A d v e r t i s e m e n t With Us

မန်စီးတီးက ဘရိုက်တန်ကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ၄ ပွဲဆက်ဂိုးသွင်းထားပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၆ ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အဂွီရိုဟာ ဂိုးသွင်းရင်းနဲ့ သေမယ့်သူ ဖြစ်တယ်လို့ ဘရိုက်တန်ကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဂွီရိုဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက ဂိုးသွင်းခဲ့သူ ဖြစ်တာကြောင့် ဂိုးတွေ သွင်းရင်းသေလိမ့်မယ်လို့ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။ ပွဲစဉ် ၁ နဲ့ ပွဲစဉ် ၂ မှာ ၁ ဂိုးစီသွင်းယူခဲ့ပြီးတော့ ပွဲစဉ် ၃ နဲ့ ၄ မှာတော့ ၂ ဂိုးစီ သွင်းယူထားတဲ့ အဂွီရိုးကတော့ မန်စီးတီးအသင်းအတွက် ၂၄၃ ပွဲကစားပြီး သွင်းဂိုး အရေအတွက်ဟာလည်း ၁၇၀ ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။  လက်ရှိ အသက်အရွယ်အရ အခုရာသီအတွင်းမှာတင် သမိုင်းတလျှောက် ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့ ထိပ်ဆုံး ၃ ဦးစာရင်းမှာတောင် ပါဝင်လာဖွယ် ရှိနေပါတယ်။ ဂိုးအများဆုံး သွင်းယူထားသူတွေ ဖြစ်တဲ့ နယူးကာဆယ် ဂန္ထဝင်ကစားသမားကြီး အလန်ရှီးယားက သွင်းဂိုး ၂၆၀၊ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ လန်းရူနီ က ၂၀၈ ဂိုး၊ အင်ဒီကိုးလ်က ၁၈၇ ဂိုး၊ ချဲလ်ဆီးလက်ရှိနည်းပြ ဖရန့်ခ်လမ်းပတ်က ၁၇၇ ဂိုးနဲ့ အာဆင်နယ်ဂန္ထဝင် သီဟာရီအွန်နရီက ၁၇၅ ဂိုး သွင်းယူထားပြီး စံချိန်တင်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္စီးတီးက ဘ႐ိုက္တန္ကို ၄ ဂိုးျပတ္အႏိုင္ရ (႐ုပ္သံဟိုက္လိုက္) ပရီးမီးယားလိဂ္ ၄ ပြဲဆက္ဂိုးသြင္းထားၿပီး သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ၆ ဂိုးနဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ အဂြီ႐ိုဟာ ဂိုးသြင္းရင္းနဲ႔ ေသမယ့္သူ ျဖစ္တယ္လို႔ ဘ႐ိုက္တန္ကို ၄ ဂိုးျပတ္ အႏိုင္ရရွိခဲ့တဲ့ ပြဲအၿပီးမွာ ဂြါဒီယိုလာက ခ်ီးက်ဴးလိုက္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အဂြီ႐ိုဟာ အသက္ ၁၆ ႏွစ္အ႐ြယ္ကတည္းက ဂိုးသြင္းခဲ့သူ ျဖစ္တာေၾကာင့္ ဂိုးေတြ သြင္းရင္းေသလိမ့္မယ္လို႔ ဂြါဒီယိုလာက ခ်ီးက်ဴးခဲ့ပါတယ္။ ပြဲစဥ္ ၁ နဲ႔ ပြဲစဥ္ ၂ မွာ ၁ ဂိုးစီသြင္းယူခဲ့ၿပီးေတာ့ ပြဲစဥ္ ၃ နဲ႔ ၄ မွာေတာ့ ၂ ဂိုးစီ သြင္းယူထားတဲ့ အဂြီ႐ိုးကေတာ့ မန္စီးတီးအသင္းအတြက္ ၂၄၃ ပြဲကစားၿပီး သြင္းဂိုး အေရအတြက္ဟာလည္း ၁၇၀ ထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိ အသက္အ႐ြယ္အရ အခုရာသီအတြင္းမွာတင္ သမိုင္းတေလွ်ာက္ ပရီးမီးယားလိဂ္မွာ ဂိုးအမ်ားဆုံး သြင္းထားတဲ့ ထိပ္ဆုံး ၃ ဦးစာရင္းမွာေတာင္ ပါဝင္လာဖြယ္ ရွိေနပါတယ္။ ဂိုးအမ်ားဆုံး သြင္းယူထားသူေတြ ျဖစ္တဲ့ နယူးကာဆယ္ ဂႏၳဝင္ကစားသမားႀကီး အလန္ရွီးယားက သြင္းဂိုး ၂၆၀၊ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္းေတြျဖစ္တဲ့ လန္း႐ူနီ က ၂၀၈ ဂိုး၊ အင္ဒီကိုးလ္က ၁၈၇ ဂိုး၊ ခ်ဲလ္ဆီးလက္ရွိနည္းျပ ဖရန႔္ခ္လမ္းပတ္က ၁၇၇ ဂိုးနဲ႔ အာဆင္နယ္ဂႏၳဝင္ သီဟာရီအြန္နရီက ၁၇၅ ဂိုး သြင္းယူထားၿပီး စံခ်ိန္တင္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up