ကတ်ရှ်မီးယား ဆန္ဒပြသူများနှင့် အိန္ဒိယရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

အိန္ဒိယပိုင် ကတ်ရှ်မီးယားဒေသ ဆရင်နာဂါမြို့မှာ  သြဂုတ် ၃၀ ရက်နေ့က အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့ပါတယ်။    သောကြာနေ့ ဝတ်ပြုပြီးချိန်မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက ကတ်ရှ်မီးယားဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။   ဆန္ဒပြရာကနေ  ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒေါသဖြစ်နေတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။ ဆရင်နာဂါမြို့ထဲမှာ ဆန္ဒပြပွဲတွေကို တားဆီးဖို့  ထောင်နဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နေရာချထားပါတယ်။ တချိန်တည်းဆိုသလို မြို့တော်  နယူးဒေလီမှာလည်း ပါကစ္စတန်အစိုးရကို  ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဆစ်ခ်ဘာသာဝင်တွေနဲ့ ဟိန္ဒိူ အမျိုးသားဝါဒီတွေ   ပြုလုပ်ခဲ့ပါတယ်။  ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က ဆစ်ဘာသာဝင် မိန်းကလေးတဦးကို ဘာသာပြောင်းတာနဲ့ ပတ်သက်ပြီး ဆန္ဒပြတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကတ္ရွ္မီးယား ဆႏၵျပသူမ်ားႏွင့္ အိႏၵိယရဲတပ္ဖြဲ႕ ပဋိပကၡျဖစ္ အိႏၵိယပိုင္ ကတ္ရွ္မီးယားေဒသ ဆရင္နာဂါၿမိဳ႕မွာ  ၾသဂုတ္ ၃၀ ရက္ေန႔က အၾကမ္းဖက္ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယိုဓာတ္ေငြ႕ေတြ သုံးခဲ့ပါတယ္။ ေသာၾကာေန႔ ဝတ္ျပဳၿပီးခ်ိန္မွာ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြက ကတ္ရွ္မီးယားေဒသ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ႐ုပ္သိမ္းလိုက္တာနဲ႔ ပတ္သက္လို႔ အိႏၵိယအစိုးရကို ဆန႔္က်င္ဆႏၵျပၾကပါတယ္။ ဆႏၵျပရာကေန  ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ပဋိပကၡ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ေဒါသျဖစ္ေနတဲ့ ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲခဲ့ပါတယ္။ ဆရင္နာဂါၿမိဳ႕ထဲမွာ ဆႏၵျပပြဲေတြကို တားဆီးဖို႔  ေထာင္နဲ႔ခ်ီတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ေနရာခ်ထားပါတယ္။ တခ်ိန္တည္းဆိုသလို ၿမိဳ႕ေတာ္  နယူးေဒလီမွာလည္း ပါကစၥတန္အစိုးရကို  ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြကို ဆစ္ခ္ဘာသာဝင္ေတြနဲ႔ ဟိႏၵိူ အမ်ိဳးသားဝါဒီေတြ   ျပဳလုပ္ခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံ လာဟိုးၿမိဳ႕က ဆစ္ဘာသာဝင္ မိန္းကေလးတဦးကို ဘာသာေျပာင္းတာနဲ႔ ပတ္သက္ၿပီး ဆႏၵျပတာလို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up