ဘိုလီးဗီးယား အမေဇုန်တောမီးဒဏ်သင့် တိရစ္ဆာန်လေးများ

စတုရန်းမိုင် ၃၈၀၀ နီးပါး ကျယ်ဝန်းတဲ့ ဘိုလီးဗီးယား အမေဇုန်တောမီးမှာ အပင်တွေနဲ့  သက်ရှိသတ္တဝါတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ပါတယ်။  အခု ဒီဂေဟာမှာ မြင်တွေ့ရသူတွေကတော့ ကံကောင်းသူလေးတွေပါ။ ဒီဂေဟာကို  ရာဟူ ရိုဟတ်စ် ဆိုတဲ့ ဇီဝဗေဒပညာရှင်တယောက်က ဦးစီးပြီး အဲဒီမှာ သူက တောမီးဒဏ်သင့် တိရစ္ဆာန်တွေကို ပြန်လည်ထူထောင်ပေးပါတယ်။ ပြီးရင်တော့ သူတို့ကို သဘာဝတောထဲ ပြန်လွှတ်သွားမှာပါ။  ဒါပေမဲ့လည်း တချို့ တိရစ္ဆာန်လေးတွေကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် တောထဲ ပြန်ပို့လို့ မရတော့ပါဘူးလို့ ဇီဝဗေဒပညာရှင် ရာဟူး ရိုဟတ်စ်က ပြောပါတယ်။    “ကျန်းမာရေးမကောင်းတဲ့ တိရစ္ဆာန်လေးတွေကို ဒီမှာ စောင့်ရှောက်ထားတာပါ။ တချို့က အခြေအနေ အတော်ဆိုးပါတယ်။ တိရစ္ဆာန်လေးတွေ အမြန်ပြန်ကောင်းလာမှ သဘာဝတောထဲကို ပြန်ပို့လို့ရမှာပါ။ ဒါပေမဲ့ အစောပိုင်းက ပြောထားသလို ခြေလက်ဖြတ်တောက် ခွဲစိတ်ထားတဲ့  တိရစ္ဆာန်လေးတွေ၊ မျက်လုံးကွယ်တော့မယ့် တိရစ္ဆာန်လေးတွေ ရှိနေတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတို့တွေ တောထဲကို ပြန်သွားနိုင်မှာ မဟုတ်ဘူး။ သူတို့ကို ဂေဟာမှာပဲ ထိန်းသိမ်းစောင့်ရှောက်ထားမှာ ဖြစ်ပါတယ်။” အဲဒီတိရစ္ဆာန်ထဲ အာမာဒီလိုငယ် တကောင်ဟာ တောမီးဒဏ်ကြောင့်  မျက်လုံးနှစ်ဖက် ကွယ်မတတ် ဖြစ်ခဲ့ရပါတယ်။ ဘိုလီးဗီးယားနိုင်ငံဟာ တောင်အမေရိက အနောက်ခြမ်းမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲ ပါဝင်ပေမယ့် ဇီဝမျိုးစုံ အကြွယ်ဝဆုံး နိုင်ငံတွေထဲမှာလည်း ပါဝင်ပါတယ်။ အမေဇုန် တောမီးကြောင့်  နိုင်ငံတခွင်တပြင်က သစ်တောတွေဟာ မီးကျွမ်း၊  မြေယာတွေ ပျက်စီးပြီး နောင်အနာဂတ်မှာ တောရိုင်းတိရစ္ဆာန်တွေ ရှင်သန်နိုင်ဖွယ် မရှိပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘိုလီးဗီးယား အေမဇုန္ေတာမီးဒဏ္သင့္ တိရစာၦန္ေလးမ်ား စတုရန္းမိုင္ ၃၈၀၀ နီးပါး က်ယ္ဝန္းတဲ့ ဘိုလီးဗီးယား အေမဇုန္ေတာမီးမွာ အပင္ေတြနဲ႔  သက္ရွိသတၱဝါေတြ မေရမတြက္ႏိုင္ေအာင္ ေသဆုံးခဲ့ပါတယ္။ အခု ဒီေဂဟာမွာ ျမင္ေတြ႕ရသူေတြကေတာ့ ကံေကာင္းသူေလးေတြပါ။ ဒီေဂဟာကို  ရာဟူ ႐ိုဟတ္စ္ ဆိုတဲ့ ဇီဝေဗဒပညာရွင္တေယာက္က ဦးစီးၿပီး အဲဒီမွာ သူက ေတာမီးဒဏ္သင့္ တိရစာၦန္ေတြကို ျပန္လည္ထူေထာင္ေပးပါတယ္။ ၿပီးရင္ေတာ့ သူတို႔ကို သဘာဝေတာထဲ ျပန္လႊတ္သြားမွာပါ။ ဒါေပမဲ့လည္း တခ်ိဳ႕ တိရစာၦန္ေလးေတြကေတာ့ ရထားတဲ့ ဒဏ္ရာေတြေၾကာင့္ ေတာထဲ ျပန္ပို႔လို႔ မရေတာ့ပါဘူးလို႔ ဇီဝေဗဒပညာရွင္ ရာဟူး ႐ိုဟတ္စ္က ေျပာပါတယ္။ “က်န္းမာေရးမေကာင္းတဲ့ တိရစာၦန္ေလးေတြကို ဒီမွာ ေစာင့္ေရွာက္ထားတာပါ။ တခ်ိဳ႕က အေျခအေန အေတာ္ဆိုးပါတယ္။ တိရစာၦန္ေလးေတြ အျမန္ျပန္ေကာင္းလာမွ သဘာဝေတာထဲကို ျပန္ပို႔လို႔ရမွာပါ။ ဒါေပမဲ့ အေစာပိုင္းက ေျပာထားသလို ေျခလက္ျဖတ္ေတာက္ ခြဲစိတ္ထားတဲ့  တိရစာၦန္ေလးေတြ၊ မ်က္လုံးကြယ္ေတာ့မယ့္ တိရစာၦန္ေလးေတြ ရွိေနတယ္။ အဲဒီလို အေျခအေနမ်ိဳးမွာ သူတို႔ေတြ ေတာထဲကို ျပန္သြားႏိုင္မွာ မဟုတ္ဘူး။ သူတို႔ကို ေဂဟာမွာပဲ ထိန္းသိမ္းေစာင့္ေရွာက္ထားမွာ ျဖစ္ပါတယ္။” အဲဒီတိရစာၦန္ထဲ အာမာဒီလိုငယ္ တေကာင္ဟာ ေတာမီးဒဏ္ေၾကာင့္  မ်က္လုံးႏွစ္ဖက္ ကြယ္မတတ္ ျဖစ္ခဲ့ရပါတယ္။ ဘိုလီးဗီးယားႏိုင္ငံဟာ ေတာင္အေမရိက အေနာက္ျခမ္းမွာ အဆင္းရဲဆုံးႏိုင္ငံေတြထဲ ပါဝင္ေပမယ့္ ဇီဝမ်ိဳးစုံ အႂကြယ္ဝဆုံး ႏိုင္ငံေတြထဲမွာလည္း ပါဝင္ပါတယ္။ အေမဇုန္ ေတာမီးေၾကာင့္  ႏိုင္ငံတခြင္တျပင္က သစ္ေတာေတြဟာ မီးကြၽမ္း၊  ေျမယာေတြ ပ်က္စီးၿပီး ေနာင္အနာဂတ္မွာ ေတာ႐ိုင္းတိရစာၦန္ေတြ ရွင္သန္ႏိုင္ဖြယ္ မရွိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up