ရှမ်းမြောက် တိုက်ပွဲကြောင့် စစ်ဘေးသင့်ပြည်သူများနှင့် သေဆုံးသူများအတွက်​ ဆု​တောင်းပွဲ ပြုလုပ်​

ရှမ်းပြည်​နယ်​​မြောက်​ပိုင်းဒေသမှာ​ ဖြစ်​ပွား​နေတဲ့ စစ်​ပွဲတွေ ရပ်​တန့်​ဖို့၊ ပိတ်​မိပြည်​သူတွေ၊ စစ်​​ဘေးသင့်ပြည်သူတွေ၊ တိုက်ပွဲကြောင့် သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲကို ရှမ်းတောင် ​လူငယ်​​တွေက တောင်​ကြီးမြို့ စူဠာမုနိဘုရားရင်​ပြင်မှာ ဩဂုတ်​ ၃၀ ရက်​ ည ၆ နာရီက ပြုလုပ်ခဲ့ပါတယ်။ စစ်​ပွဲပဋိပက္ခ​တွေကြောင်​့ ပြည်သူတွေ ​သေဆုံးရမှု​နဲ့ ပိတ်​မိပြည်​သူ​တွေအတွက်​ စာနာ ​ထောက်​ထားတဲ့အ​နေနဲ့ ဆု​တောင်းပွဲ ကျင်းပရတာ​လို့ ရှမ်းတောင်လူငယ် မနှင်းနွေအေးက ပြောပါတယ်။ ဆု​တောင်းပွဲကို ရှမ်းပြည်​တောင်​ပိုင်းမှာရှိတဲ့ လူငယ်​​ငယ်​​တွေ စု​ပေါင်းပြီး အင်​အား ၈၀ ဝန်းကျင်​လောက်က ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်​​ရောင်​အင်္ကျီ ဝတ်​ဆင်​ပြီး ဆု​တောင်းပွဲ ကျင်းပကြတာလို့ မမေသဉ္ဇာထွန်းက ပြောပါတယ်။ ဆု​တောင်းပွဲမှာ ငြိမ်းချမ်း​ရေး သီချင်းသီဆိုတွေ၊ ငြိမ်းချမ်း​ရေး ကဗျာရွတ်​ဖတ်​တာနဲ့ ဖ​ယောင်းတိုင်​ထွန်းပြီး တ​မိနစ်​ ငြိမ်​သက်​ ဆု​တောင်းခဲ့ကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်​ပွဲ​ကြောင့် စစ်​​ဘေး​ရှောင်​ ပြည်​သူ​တွေ ​ထောင်​နဲ့ချီပြီး ထွက်​​ပြေးတိမ်းရှောင်​​နေရတယ်​လို့ သိရပါတယ်​။ ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်းမှာ သြဂုတ်​လ ၉ ရက်​​နေ့ကစပြီး ​မြောက်​ပိုင်းမဟာမိတ်ဖြစ်​တဲ့ တီအန်အယ်အေ၊ အေအေ၊ အမ်အန်ဒီအေအေတပ်တွေနဲ့ တပ်​မ​တော်​ကြား တိုက်​ပွဲတွေ ဖြစ်​ပွားနေတာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ရွမ္းေျမာက္ တိုက္ပြဲေၾကာင့္ စစ္ေဘးသင့္ျပည္သူမ်ားႏွင့္ ေသဆုံးသူမ်ားအတြက္​ ဆု​ေတာင္းပြဲ ျပဳလုပ္​ ရွမ္းျပည္​နယ္​​ေျမာက္​ပိုင္းေဒသမွာ​ ျဖစ္​ပြား​ေနတဲ့ စစ္​ပြဲေတြ ရပ္​တန္႔​ဖို႔၊ ပိတ္​မိျပည္​သူေတြ၊ စစ္​​ေဘးသင့္ျပည္သူေတြ၊ တိုက္ပြဲေၾကာင့္ ေသဆုံးသြားသူေတြအတြက္ ဆုေတာင္းပြဲကို ရွမ္းေတာင္ ​လူငယ္​​ေတြက ေတာင္​ႀကီးၿမိဳ႕ စူဠာမုနိဘုရားရင္​ျပင္မွာ ဩဂုတ္​ ၃၀ ရက္​ ည ၆ နာရီက ျပဳလုပ္ခဲ့ပါတယ္။ စစ္​ပြဲပဋိပကၡ​ေတြေၾကာင္​့ ျပည္သူေတြ ​ေသဆုံးရမႈ​နဲ႔ ပိတ္​မိျပည္​သူ​ေတြအတြက္​ စာနာ ​ေထာက္​ထားတဲ့အ​ေနနဲ႔ ဆု​ေတာင္းပြဲ က်င္းပရတာ​လို႔ ရွမ္းေတာင္လူငယ္ မႏွင္းေႏြေအးက ေျပာပါတယ္။ ဆု​ေတာင္းပြဲကို ရွမ္းျပည္​ေတာင္​ပိုင္းမွာရွိတဲ့ လူငယ္​​ငယ္​​ေတြ စု​ေပါင္းၿပီး အင္​အား ၈၀ ဝန္းက်င္​ေလာက္က ဝမ္းနည္းျခင္းအထိမ္းအမွတ္ အနက္​​ေရာင္​အက်ႌ ဝတ္​ဆင္​ၿပီး ဆု​ေတာင္းပြဲ က်င္းပၾကတာလို႔ မေမသၪၨာထြန္းက ေျပာပါတယ္။ ဆု​ေတာင္းပြဲမွာ ၿငိမ္းခ်မ္း​ေရး သီခ်င္းသီဆိုေတြ၊ ၿငိမ္းခ်မ္း​ေရး ကဗ်ာ႐ြတ္​ဖတ္​တာနဲ႔ ဖ​ေယာင္းတိုင္​ထြန္းၿပီး တ​မိနစ္​ ၿငိမ္​သက္​ ဆု​ေတာင္းခဲ့ၾကပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္းမွာ တိုက္​ပြဲ​ေၾကာင့္ စစ္​​ေဘး​ေရွာင္​ ျပည္​သူ​ေတြ ​ေထာင္​နဲ႔ခ်ီၿပီး ထြက္​​ေျပးတိမ္းေရွာင္​​ေနရတယ္​လို႔ သိရပါတယ္​။ ရွမ္းျပည္​နယ္​ ​ေျမာက္​ပိုင္းမွာ ၾသဂုတ္​လ ၉ ရက္​​ေန႔ကစၿပီး ​ေျမာက္​ပိုင္းမဟာမိတ္ျဖစ္​တဲ့ တီအန္အယ္ေအ၊ ေအေအ၊ အမ္အန္ဒီေအေအတပ္ေတြနဲ႔ တပ္​မ​ေတာ္​ၾကား တိုက္​ပြဲေတြ ျဖစ္​ပြားေနတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up