ဇာဟာကို ကမ်းလှမ်းပါက ထွက်ခွင့်ပေးမည်ဟု ပဲလေ့စ်အသင်းပိုင်ရှင်ပြော

ဇာဟာကို ထိုက်ထိုက်တန် ကမ်းလှမ်းလာပါက အသင်းကနေ ထွက်ခွာခွင့်ပေးမယ်လို့ ခရစ္စတယ်ပဲလေစ့်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ စတိဗ်ပါရစ်ရှ်က ပြောကြားလိုက်ပါတယ်။  ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှတော့ ဇာဟာကို အာဆင်နယ်အသင်း အပါအဝင် ဥရောပကလပ်အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပါရစ်ရဲ့ ဆုံးဖြတ်ချက် တချို့ကြောင့် ဇာဟာအနေနဲ့ လန်ဒန်မြို့ခံကလပ်ဆီကနေ ထွက်ခွာလို့မရခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ ကျိန်းသေပေါက် ထွက်ခွာခွင့်ပေးမယ်လို့ ပါရစ်ရှ်က ကတိပြုခဲ့ပါတယ်။ အခုလို ပြုလုပ်ခဲ့တာဟာ အားလုံးအတွက် ပျော်ရွှင်ဖွယ် အဆုံးသတ်လည်း ဖြစ်ပြီး သူ့နေရာမှာ အစားထိုးဖို့ ကစားသမားကိုလည်း ခေါ်ယူနိုင်မယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ ဇာဟာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အဲဗာတန်အသင်း အပါအဝင် ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဇာဟာကို ကမ္းလွမ္းပါက ထြက္ခြင့္ေပးမည္ဟု ပဲေလ့စ္အသင္းပိုင္ရွင္ေျပာ ဇာဟာကို ထိုက္ထိုက္တန္ ကမ္းလွမ္းလာပါက အသင္းကေန ထြက္ခြာခြင့္ေပးမယ္လို႔ ခရစၥတယ္ပဲေလစ့္အသင္းရဲ႕ ပိုင္ရွင္ျဖစ္သူ စတိဗ္ပါရစ္ရွ္က ေျပာၾကားလိုက္ပါတယ္။ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕မွေတာ့ ဇာဟာကို အာဆင္နယ္အသင္း အပါအဝင္ ဥေရာပကလပ္အသင္းႀကီး ေတာ္ေတာ္မ်ားမ်ားက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ပါရစ္ရဲ႕ ဆုံးျဖတ္ခ်က္ တခ်ိဳ႕ေၾကာင့္ ဇာဟာအေနနဲ႔ လန္ဒန္ၿမိဳ႕ခံကလပ္ဆီကေန ထြက္ခြာလို႔မရခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာေတာ့ က်ိန္းေသေပါက္ ထြက္ခြာခြင့္ေပးမယ္လို႔ ပါရစ္ရွ္က ကတိျပဳခဲ့ပါတယ္။ အခုလို ျပဳလုပ္ခဲ့တာဟာ အားလုံးအတြက္ ေပ်ာ္႐ႊင္ဖြယ္ အဆုံးသတ္လည္း ျဖစ္ၿပီး သူ႔ေနရာမွာ အစားထိုးဖို႔ ကစားသမားကိုလည္း ေခၚယူႏိုင္မယ္လို႔ ဆိုပါတယ္။ ေနာက္ဆက္တြဲသတင္းေတြအရ ဇာဟာကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ အဲဗာတန္အသင္း အပါအဝင္ ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီအသင္းကလည္း စိတ္ဝင္စားေနပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up