Home
အနုပညာ
“မငြိမ်းချမ်းလို့ မဖြစ်ဘူး” ငြိမ်းချမ်းရေးသီချင်း နိုင်ငံတော်ကို လှူမည်
နော်နိုရင်း
·
August 31, 2019
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ကယားပြည်နယ် လူငယ် အနုပညာသမားတွေနဲ့ ရေးသားသီဆို ဖော်ကျူးထားတဲ့ “မငြိမ်းချမ်းလို့ မဖြစ်ဘူး” ဆိုတဲ့ ငြိမ်းချမ်းရေးသီချင်းကို နိုင်ငံတော်ကို ပေးလှူသွားမယ်လို့ ဒီသီချင်းကို ကိုယ်တိုင်ရေးသားခဲ့တဲ့ တေးရေးသစ်လွင်အောင် (လွိုင်ကော်)က ပြောပါတယ်။ “ဒီသီချင်းက ထူးခြားတာက ဘာလဲဆိုတော့ ဒီသီချင်းမှာ တေးရေးကတော့ ကျနော် သစ်လွင်အောင်(လွိုင်ကော်)ပေါ့။ တေးဆိုကတော့ နော်ဂူဂူး၊ လွိုင်ကော်ကပဲ။ ပြီးတော့ ဒီသီချင်းကို ဂီတပိုင်းဆိုင်ရာ ဖန်တီးမှုအကုန်လုံးကလည်း ကယားပြည်နယ်ကပဲ။ နောက်ပြီးတော့ ဒီထဲမှာ တယောထိုးတာ တွေ့ပါလိမ့်။ အားလုံး အယောက် ၇၀ လောက်ရှိတယ်။ ဟာမိုနီလိုက်တာ အယောက် ၃၀ ကျော်ရှိတယ်။ တိုင်းရင်းသားလူငယ်တွေ အားလုံး အယောက် ၁၀၀ ကျော် စုပေါင်းပြီး‌တော့ ဒီသီချင်းကို ဖန်တီးထားတာ ဖြစ်တယ်။ နောက်ပြီးတော့ ကယားပြည်နယ် အသံလည်း ဟုတ်တာပေါ့။ ငြိမ်းချမ်းရေးကို လိုချင်နေတဲ့ နှလုံးသားတွေနဲ့ သူတို့ ဖန်တီးခဲ့ကြတာပေါ့။” ဒီသီချင်းကို ဖန်တီးပြီးနောက် မြန်မာပြည်အနုပညာ အသိုင်းအဝိုင်းနဲ့ တိုင်ပင်ချိန်မှာ အတော်လေး စိတ်ဝင်စားခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီသီချင်းကို MTV ရိုက်တဲ့အခါတော့ ဒါရိုက်တာအနေနဲ့ မင်းသိုက်က ရိုက်ပေးထားပြီး အဲဒီထဲမှာ ကယားပြည်နယ်ရဲ့အလှ အပါအဝင် တကယ့် စစ်ဘေးရှောင်တွေရဲ့ ဒုက္ခသည် ပုံရိပ်တွေ၊ စစ်ဖြစ်နေတဲ့ နယ်မြေမှာ စစ်ဘေးကြုံနေတဲ့ စစ်ဘေး ပုံရိပ်တွေနဲ့ ဖန်တီးထားပါတယ်။ ဒါရိုက်တာ မင်းသိုက်ကတော့ ဒီသီချင်းကို MTV ရိုက်ဖို့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ပြင်ဆင် ရိုက်ကူးခဲ့ကြရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကယားပြည်နယ်က တိုင်ရင်းသား ကလေးတွေရဲ့ အနုပညာကို ချီးမြှင့်လိုတဲ့အတွက်လည်း ဒါရိုက်တာနောင်နောင်(ဆန်းဖလားဝါး)နဲ့ ဒါရိုက်တာ ရဲမြင့်လွင်တို့ကနေပြီးတော့ ဒီသီချင်းကို Orchestra ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့အတွက် ဒီသီချင်းကို ပုံစံ ၂ မျိုးနဲ့ တင်ဆက်ထားပါတယ်။ ဒီသီချင်းကို ကယားပြည်နယ် ငြိမ်းချမ်းရေး အသွင်တခုအနေနဲ့ ဆောင်ရွက်တဲ့အတွက် နိုင်ငံတော်ကို လှူဖို့ စီစဉ်ခဲ့ရာမှာ နိုင်ငံတော်အကြီးအကဲကလည်း သဘောကျတဲ့အတွက် လာမယ့် စက်တင်ဘာ ၁ ရက်နေ့ ကယားပြည်နယ် ပြည်နယ်ခန်းမမှာ ငြိမ်းချမ်းရေးဆုတောင်းပွဲနဲ့အတူ ဒီသီချင်းကို