နေမာ အပြောင်းအရွှေ့ ဘာစီလိုနာနှင့် သဘောတူညီမှု မရသေးဟု ပီအက်စ်ဂျီပြော

နေမာအနေနဲ့ စပိန်မြေကို ပြန်နိုင်တော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီဥက္ကဋ္ဌ လီယိုနာဒိုရဲ့ ငြင်းဆိုချက်ကြောင့် အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။
လီယိုနာဒိုက နေမာနဲ့ပတ်သက်လို့ ဘာစီလိုနာနဲ့ သဘောတူညီချက်ရတာဟာ စတင်ခေါ်ယူခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ကပဲ ရှိခဲ့ပြီး လက်ရှိအချိန်ထိ စပိန်ထိပ်သီးနဲ့ ဘာသဘောတူညီချက်မှ ထပ်ပြီးမရသေးဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့တာပါ။
ဘာစီလိုနာအသင်းဆီကို ပြန်ဖို့ စိတ်အားထက်သန်နေတဲ့ ဘရားဇီးလ်တိုက်စစ်မှူး နေမာရဲ့ နောက်ဆက်တွဲသတင်းတွေအရ လက်ရှိအချိန်ထိ အတည်ပြုလို့ မရနိုင်သေးပေမယ့် ၂၀၁၇ ခုနှစ်က စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ခဲ့တဲ့ ကစားသမားကို ဘာစီလိုနာဘက်ကတော့ အသည်းအသန် ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
ပေါင် ၁၉၈ သန်းလောက်နဲ့ ခေါ်ယူခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းဘက်ကတော့ နေမာကို အလွယ်တကူ ပြန်လည်ပြောင်းရွှေ့ခွင့် မပေးချင်တဲ့ပုံစံမှာ ရှိနေပါတယ်။
နေမာဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိချိန်မှာ ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် လူငယ်ကြယ်ပွင့် အန်ဘာပေးရဲ့ လွှမ်းမိုးမှုကို မကျော်နိုင်တာကြောင့် စိတ်မသက်မသာဖြစ်နေပြီး စပိန်မြေ ပြန်ဖို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေနမာ အေျပာင္းအေ႐ႊ႕ ဘာစီလိုနာႏွင့္ သေဘာတူညီမႈ မရေသးဟု ပီအက္စ္ဂ်ီေျပာ
ေနမာအေနနဲ႔ စပိန္ေျမကို ျပန္ႏိုင္ေတာ့မယ္လို႔ သတင္းေတြ ထြက္လာခဲ့ေပမယ့္ နာရီပိုင္းအတြင္းမွာပဲ ပီအက္စ္ဂ်ီဥကၠ႒ လီယိုနာဒိုရဲ႕ ျငင္းဆိုခ်က္ေၾကာင့္ အံ့အားသင့္စရာ ျဖစ္လာခဲ့ပါတယ္။
လီယိုနာဒိုက ေနမာနဲ႔ပတ္သက္လို႔ ဘာစီလိုနာနဲ႔ သေဘာတူညီခ်က္ရတာဟာ စတင္ေခၚယူခဲ့တဲ့ ၾသဂုတ္ ၂၇ ရက္ေန႔ကပဲ ရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ စပိန္ထိပ္သီးနဲ႔ ဘာသေဘာတူညီခ်က္မွ ထပ္ၿပီးမရေသးဘူးလို႔ ျပတ္ျပတ္သားသား ျငင္းဆိုသြားခဲ့တာပါ။
ဘာစီလိုနာအသင္းဆီကို ျပန္ဖို႔ စိတ္အားထက္သန္ေနတဲ့ ဘရားဇီးလ္တိုက္စစ္မႉး ေနမာရဲ႕ ေနာက္ဆက္တြဲသတင္းေတြအရ လက္ရွိအခ်ိန္ထိ အတည္ျပဳလို႔ မရႏိုင္ေသးေပမယ့္ ၂၀၁၇ ခုႏွစ္က စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာင္းထုတ္ခဲ့တဲ့ ကစားသမားကို ဘာစီလိုနာဘက္ကေတာ့ အသည္းအသန္ ျပန္လည္ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းေနခဲ့တာ ျဖစ္ပါတယ္။
ေပါင္ ၁၉၈ သန္းေလာက္နဲ႔ ေခၚယူခဲ့ရတဲ့ ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ ေနမာကို အလြယ္တကူ ျပန္လည္ေျပာင္းေ႐ႊ႕ခြင့္ မေပးခ်င္တဲ့ပုံစံမွာ ရွိေနပါတယ္။
ေနမာဟာ ပီအက္စ္ဂ်ီအသင္းကို ေရာက္ရွိခ်ိန္မွာ ေျခစြမ္းျပဂိုးေတြ သြင္းယူႏိုင္ခဲ့ေပမယ့္ လူငယ္ၾကယ္ပြင့္ အန္ဘာေပးရဲ႕ လႊမ္းမိုးမႈကို မေက်ာ္ႏိုင္တာေၾကာင့္ စိတ္မသက္မသာျဖစ္ေနၿပီး စပိန္ေျမ ျပန္ဖို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ေျပာၾကားထားပါတယ္။