှာ ဖြစ်ပါတယ်။ ကျောက်မျက်လုပ်ကွက် ဧကပေါင်း နှစ်သောင်းကျော်ကို ဖားကန့်ရတနာနယ်မြေရှိ နန့်ယား၊ နမ့်မဖြစ်၊ တာမခန်ဟောင်ပါး မှော်တွေမှာ ချထားပေးတော့မှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ချထားပေးမယ့် လုပ်ကွက်တွေဟာ မြေပြင်အရှိတရားနဲ့ လက်တွေ့မကျဘူးလို့ အခြေခ်လူတန်းစားတွေက ပြောဆိုနေကြပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ မြေစာပုံပြိုကျပြီး လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေတာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖားကန႔္ရတနာနယ္ေျမ လုပ္ကြက္ခ်ေပးမည့္ေနရာ ဝန္ႀကီး ဦးဒါရွီလဆိုင္း ကြင္းဆင္းစစ္ေဆး ကခ်င္ျပည္နယ္ ဖားကန႔္ရတနာနယ္ေျမအတြင္း အေသးစားနဲ႔ လက္လုပ္လက္စား လုပ္ကြက္ေတြ ခ်ေပးဖို႔ သတ္မွတ္ထားတဲ့ ေနရာေတြကို ကခ်င္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒါရွီလဆိုင္း ကြင္းဆင္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ ျပည္နယ္အစိုးရရဲ႕ လုပ္ပိုင္ခြင့္ခ်ထားေပမယ့္ ေက်ာက္မ်က္လုပ္ကြက္ ေျမေနရာေတြကို လိုက္လံ ၾကည့္ရႈ စစ္ေဆးဖို႔ ဖားကန႔္ေဒသရွိ သက္ဆိုင္အစိုးရဌာနက တာဝန္ရွိသူေတြ၊ ေဒသခံ ရပ္မိရပ္ဖေတြနဲ႔ မေန႔က ေတြ႕ဆုံခဲ့ပါတယ္။ ျပည္နယ္အစိုးရရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ခ်ထားေပမယ့္ ေက်ာက္မ်က္လုပ္ကြက္ေတြဟာ ေျမျပင္နဲ႔ လက္ေတြ႕က်၊ မက် ဆိုတာထက္ အေျခခံလူတန္းစား ျပည္သူေတြကို ဥပေဒေဘာင္အတြင္းက ဂုဏ္သိကၡာရွိစြာ လုပ္ကိုင္စားေသာက္ႏိုင္ဖို႔ ခ်ထားေပးတာလို႔ ဝန္ႀကီး ဦးဒါရွီလဆိုင္းက ေျပာပါတယ္။ ျပည္နယ္အစိုးရက ခ်ထားေပးတဲ့ လုပ္ကြက္ေတြမွာ တကယ္လုပ္ၾကည့္ၿပီး တႏွစ္၊ ႏွစ္ႏွစ္ အတြင္းမွာသာ ဒီလုပ္ကြက္ ခ်ထားေပးမႈေတြရဲ႕ အဆိုး အေကာင္းကို သိရွိရမယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။ ျပည္သူေတြအေနနဲ႔ ဒီလုပ္ကြက္ေတြကိုလည္း လာေရာက္ ေလွ်ာက္ထား လုပ္ကိုင္ေစခ်င္တယ္လို႔လည္း ဆိုပါတယ္။ အေျခခံလူတန္းစား ျပည္သူေတြ လုပ္ကိုင္ႏိုင္ငံဖို႔အတြက္ ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ဖားကန႔္ရတနာနယ္ေျမမွာ ရွိတဲ့ ေမွာ္ေပါင္း ၂၆ ေမွာ္က ဧကေပါင္း ၂၇၀၀၀ ‌ေက်ာ္ကို ေက်ာက္မ်က္လုပ္ကြက္ေတြ ခ်ထားေပးေတာ့မွာ ျဖစ္ပါတယ္။ ေက်ာက္မ်က္လုပ္ကြက္ ဧကေပါင္း ႏွစ္ေသာင္းေက်ာ္ကို ဖားကန႔္ရတနာနယ္ေျမရွိ နန႔္ယား၊ နမ့္မျဖစ္၊ တာမခန္ေဟာင္ပါး ေမွာ္ေတြမွာ ခ်ထားေပးေတာ့မွာ ျဖစ္ပါတယ္။ ျပည္နယ္အစိုးရရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ခ်ထားေပးမယ့္ လုပ္ကြက္ေတြဟာ ေျမျပင္အရွိတရားနဲ႔ လက္ေတြ႕မက်ဘူးလို႔ အေျခခ္လူတန္းစားေတြက ေျပာဆိုေနၾကပါတယ္။ ကခ်င္ျပည္နယ္ ဖားကန႔္ေဒသ ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ ေျမစာပုံၿပိဳက်ၿပီး လူေသဆုံးမႈေတြ မၾကာခဏ ျဖစ္ပြားေနတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024