ပင်လယ်သမုဒ္ဒရာ ဘေးကင်းရေး သုတေသနလုပ်မည့် ကမ္ဘာ့အကြီးဆုံး ရွက်သင်္ဘောကြီး (ရုပ်သံ)

1.1K
ပင်လယ်သမုဒ္ဒရာတွေ ဘေးကင်းလုံခြုံရေးအတွက် သုတေသနလုပ်ပေးမယ့် ကမ္ဘာ့အကြီးဆုံး ရွက်သင်္ဘောကြီးဟာ သြဂုတ် ၂၄ ရက်နေ့က ရိုမေးနီးယားသင်္ဘောကျင်းကနေ ထွက်ခွာခဲ့ပါတယ်။
၁၈၃ မီတာ ရှည်တဲ့ REV သမုဒ္ဒရာလေ့လာရေး ရွက်သင်္ဘောကြီး ၃၅ ရက်ကြာ ခရီးနှင်ပြီးရင် နော်ဝေ သင်္ဘောကျင်းကို ရောက်ရှိမှာပါ။
အဲဒီသင်္ဘောကျင်းမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ကိရိယာတွေကို တပ်ဆင်ပြီး ရွက်သင်္ဘောကြီးဟာ သမုဒ္ဒရာလေ့လာရေးခရီး ထွက်ခွာမှာ ဖြစ်ပါတယ်။
ရွက်သင်္ဘောကြီးဟာ သိပ္ပံပညာရှင် ၅၅ ယောက် သင်္ဘော အမှုထမ်း ၃၅ ယောက်ကို တင်ဆောင်ပြီး ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ရေကြောင်း ဂေဟစနစ်တခုလုံးကို လွှမ်းခြုံလေ့လာမယ့် မစ်ရှင်တွေကို ပြုလုပ်သွားမှာပါ။
သမုဒ္ဒရာတွေဟာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး သမုဒ္ဒရာကြမ်းပြင်တွေရဲ့ ၂၀ ရာခိုင်နှုန်းအောက်ကိုသာ ရှာဖွေလေ့လာရသေးတယ်လို့ အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထုအုပ်ချုပ်ရေးအဖွဲ့ (NOAA) ကေ ပြောကြားပါတယ်။
REV သမုဒ္ဒရာလေ့လာရေး ရွက်သင်္ဘာကြီးဟာ သမုဒ္ဒရာအတွင်း ကာဗွန်ဓာတ်ငွေ့ ထုတ်လွှင့်သက်ရောက်မှု၊ ပလတ်စတစ်ညစ်ညမ်းမှုနဲ့ ငါးသယံဇာတ ထိခိုက်စေတဲ့ ငါးဖမ်းလုပ်ငန်းတွေအကြောင်းကို လေ့လာသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပင္လယ္သမုဒၵရာ ေဘးကင္းေရး သုေတသနလုပ္မည့္ ကမာၻ႔အႀကီးဆုံး ႐ြက္သေဘၤာႀကီး (႐ုပ္သံ)
ပင္လယ္သမုဒၵရာေတြ ေဘးကင္းလုံၿခဳံေရးအတြက္ သုေတသနလုပ္ေပးမယ့္ ကမာၻ႔အႀကီးဆုံး ႐ြက္သေဘၤာႀကီးဟာ ၾသဂုတ္ ၂၄ ရက္ေန႔က ႐ိုေမးနီးယားသေဘၤာက်င္းကေန ထြက္ခြာခဲ့ပါတယ္။
၁၈၃ မီတာ ရွည္တဲ့ REV သမုဒၵရာေလ့လာေရး ႐ြက္သေဘၤာႀကီး ၃၅ ရက္ၾကာ ခရီးႏွင္ၿပီးရင္ ေနာ္ေဝ သေဘၤာက်င္းကို ေရာက္ရွိမွာပါ။
အဲဒီသေဘၤာက်င္းမွာ သိပၸံနဲ႔နည္းပညာဆိုင္ရာ ကိရိယာေတြကို တပ္ဆင္ၿပီး ႐ြက္သေဘၤာႀကီးဟာ သမုဒၵရာေလ့လာေရးခရီး ထြက္ခြာမွာ ျဖစ္ပါတယ္။
႐ြက္သေဘၤာႀကီးဟာ သိပၸံပညာရွင္ ၅၅ ေယာက္ သေဘၤာ အမႈထမ္း ၃၅ ေယာက္ကို တင္ေဆာင္ၿပီး ကမာၻ႔သမုဒၵရာေတြရဲ႕ ေရေၾကာင္း ေဂဟစနစ္တခုလုံးကို လႊမ္းၿခဳံေလ့လာမယ့္ မစ္ရွင္ေတြကို ျပဳလုပ္သြားမွာပါ။
သမုဒၵရာေတြဟာ ကမာၻ႔မ်က္ႏွာျပင္ရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး သမုဒၵရာၾကမ္းျပင္ေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းေအာက္ကိုသာ ရွာေဖြေလ့လာရေသးတယ္လို႔ အေမရိကန္ အမ်ိဳးသား သမုဒၵရာနဲ႔ ေလထုအုပ္ခ်ဳပ္ေရးအဖြဲ႕ (NOAA) ေက ေျပာၾကားပါတယ္။
REV သမုဒၵရာေလ့လာေရး ႐ြက္သဘၤာႀကီးဟာ သမုဒၵရာအတြင္း ကာဗြန္ဓာတ္ေငြ႕ ထုတ္လႊင့္သက္ေရာက္မႈ၊ ပလတ္စတစ္ညစ္ညမ္းမႈနဲ႔ ငါးသယံဇာတ ထိခိုက္ေစတဲ့ ငါးဖမ္းလုပ္ငန္းေတြအေၾကာင္းကို ေလ့လာသြားမယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။