ပရော်ဖက်ရှင်နယ် မပီသသူဟု လူကာကူအား နဗီးလ် ဝေဖန်

1K
လူကာကူဟာ အင်တာမီလန်အသင်းအတွက် ဂိုးတွေ သွင်းယူပေးနေတယ် ဆိုပေမယ့် အဝလွန်နေသူတဦး ဖြစ်ပြီး ပရော်ဖက်ရှင်နယ် မပီသသူလို့ မန်ယူသစားဟောင်း နဗီးလ်က တွစ်တာစာမျက်နှာမှာ ရေးသားဝေဖန်ထားပါတယ်။
ဒါနဲ့ပတ်သတ်လို့ လူကာကူက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို မေးခွန်းထုတ်စရာ မလိုသလို ပြိုင်ပွဲတိုင်းကို ကိုယ့်ရဲ့အိမ်လို သဘောထားပြီး အမြဲတမ်း တိုးတက်ဖို့ကိုပဲ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားစဉ်က သူ့ရဲ့စွမ်းရည်နဲ့ ကြံ့ခိုင်မှုပိုင်းဟာ ဝေဖန်စရာ ဖြစ်ခဲ့ပေမယ့် အင်တာမီလန်အသင်း ရောက်ရှိချိန်မှာတော့ စီးရီးအေ အဖွင့်ပွဲမှာတင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
လူကာကူက သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီက အဆိုးရွားဆုံး အခြေအနေ ဖြစ်ခဲ့တာ ဝန်ခံကြောင်း၊ ဒါပေမဲ့ နဗီးလ်အနေနဲ့ သူ့ရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ ဝေဖန်နိုင်ပေမယ့် ပရော်ဖက်ရှင်နယ် ပီသမှုကိုတော့ မေးခွန်းထုတ်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။
လူကာကူဟာ အင်တာမီလန်အသင်းထံကို ပေါင် ၇၄ သန်း ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တာဖြစ်ပြီး နည်းပြ ကွန်တီလက်အောက်မှာ ကိုယ်ခန္ဓာအလေးချိန် လျှော့ချရေး အစီအစဉ်တွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပေရာ္ဖက္ရွင္နယ္ မပီသသူဟု လူကာကူအား နဗီးလ္ ေဝဖန္
လူကာကူဟာ အင္တာမီလန္အသင္းအတြက္ ဂိုးေတြ သြင္းယူေပးေနတယ္ ဆိုေပမယ့္ အဝလြန္ေနသူတဦး ျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ မပီသသူလို႔ မန္ယူသစားေဟာင္း နဗီးလ္က တြစ္တာစာမ်က္ႏွာမွာ ေရးသားေဝဖန္ထားပါတယ္။
ဒါနဲ႔ပတ္သတ္လို႔ လူကာကူက သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈကို ေမးခြန္းထုတ္စရာ မလိုသလို ၿပိဳင္ပြဲတိုင္းကို ကိုယ့္ရဲ႕အိမ္လို သေဘာထားၿပီး အၿမဲတမ္း တိုးတက္ဖို႔ကိုပဲ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။
လူကာကူဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားစဥ္က သူ႔ရဲ႕စြမ္းရည္နဲ႔ ႀကံ့ခိုင္မႈပိုင္းဟာ ေဝဖန္စရာ ျဖစ္ခဲ့ေပမယ့္ အင္တာမီလန္အသင္း ေရာက္ရွိခ်ိန္မွာေတာ့ စီးရီးေအ အဖြင့္ပြဲမွာတင္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
လူကာကူက သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက အဆိုး႐ြားဆုံး အေျခအေန ျဖစ္ခဲ့တာ ဝန္ခံေၾကာင္း၊ ဒါေပမဲ့ နဗီးလ္အေနနဲ႔ သူ႔ရဲ႕ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္လို႔ ေဝဖန္ႏိုင္ေပမယ့္ ပေရာ္ဖက္ရွင္နယ္ ပီသမႈကိုေတာ့ ေမးခြန္းထုတ္ခြင့္မရွိဘူးလို႔လည္း ဆိုပါတယ္။
လူကာကူဟာ အင္တာမီလန္အသင္းထံကို ေပါင္ ၇၄ သန္း ၅ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕တာျဖစ္ၿပီး နည္းျပ ကြန္တီလက္ေအာက္မွာ ကိုယ္ခႏၶာအေလးခ်ိန္ ေလွ်ာ့ခ်ေရး အစီအစဥ္ေတြပါ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။