လောက်ကိုင်တွင် တရုတ်နိုင်ငံသား ၁ ဦးထံမှ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
August 31, 2019
ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်မှာ တရုတ်နိုင်ငံသား ၁ ဦးထံကနေ စိတ်ကြွဆေးပြား ၁၉၇၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ ညနေ ၃ နာရီက လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းကျေးရွာအနီး တောလမ်းမှာ လမ်းလျှောက်လာတဲ့ ဖူရင်ခမ်း(၃၁)နှစ်အား ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာမှာ ဖမ်းဆီးမိခဲ့တာပါ။
ဘောင်းဘီအိတ်ကပ်အတွင်းမှ ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁၉၇၀ ပြားအား သိမ်းဆည်းရမိခဲ့တာကြောင့် ဖူရင်ခမ်း(ဖမ်းမိ) ကို ရန်လုံကျိုင်းနယ်မြေ ရဲစခန််မှာ မူး/ စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
~~~~~~~~~~~~~~~~~~~
Zawgyi_version
ဘောင်းဘီအိတ်ကပ်အတွင်းမှ ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁၉၇၀ ပြားအား သိမ်းဆည်းရမိခဲ့တာကြောင့် ဖူရင်ခမ်း(ဖမ်းမိ) ကို ရန်လုံကျိုင်းနယ်မြေ ရဲစခန်မှာ မူး/ စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။