A d v e r t i s e m e n t With Us

စစ္စလီကျွန်းပေါ်က စထောမ်ဘိုလီမီးတောင် ပေါက်ကွဲ

The eruption of the Stromboli volcano continued in the early hours of Friday, but luckily no damage or injuries had been reported. Rough cut (no reporter narration)
အီတလီနိုင်ငံ စစ္စလီကျွန်းပေါ်က  စထောမ်ဘိုလီ မီးတောင်ဟာ သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းက  ဆက်လက်ပေါက်ကွဲနေပြီး ထိခိုက်ပျက်စီးတာတော့ မရှိသေးဘူးလို့ သိရပါတယ်။ မီးတောင်လမ်းပြတဦးက မီးတောင်လှုပ်ရှားမှုဟာ အားပြင်းပြီး  မီးတောင်ဝကနေ ဖြာထွက်တဲ့ မီးပန်းတွေဟာ မီတာ ၃၀၀ လောက်အထိ ရောက်ရှိတယ်လို့ ပြောပါတယ်။   မီးတောင် ပေါက်ကွဲနေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေဟာ ခါတိုင်းလို မီးတောင်ဝအထိ မတက်ရောက်နိုင်ဘဲ ခပ်လှမ်းလှမ်းမှာ နေကြရပါတယ်။ စစ္စလီကျွန်းနေ ဒေသခံတွေအဖို့ မီးတောင်ပေါက်ကွဲတာနဲ့ အသားကျပေမယ့်  ကမ္ဘာလှည့် ခရီးသွားတွေကတော့ ပေါက်ကွဲမှုနဲ့ ကြုံရတဲ့အခါမှာ ကြောက်လန့်ကြပါတယ်။    ဘူမိဒေါ့ကွန်း ဝက်ဆိုက် ဖော်ပြချက်အရ စထောမ်ဘိုလီမီးတောင်ဟာ  ကမ္ဘာပေါ်ရှိ သက်ဝင်မှုအရှိဆုံး မီးတောင်တွေထဲတခုဖြစ်ပြီး ၁၉၃၂ ခုနှစ်က စလို့ ဆက်တိုက်ဆိုသလို ပေါက်ကွဲနေတာပါ။  စထောမ်ဘိုလီ-မီးတောင်ဟာ  အီတလီတောင်ပိုင်း စစ္စလီ ကမ်းရိုးတန်းမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက အားပြင်းပေါက်ကွဲမှုမှာ ချော်ရည်ပူတွေ စီးထွက်ခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာဒေသဟာ ပြာအတိ ဖြစ်ခဲ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version စစၥလီကြၽန္းေပၚက စေထာမ္ဘိုလီမီးေတာင္ ေပါက္ကြဲ အီတလီႏိုင္ငံ စစၥလီကြၽန္းေပၚက  စေထာမ္ဘိုလီ မီးေတာင္ဟာ ၾသဂုတ္ ၃၀ ရက္ေန႔ မနက္ပိုင္းက  ဆက္လက္ေပါက္ကြဲေနၿပီး ထိခိုက္ပ်က္စီးတာေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ မီးေတာင္လမ္းျပတဦးက မီးေတာင္လႈပ္ရွားမႈဟာ အားျပင္းၿပီး  မီးေတာင္ဝကေန ျဖာထြက္တဲ့ မီးပန္းေတြဟာ မီတာ ၃၀၀ ေလာက္အထိ ေရာက္ရွိတယ္လို႔ ေျပာပါတယ္။ မီးေတာင္ ေပါက္ကြဲေနတာေၾကာင့္ ကမာၻလွည့္ခရီးသြားေတြဟာ ခါတိုင္းလို မီးေတာင္ဝအထိ မတက္ေရာက္ႏိုင္ဘဲ ခပ္လွမ္းလွမ္းမွာ ေနၾကရပါတယ္။ စစၥလီကြၽန္းေန ေဒသခံေတြအဖို႔ မီးေတာင္ေပါက္ကြဲတာနဲ႔ အသားက်ေပမယ့္  ကမာၻလွည့္ ခရီးသြားေတြကေတာ့ ေပါက္ကြဲမႈနဲ႔ ႀကဳံရတဲ့အခါမွာ ေၾကာက္လန႔္ၾကပါတယ္။ ဘူမိေဒါ့ကြန္း ဝက္ဆိုက္ ေဖာ္ျပခ်က္အရ စေထာမ္ဘိုလီမီးေတာင္ဟာ  ကမာၻေပၚရွိ သက္ဝင္မႈအရွိဆုံး မီးေတာင္ေတြထဲတခုျဖစ္ၿပီး ၁၉၃၂ ခုႏွစ္က စလို႔ ဆက္တိုက္ဆိုသလို ေပါက္ကြဲေနတာပါ။ စေထာမ္ဘိုလီ-မီးေတာင္ဟာ  အီတလီေတာင္ပိုင္း စစၥလီ ကမ္း႐ိုးတန္းမွာ တည္ရွိၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လက အားျပင္းေပါက္ကြဲမႈမွာ ေခ်ာ္ရည္ပူေတြ စီးထြက္ခဲ့တာေၾကာင့္ လူတေယာက္ ေသဆုံးၿပီး ကမာၻလွည့္ခရီးသြားေတြ လာေရာက္ရာေဒသဟာ ျပာအတိ ျဖစ္ခဲ့ရတယ္လို႔ ႐ိုက္တာ သတင္းမွာ ေဖာ္ျပပါတယ္။

A d v e r t i s e m e n t With Us

More News
Up