Homeမြန်မာသတင်း
ရှမ်းမြောက် တိုက်ပွဲကြောင့် စစ်ဘေးသင့်ပြည်သူများနှင့် သေဆုံးသူများအတွက် ဆုတောင်းပွဲ ပြုလုပ်
ရှမ်းမြောက် တိုက်ပွဲကြောင့် စစ်ဘေးသင့်ပြည်သူများနှင့် သေဆုံးသူများအတွက် ဆုတောင်းပွဲ ပြုလုပ်
DVB
·
August 31, 2019
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့၊ ပိတ်မိပြည်သူတွေ၊ စစ်ဘေးသင့်ပြည်သူတွေ၊ တိုက်ပွဲကြောင့် သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲကို ရှမ်းတောင် လူငယ်တွေက တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်မှာ ဩဂုတ် ၃၀ ရက် ည ၆ နာရီက ပြုလုပ်ခဲ့ပါတယ်။
စစ်ပွဲပဋိပက္ခတွေကြောင့် ပြည်သူတွေ သေဆုံးရမှုနဲ့ ပိတ်မိပြည်သူတွေအတွက် စာနာ ထောက်ထားတဲ့အနေနဲ့ ဆုတောင်းပွဲ ကျင်းပရတာလို့ ရှမ်းတောင်လူငယ် မနှင်းနွေအေးက ပြောပါတယ်။
ဆုတောင်းပွဲကို ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ လူငယ်ငယ်တွေ စုပေါင်းပြီး အင်အား ၈၀ ဝန်းကျင်လောက်က ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်အင်္ကျီ ဝတ်ဆင်ပြီး ဆုတောင်းပွဲ ကျင်းပကြတာလို့ မမေသဉ္ဇာထွန်းက ပြောပါတယ်။
ဆုတောင်းပွဲမှာ ငြိမ်းချမ်းရေး သီချင်းသီဆိုတွေ၊ ငြိမ်းချမ်းရေး ကဗျာရွတ်ဖတ်တာနဲ့ ဖယောင်းတိုင်ထွန်းပြီး တမိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူတွေ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၉ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ တီအန်အယ်အေ၊ အေအေ၊ အမ်အန်ဒီအေအေတပ်တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ရွမ္းေျမာက္ တိုက္ပြဲေၾကာင့္ စစ္ေဘးသင့္ျပည္သူမ်ားႏွင့္ ေသဆုံးသူမ်ားအတြက္ ဆုေတာင္းပြဲ ျပဳလုပ္
ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြ ရပ္တန္႔ဖို႔၊ ပိတ္မိျပည္သူေတြ၊ စစ္ေဘးသင့္ျပည္သူေတြ၊ တိုက္ပြဲေၾကာင့္ ေသဆုံးသြားသူေတြအတြက္ ဆုေတာင္းပြဲကို ရွမ္းေတာင္ လူငယ္ေတြက ေတာင္ႀကီးၿမိဳ႕ စူဠာမုနိဘုရားရင္ျပင္မွာ ဩဂုတ္ ၃၀ ရက္ ည ၆ နာရီက ျပဳလုပ္ခဲ့ပါတယ္။
စစ္ပြဲပဋိပကၡေတြေၾကာင့္ ျပည္သူေတြ ေသဆုံးရမႈနဲ႔ ပိတ္မိျပည္သူေတြအတြက္ စာနာ ေထာက္ထားတဲ့အေနနဲ႔ ဆုေတာင္းပြဲ က်င္းပရတာလို႔ ရွမ္းေတာင္လူငယ္ မႏွင္းေႏြေအးက ေျပာပါတယ္။
ဆုေတာင္းပြဲကို ရွမ္းျပည္ေတာင္ပိုင္းမွာရွိတဲ့ လူငယ္ငယ္ေတြ စုေပါင္းၿပီး အင္အား ၈၀ ဝန္းက်င္ေလာက္က ဝမ္းနည္းျခင္းအထိမ္းအမွတ္ အနက္ေရာင္အက်ႌ ဝတ္ဆင္ၿပီး ဆုေတာင္းပြဲ က်င္းပၾကတာလို႔ မေမသၪၨာထြန္းက ေျပာပါတယ္။
ဆုေတာင္းပြဲမွာ ၿငိမ္းခ်မ္းေရး သီခ်င္းသီဆိုေတြ၊ ၿငိမ္းခ်မ္းေရး ကဗ်ာ႐ြတ္ဖတ္တာနဲ႔ ဖေယာင္းတိုင္ထြန္းၿပီး တမိနစ္ ၿငိမ္သက္ ဆုေတာင္းခဲ့ၾကပါတယ္။
ရွမ္းျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ ျပည္သူေတြ ေထာင္နဲ႔ခ်ီၿပီး ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ သိရပါတယ္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ၾသဂုတ္လ ၉ ရက္ေန႔ကစၿပီး ေျမာက္ပိုင္းမဟာမိတ္ျဖစ္တဲ့ တီအန္အယ္ေအ၊ ေအေအ၊ အမ္အန္ဒီေအေအတပ္ေတြနဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။