Home
မြန်မာသတင်း
မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေး ဘတ်ဂျက်လျာထားဟု ဒုသမ္မတပြော
DVB
·
August 31, 2019
မိတ္ထီလာမှာ အာကာသအေဂျင်စီ တည်ထောင်ဖို့အတွက် စီစဉ်ဖို့နဲ့ မြန်မာနိုင်ငံက အလုံးစုံ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက် လျာထားပြီး ဖြစ်တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီရဲ့ အစည်းအဝေးမှာ ပြောတာဖြစ်ပြီး  အဲဒီကော်မတီမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒုသမ္မတက ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်မှာ ကျင်းပတဲ့ ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ချက် ၇ ခု ချခဲ့ပြီး ၅ ခုကတော့ လုပ်ပြီးပြီလို့ ပြောပါတယ်။ ကျန်တဲ့ ၂ ခုထဲက Space Agency (အာကာသအေဂျင်စီ) ကို မိတ္ထီလာမြို့နယ်မှာ တည်ထောင်ဖို့အတွက် မြေနေရာရရှိနေရေး သက်ဆိုင်ရာဝန်ကြီးဌာနတွေက အမြန်ညှိနှိုင်း စီစဉ်ပေးဖို့ ပြောပါတယ်။ Space Agency တည်ထောင်နိုင်ဖို့ United Nations Office for Outer Space Affairs ( UNOOSA-ကုလသမဂ္ဂ အာကာသရေးရာရုံး) ကို တင်ပြနိုင်ရေးအတွက်လည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနက အမြန်ပြီးပြတ်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြစေလိုပြီး ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနတွေ အကျုံးဝင်မယ့် ဥပဒေကို အမြန်ပြီးအောင်ရေးဆွဲဖို့လည်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အကောင်အထည်ဖော်ဖို့ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေပြီး ဒုတိယအဆင့်ကတော့ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က လွှတ်တင်နိုင်ခဲ့တဲ့ အချိုးကျ ပူးတွဲပိုင်ဆိုင်တဲ့ MyanmarSat-2 ဂြိုဟ်တု ဖြစ်ပါတယ်။ ဒီဂြိုဟ်တုအတွက် အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန်ကျမှာဖြစ်ပြီး အရစ်ကျ ငွေပေးချေခြင်းစနစ် ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဂြိုဟ်တုကို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးတာတွေ လုပ်နေပြီး ၂၀၁၉၊ အောက်တိုဘာ ၁၅ ရက်မှာ အစောဆုံး စတင်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ တတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ၊ Hokkaido (ဟော့ကိုင်းဒိုး) တက္ကသိုလ်က ကမ်းလှမ်းထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဘတ်ဂျက်လျာထားပြီးဖြစ်လို့ မြန်မြန် အကောင်အထည်ဖော်ဖို့ကိုလည်း ဒုသမ္မတက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာႏိုင္ငံက ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ေရး ဘတ္ဂ်က္လ်ာထားဟု ဒုသမၼတေျပာ မိတၳီလာမွာ အာကာသေအဂ်င္စီ တည္ေထာင္ဖို႔အတြက္ စီစဥ္ဖို႔နဲ႔ ျမန္မာႏိုင္ငံက အလုံးစုံ ပိုင္ဆိုင္တဲ့ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနက ဘတ္ဂ်က္ လ်ာထားၿပီး ျဖစ္တယ္လို႔ ဒုသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။ မေန႔က ေနျပည္ေတာ္မွာလုပ္တဲ့ ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္ တည္ေထာင္ေရး ဦးေဆာင္ေကာ္မတီရဲ႕ အစည္းအေဝးမွာ ေျပာတာျဖစ္ၿပီး  အဲဒီေကာ္မတီမွာ ဒုတိယသမၼတ ဦးျမင့္ေဆြက ဥကၠ႒ ျဖစ္ပါတယ္။ ဒုသမၼတက ၂၀၁၉ ခုႏွစ္၊ ဧၿပီ ၁၂ ရက္မွာ က်င္းပတဲ့ ဦးေဆာင္ေကာ္မတီလုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးမွာ ဆုံးျဖတ္ခ်က္ ၇ ခု ခ်ခဲ့ၿပီး ၅ ခုကေတာ့ လုပ္ၿပီးၿပီလို႔ ေျပာပါတယ္။ က်န္တဲ့ ၂ ခုထဲက Space Agency (အာကာသေအဂ်င္စီ) ကို မိတၳီလာၿမိဳ႕နယ္မွာ တည္ေထာင္ဖို႔အတြက္ ေျမေနရာရရွိေနေရး သက္ဆိုင္ရာဝန္ႀကီးဌာနေတြက အျမန္ညႇိႏႈိင္း စီစဥ္ေပးဖို႔ ေျပာပါတယ္။ Space Agency တည္ေထာင္ႏိုင္ဖို႔ United Nations Office for Outer Space Affairs ( UNOOSA-ကုလသမဂၢ အာကာသေရးရာ႐ုံး) ကို တင္ျပႏိုင္ေရးအတြက္လည္း သက္ဆိုင္တဲ့ ဝန္ႀကီးဌာနက အျမန္ၿပီးျပတ္ေအာင္ ပူးေပါင္းညႇိႏႈိင္းေဆာင္႐ြက္ေပးၾကေစလိုၿပီး ေကာ္မတီအဖြဲ႕ဝင္ ဝန္ႀကီးဌာနေတြ အက်ဳံးဝင္မယ့္ ဥပေဒကို အျမန္ၿပီးေအာင္ေရးဆြဲဖို႔လည္း ေျပာခဲ့ပါတယ္။ ျမန္မာႏိုင္ငံပိုင္ ၿဂိဳဟ္တုစနစ္ တည္ေထာင္ႏိုင္ေရး အေကာင္အထည္ေဖာ္ဖို႔ အဆင့္ ၃ ဆင့္နဲ႔ ေဆာင္႐ြက္ေနၿပီး ဒုတိယအဆင့္ကေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္ ၇ ရက္က လႊတ္တင္ႏိုင္ခဲ့တဲ့ အခ်ိဳးက် ပူးတြဲပိုင္ဆိုင္တဲ့ MyanmarSat-2 ၿဂိဳဟ္တု ျဖစ္ပါတယ္။ ဒီၿဂိဳဟ္တုအတြက္ အေမရိကန္ ေဒၚလာ ၁၅၅ ဒသမ ၇ သန္း ကုန္က်မွာျဖစ္ၿပီး အရစ္က် ေငြေပးေခ်ျခင္းစနစ္ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အဲဒီၿဂိဳဟ္တုကို လိုအပ္တဲ့ စမ္းသပ္စစ္ေဆးတာေတြ လုပ္ေနၿပီး ၂၀၁၉၊ ေအာက္တိုဘာ ၁၅ ရက္မွာ အေစာဆုံး စတင္အသုံးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။ တတိယအဆင့္အေနနဲ႔ ျမန္မာႏိုင္ငံက အလုံးစုံပိုင္ဆိုင္တဲ့ ကိုယ္ပိုင္ၿဂိဳဟ္တု လႊတ္တင္ေရးအတြက္ ဂ်ပန္ႏိုင္ငံ၊ Hokkaido (ေဟာ့ကိုင္းဒိုး) တကၠသိုလ္က ကမ္းလွမ္းထားၿပီး သက္ဆိုင္ရာ ဝန္ႀကီးဌာနကလည္း ဘတ္ဂ်က္လ်ာထားၿပီးျဖစ္လို႔ ျမန္ျမန္ အေကာင္အထည္ေဖာ္ဖို႔ကိုလည္း ဒုသမၼတက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024