မြန်မာ လက်ရွေးစင်အသင်း တရုတ်ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်

Photo : Myanmar Football Federation
တရုတ်နိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ မနေ့ ညနေပိုင်း တရုတ်လက်ရွေးစင် အသင်းနဲ့ လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီး ၄-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ လေ့ကျင့်ခြေစမ်းခြင်း ဖြစ်တဲ့အတွက် တရုတ်နဲ့ မြန်မာ နှစ်သင်းစလုံး ကစားသမား အကန့်အသတ်မရှိ လဲလှယ်အသုံးပြုခဲ့ကြတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းဟာ ဂိုး- ကျော်ဇင်ထက်၊ နောက်တန်း- ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ အလယ်တန်း - မောင်မောင်လွင်၊ ရန်အောင်ကျော်၊ လွင်မိုးအောင်၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ ရှေ့တန်း- အောင်သူတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ နာမည်ကျော် နည်းပြ မာဆယ်လို လစ်ပီ ကိုင်တွယ်နေတဲ့ တရုတ်အသင်းကတော့ ပထမပိုင်း ပွဲအစမှာပင် အမြင့်ဘောများ အသုံးပြု အလျင်အမြန်က ကစားသွားခဲ့ပြီး မြန်မာအသင်း ကစားပုံ အထိုင်မကျသေးမီမှာပင် သွင်းဂိုး ၄ ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ ဝန်းကျင်မှစပြီး မြန်မာအသင်းကစားပုံ အချိတ်အဆက် မိလာခဲ့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လည် တိုက်စစ်ဖွင့်လာနိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်း ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ အိမ်ရှင် တရုတ်အသင်းကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးလာနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲထွက် ကစားသမားအားလုံးကို အနားပေးခဲ့ပြီး ကျော်ကိုကို၊ ဝင်းနိုင်စိုး၊ သိန်းသန်းဝင်း၊ ကျော်ဇင်လွင်၊ သန်းပိုင်၊ ဆော်လမန်၊ ကြည်လင်း၊ ဇော်လင်း၊ ပြည့်ဖြိုးဇော်၊ ကောင်းစည်သူ၊ ကျော်ဇင်ဖြိုး(ဂိုး)တို့ကို အသုံးပြုခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းအတွက် သိန်းသန်းဝင် ဖြတ်တင်ဘောကို ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းယူခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ တရုတ်နိုင်ငံမှာ ၄ ရက်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံကို ဒီနေ့ ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။ မြန်မာအသင်းဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မွန်ဂိုလီးယား၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဂျပန်တို့နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ယှဉ်ပြိုင် ကစားရမှာပါ။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာ လက္ေ႐ြးစင္အသင္း တ႐ုတ္ကို ၄-၁ ဂိုးျဖင့္ ရႈံးနိမ့္ တ႐ုတ္ႏိုင္ငံမွာ ေလ့က်င့္မႈေတြ ျပဳလုပ္ေနတဲ့ ျမန္မာ့လက္ေ႐ြးစင္အသင္းဟာ မေန႔ ညေနပိုင္း တ႐ုတ္လက္ေ႐ြးစင္ အသင္းနဲ႔ ေလ့က်င့္ေျခစမ္းပြဲ ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ၄-၁ ဂိုးနဲ႔ ရႈံးနိမ့္သြားပါတယ္။ ေလ့က်င့္ေျခစမ္းျခင္း ျဖစ္တဲ့အတြက္ တ႐ုတ္နဲ႔ ျမန္မာ ႏွစ္သင္းစလုံး ကစားသမား အကန႔္အသတ္မရွိ လဲလွယ္အသုံးျပဳခဲ့ၾကတယ္လို႔ ျမန္မာေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားပါတယ္။ ပထမပိုင္းမွာ ျမန္မာအသင္းဟာ ဂိုး- ေက်ာ္ဇင္ထက္၊ ေနာက္တန္း- ေဒးဗစ္ထန္၊ ေဇာ္မင္းထြန္း၊ စိုးမိုးေက်ာ္၊ နႏၵေက်ာ္၊ အလယ္တန္း - ေမာင္ေမာင္လြင္၊ ရန္ေအာင္ေက်ာ္၊ လြင္မိုးေအာင္၊ လႈိင္းဘိုဘို၊ စည္သူေအာင္၊ ေရွ႕တန္း- ေအာင္သူတို႔နဲ႔ ပြဲထြက္ခဲ့ပါတယ္။ နာမည္ေက်ာ္ နည္းျပ မာဆယ္လို လစ္ပီ ကိုင္တြယ္ေနတဲ့ တ႐ုတ္အသင္းကေတာ့ ပထမပိုင္း ပြဲအစမွာပင္ အျမင့္ေဘာမ်ား အသုံးျပဳ အလ်င္အျမန္က ကစားသြားခဲ့ၿပီး ျမန္မာအသင္း ကစားပုံ အထိုင္မက်ေသးမီမွာပင္ သြင္းဂိုး ၄ ဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။ ပထမပိုင္း မိနစ္ ၃၀ ဝန္းက်င္မွစၿပီး ျမန္မာအသင္းကစားပုံ အခ်ိတ္အဆက္ မိလာခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြနဲ႔ ျပန္လည္ တိုက္စစ္ဖြင့္လာႏိုင္ခဲ့တာပါ။ ဒုတိယပိုင္းမွာေတာ့ ျမန္မာအသင္း ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ အိမ္ရွင္ တ႐ုတ္အသင္းကို ေတာက္ေလွ်ာက္ ဖိအားေပးႏိုင္ခဲ့ၿပီး အခြင့္အေရးေတြလည္း ဖန္တီးလာႏိုင္ခဲ့ပါတယ္။ ပထမပိုင္း ပြဲထြက္ ကစားသမားအားလုံးကို အနားေပးခဲ့ၿပီး ေက်ာ္ကိုကို၊ ဝင္းႏိုင္စိုး၊ သိန္းသန္းဝင္း၊ ေက်ာ္ဇင္လြင္၊ သန္းပိုင္၊ ေဆာ္လမန္၊ ၾကည္လင္း၊ ေဇာ္လင္း၊ ျပည့္ၿဖိဳးေဇာ္၊ ေကာင္းစည္သူ၊ ေက်ာ္ဇင္ၿဖိဳး(ဂိုး)တို႔ကို အသုံးျပဳခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ျမန္မာအသင္းအတြက္ သိန္းသန္းဝင္ ျဖတ္တင္ေဘာကို ေဇာ္မင္းထြန္းက ေခါင္းတိုက္သြင္းယူခဲ့တာပါ။ ျမန္မာ့လက္ေ႐ြးစင္အသင္းအေနနဲ႔ တ႐ုတ္ႏိုင္ငံမွာ ၄ ရက္ၾကာ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး မြန္ဂိုလီးယားႏိုင္ငံကို ဒီေန႔ ဆက္လက္ထြက္ခြာမယ္လို႔ သိရပါတယ္။ ျမန္မာအသင္းဟာ စက္တင္ဘာ ၅ ရက္ေန႔မွာ မြန္ဂိုလီးယား၊ စက္တင္ဘာ ၁၀ ရက္ေန႔မွာ ဂ်ပန္တို႔နဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲမ်ား ယွဥ္ၿပိဳင္ ကစားရမွာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up