A d v e r t i s e m e n t With Us

၆ ကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ ကျင်းပ

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုတိုးတက်ဖို့ ရည်ရွယ်ပြီး ၆ ကြိမ်မြောက် နိုင်ငံတကာ ခရီးသွားပြပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပနေပါတယ်။ အဲဒီခရီးသွားပြပွဲမှာတော့ လေကြောင်းလိုင်းကုမ္ပဏီတွေ၊ ခရီးသွားကုမ္ပဏီတွေနဲ့ ခရီးသွားနဲ့သက်ဆိုင်တဲ့ ဘဏ်တွေ စတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ပါဝင်ပြသနေတာလည်း ဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပနေတဲ့ နိုင်ငံတကာ ခရီးသွားပြပွဲကနေ ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို သက်သာတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ခရီးသွားလုပ်ငန်း တိုးတက်ပြီး ပြည်ပခရီးသွားတွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက်လည်း လာမယ့် အောက်တိုလမှာ အီတလီ၊ စပိန်၊ သြစတြေးလျ၊ ရုရှားနဲ့ ဂျာမနီနိုင်ငံတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုက်ရောက်ဗီဇာခွင့်ပြုပေးထားပြီး အာဆီယံနိုင်ငံတချို့ကို ဗီဇာကင်းလွတ်ခွင့်ပြုထားပါတယ်။  ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ စာရင်းတွေအရတော့ မြန်မာနိုင်ငံကို ပြည်ပခ ရီးသွားဧည့်သည် အယောက် ၁ ဒသမ ၁၄ သန်း ဝင်ရောက်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၆ ႀကိမ္ေျမာက္ ႏိုင္ငံတကာခရီးသြားျပပြဲ က်င္းပ ျမန္မာ့ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳတိုးတက္ဖို႔ ရည္႐ြယ္ၿပီး ၆ ႀကိမ္ေျမာက္ ႏိုင္ငံတကာ ခရီးသြားျပပြဲကို ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္မွာ က်င္းပေနပါတယ္။ အဲဒီခရီးသြားျပပြဲမွာေတာ့ ေလေၾကာင္းလိုင္းကုမၸဏီေတြ၊ ခရီးသြားကုမၸဏီေတြနဲ႔ ခရီးသြားနဲ႔သက္ဆိုင္တဲ့ ဘဏ္ေတြ စတဲ့ အဖြဲ႕အစည္းေပါင္း ၁၀၀ ေက်ာ္က ပါဝင္ျပသေနတာလည္း ျဖစ္ပါတယ္။ ၾသဂုတ္ ၃၁ ရက္ေန႔ကေန စက္တင္ဘာလ ၁ ရက္ေန႔အထိ ၂ ရက္ၾကာ က်င္းပေနတဲ့ ႏိုင္ငံတကာ ခရီးသြားျပပြဲကေန ျပည္တြင္းျပည္ပ ခရီးစဥ္ေတြကို သက္သာတဲ့ ေစ်းႏႈန္းေတြနဲ႔ ဝယ္ယူႏိုင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ခရီးသြားလုပ္ငန္း တိုးတက္ၿပီး ျပည္ပခရီးသြားေတြ ပိုမိုဝင္ေရာက္လာႏိုင္ဖို႔အတြက္လည္း လာမယ့္ ေအာက္တိုလမွာ အီတလီ၊ စပိန္၊ ၾသစေၾတးလ်၊ ႐ုရွားနဲ႔ ဂ်ာမနီႏိုင္ငံေတြကို ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက ဆိုက္ေရာက္ဗီဇာခြင့္ျပဳေပးထားၿပီး အာဆီယံႏိုင္ငံတခ်ိဳ႕ကို ဗီဇာကင္းလြတ္ခြင့္ျပဳထားပါတယ္။ ၂၀၁၉ ခုႏွစ္ ဇူလိုင္လကုန္အထိ စာရင္းေတြအရေတာ့ ျမန္မာႏိုင္ငံကို ျပည္ပခ ရီးသြားဧည့္သည္ အေယာက္ ၁ ဒသမ ၁၄ သန္း ဝင္ေရာက္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up