အာဆင်နယ်တွင် တဦးချင်းထက် တသင်းလုံး သူရဲကောင်းများ ဖြစ်နေရမည်ဟု နည်းပြပြော

1.1K
အသင်းအတွက် တဦးချင်း သူရဲကောင်း ဆိုတာကို မလိုချင်ပေမယ့် တသင်းလုံးကတော့ သူရဲကောင်းတွေ ဖြစ်နေရမယ်လို့ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအန်မေရီက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲဦးထွက် လိဂ်နိုင်ပွဲ ၂ ပွဲဆက် ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။
အခုတပတ်မှာလည်း လန်ဒန်ဒါဘီ ဖြစ်တဲ့ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေလို့ ပွဲကြပ်နေတယ်လို့ ဆိုနိုင်ပါတယ်။
အန်မေရီက အသင်းနဲ့ပတ်သက်လို့ တဦး တယောက်ချင်း သူရဲကောင်းပုံစံ ပြသနိုင်တာကို မလိုလားဘဲ တသင်းလုံး သူရဲကောင်းတွေ ဖြစ်နေစေချင်သလို ပွဲတပွဲချင်းစီဟာ အရေးပါတာကြောင့် အခုအချိန်ဟာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းကို ချပြရမယ့်အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
စပါးအသင်းနဲ့ ပွဲစဉ်ဟာ ရာသီကုန် အမှတ်ပေးဇယားအဆင့် ၄ နေရာအတွင်း ဝင်နိုင်ရေး တစိတ်တပိုင်း အရေးပါသလို ၂ ရာသီဆက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ပြင်ဆင်နိုင်ဖို့ အဓိက ကျနေပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ လူအင်အားဖြည့်တင်းမှု အကောင်းဆုံး ပြုလုပ်ထားနိုင်ပြီး အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အပေါင်းလက္ခဏာဆောင်ထားနိုင်ပေမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်မှာတော့ ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အာဆင္နယ္တြင္ တဦးခ်င္းထက္ တသင္းလုံး သူရဲေကာင္းမ်ား ျဖစ္ေနရမည္ဟု နည္းျပေျပာ
အသင္းအတြက္ တဦးခ်င္း သူရဲေကာင္း ဆိုတာကို မလိုခ်င္ေပမယ့္ တသင္းလုံးကေတာ့ သူရဲေကာင္းေတြ ျဖစ္ေနရမယ္လို႔ အာဆင္နယ္အသင္းနည္းျပ အူႏိုင္းအန္ေမရီက ေျပာၾကားလိုက္ပါတယ္။
အာဆင္နယ္အသင္းဟာ ပြဲဦးထြက္ လိဂ္ႏိုင္ပြဲ ၂ ပြဲဆက္ ရယူႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္က လီဗာပူးအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံခ်ိန္မွာေတာ့ ဂိုးျပတ္ အေရးနိမ့္ထားခဲ့ပါတယ္။
အခုတပတ္မွာလည္း လန္ဒန္ဒါဘီ ျဖစ္တဲ့ စပါးအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံေနလို႔ ပြဲၾကပ္ေနတယ္လို႔ ဆိုႏိုင္ပါတယ္။
အန္ေမရီက အသင္းနဲ႔ပတ္သက္လို႔ တဦး တေယာက္ခ်င္း သူရဲေကာင္းပုံစံ ျပသႏိုင္တာကို မလိုလားဘဲ တသင္းလုံး သူရဲေကာင္းေတြ ျဖစ္ေနေစခ်င္သလို ပြဲတပြဲခ်င္းစီဟာ အေရးပါတာေၾကာင့္ အခုအခ်ိန္ဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ လုပ္ႏိုင္စြမ္းကို ခ်ျပရမယ့္အခ်ိန္ ျဖစ္တယ္လို႔ ဆိုပါတယ္။
စပါးအသင္းနဲ႔ ပြဲစဥ္ဟာ ရာသီကုန္ အမွတ္ေပးဇယားအဆင့္ ၄ ေနရာအတြင္း ဝင္ႏိုင္ေရး တစိတ္တပိုင္း အေရးပါသလို ၂ ရာသီဆက္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာ ျပင္ဆင္ႏိုင္ဖို႔ အဓိက က်ေနပါတယ္။
အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕မွာ လူအင္အားျဖည့္တင္းမႈ အေကာင္းဆုံး ျပဳလုပ္ထားႏိုင္ၿပီး အသင္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းမွာ အေပါင္းလကၡဏာေဆာင္ထားႏိုင္ေပမယ့္ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာေတာ့ ႐ုန္းကန္ေနရတဲ့ အသင္းလည္း ျဖစ္ပါတယ္။