A d v e r t i s e m e n t With Us

ထိုင်းတွင် လိင်ပိုင်း ထိပါးနှောင့်ယှက်ခံရမှု ထူပြောလာနေဟု စစ်တမ်းတခုကဆို

ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု ထူပြောလာနေတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်း တစောင်ကို ကိုးကားပြီး The Thaiger သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီသုတေသနစစ်တမ်းကိုတော့ ဗြိတိန်အခြေစိုက် ဈေးကွက်သုတေသန ကုမ္ပဏီတခုဖြစ်တဲ့ YouGov က လူပေါင်း ၁၁၀၇ ယောက်ကို မေးမြန်းကာ သုတေသနလုပ်ခဲ့တာ ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းက သူတို့အနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရရဖူးတဲ့ အတွေ့အကြုံတွေ ရှိကြတယ်လို့ ဆိုပါတယ်။ ၄၄ ရာခိုင်နှုန်းကတော့ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ထိပါးနှောင့်ယှက်ခံရတယ်လို့ ဖြေကြပြီး ၄၂ ရာခိုင်နှုန်းကတော့ နှုတ်နဲ့ ထိကပါးရိကပါး ပြောဆိုနှောင့်ယှက်ခံရတယ်လို့ ဖြေခဲ့ကြတာပါ။ စစ်တမ်းအရ ခုလိုထိပါးနှောင့်ယှက်ခံရတဲ့ နေရာတွေထဲမှာ အများပြည်သူ ဆက်သွယ် သွားလာတဲ့ နေရာတွေလို့ ဖြေဆိုသူ ၂၇ ရာခိုင်နှုန်း၊ နိုက်ကလပ်တွေမှာလို့ ဖြေဆိုသူ ၁၈ ရာခိုင်နှုန်းနဲ့ ကျောင်းနဲ့ တက္ကသိုလ်တွေမှာလို့ ဖြေဆိုသူ ၁၇ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ သူတို့ထဲက ခုလို ထိပါးနှောင့်ယှက်ခံကြရတဲ့အခါ သူငယ်ချင်းတယောက်ယောက်ကို ဒီအကြောင်း ပြောပြလိုတယ်လို့ ဖြေဆိုသူ ၅၅ ရာခိုင်နှုန်း၊ မိသားစုဝင်တွေကို ပြောပြလိုတယ်လို့ ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းနဲ့ ရဲတွေကို ပြောပြလိုတယ်လို့ ဖြေဆို သူ ၁၀ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ခုလို အကြောင်းအရာတွေကို ထုတ်ဖော် ပြောပြလိုကြတယ်လို့ ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ထိုင္းတြင္ လိင္ပိုင္း ထိပါးေႏွာင့္ယွက္ခံရမႈ ထူေျပာလာေနဟု စစ္တမ္းတခုကဆို ထိုင္းႏိုင္ငံမွာ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ခံရမႈ ထူေျပာလာေနတယ္လို႔ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ သုေတသနစစ္တမ္း တေစာင္ကို ကိုးကားၿပီး The Thaiger သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။ ဒီသုေတသနစစ္တမ္းကိုေတာ့ ၿဗိတိန္အေျခစိုက္ ေဈးကြက္သုေတသန ကုမၸဏီတခုျဖစ္တဲ့ YouGov က လူေပါင္း ၁၁၀၇ ေယာက္ကို ေမးျမန္းကာ သုေတသနလုပ္ခဲ့တာ ျဖစ္ၿပီး ၂၁ ရာခိုင္ႏႈန္းက သူတို႔အေနနဲ႔ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္ခံရရဖူးတဲ့ အေတြ႕အႀကဳံေတြ ရွိၾကတယ္လို႔ ဆိုပါတယ္။ ၄၄ ရာခိုင္ႏႈန္းကေတာ့ လိင္ပိုင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္ ထိပါးေႏွာင့္ယွက္ခံရတယ္လို႔ ေျဖၾကၿပီး ၄၂ ရာခိုင္ႏႈန္းကေတာ့ ႏႈတ္နဲ႔ ထိကပါးရိကပါး ေျပာဆိုေႏွာင့္ယွက္ခံရတယ္လို႔ ေျဖခဲ့ၾကတာပါ။ စစ္တမ္းအရ ခုလိုထိပါးေႏွာင့္ယွက္ခံရတဲ့ ေနရာေတြထဲမွာ အမ်ားျပည္သူ ဆက္သြယ္ သြားလာတဲ့ ေနရာေတြလို႔ ေျဖဆိုသူ ၂၇ ရာခိုင္ႏႈန္း၊ ႏိုက္ကလပ္ေတြမွာလို႔ ေျဖဆိုသူ ၁၈ ရာခိုင္ႏႈန္းနဲ႔ ေက်ာင္းနဲ႔ တကၠသိုလ္ေတြမွာလို႔ ေျဖဆိုသူ ၁၇ ရာခိုင္ႏႈန္း ရွိေနတာ ျဖစ္ပါတယ္။ သူတို႔ထဲက ခုလို ထိပါးေႏွာင့္ယွက္ခံၾကရတဲ့အခါ သူငယ္ခ်င္းတေယာက္ေယာက္ကို ဒီအေၾကာင္း ေျပာျပလိုတယ္လို႔ ေျဖဆိုသူ ၅၅ ရာခိုင္ႏႈန္း၊ မိသားစုဝင္ေတြကို ေျပာျပလိုတယ္လို႔ ေျဖဆိုသူ ၃၉ ရာခိုင္ႏႈန္းနဲ႔ ရဲေတြကို ေျပာျပလိုတယ္လို႔ ေျဖဆို သူ ၁၀ ရာခိုင္ႏႈန္းရွိၿပီး အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ခုလို အေၾကာင္းအရာေတြကို ထုတ္ေဖာ္ ေျပာျပလိုၾကတယ္လို႔ ဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up