လှူသွားမယ်လို့လည်း တေးရေးလည်းဖြစ် ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌလည်း ဖြစ်တဲ့ သစ်လွင်အောင်(လွိုင်ကော်)က ပြောပါတယ်။ “ဒီသီချင်းကို နိုင်ငံတော်ကို လှူရင်ကောင်းမယ် ဆိုပြီးတော့ နိုင်ငံတော်ကို လှူဖို့ အစီအစဉ် လုပ်တယ်၊ ပြီးတော့ ကျနော်တို့ ဒီက ဆရာတော်တွေ၊ ဖာသာတွေနဲ့ Bishop တွေကိုလည်း သွားပြီးတော့ တင်ပြတယ်။ တင်ပြတဲ့အခါကျတော့ ဘိရှော့တို့ကလည်း ညွှန်ကြားတယ်။ ဒါဟာ ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေး အသွင်တခုအနေနဲ့ ဆောင်ရွက်ပါ။ ဒါကို ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့အတူ ဒီဂုဏ်ပြုပွဲလေး လုပ်ရင် ပိုကောင်းမယ်ပေါ့၊ အားလုံး ကယားပြည်နယ် တခုလုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ပါဝင်ပတ်သက်တာကို တင်ပြပြီးသားလည်း ဖြစ်တာပေါ့နော်။ အဲဒီလိုပဲ ဆရာတော်တွေ ညွန်ကြားတဲ့အတိုင်း ကျနော်တို့ကနေပြီးတော့ နိုင်ငံတော် အကြီးအကဲတွေကို တင်ပြလိုက်ပါတယ်။ တင်ပြလိုက်တဲ့အခါကျတော့ ဒါ ဟုတ်ပါတယ်။ ဒီသီချင်းကို သူတို့က ဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကယားပြည်နယ် ကလေးတွေ ဖန်တီးထားတာလည်း ဖြစ်တယ်။ သီချင်းကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ မြန်မာပြည် ငြိမ်းချမ်းရေး အရွေ့တခုမှာ အတိုင်းအတာတခုအထိ ဒီသီချင်းလေးက အကျိုးသက်ရောက်မှု ရှိနိုင်တယ် ဆိုပြီး လူကြီးတွေက သုံးသပ်တာပေါ့။ သုံးသပ်တဲ့အခါကျတော့ ဒါကို ဂုဏ်ပြုပွဲလုပ်ပါ။ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလုပ်ပါ ဆိုပြီးတော့ ညွှန်ကြားချက်တွေ ရှိလာတော့ လုပ်ကြတယ်။ အဲတော့ ကယားပြည်နယ် အစိုးရက အစ်ကိုတို့ကို ကူညီပေးတယ်။ ပြည်နယ်ခန်းမကို အခမဲ့ သုံးစွဲခွင့်ပေးတယ်။ လိုအပ်တာတွေ အကုန်လုံး ကူညီပံ့ပိုးပေးတာပေါ့နော်။” ဒါကြောင့် လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ “မငြိမ်းချမ်းလို့ မဖြစ်ဘူး” တေးသီချင်း ဖြစ်မြောက်ရေးအတွက် စုပေါင်း ပုံဖော် ဖန်တီးခဲ့ကြတဲ့ ကယားပြည်နယ် တိုင်းရင်းသားလူငယ် အနုပညာရှင်တွေကို ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က တာဝန်ရှိသူတွေ၊ ပြည်ထောင်စုအစိုးရဝန်ကြီးတွေနဲ့ တခြား ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ဖြစ်တဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါ်နန်းခင်ထွေးမြင့်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ဖို့ ရှိနေပါတယ်။ ဒီအခမ်းအနားမှာပဲ သီချင်း MTV ၂ ပုဒ်ကို LED ပုံစံနဲ့ အားလုံးကို  ဖွင့်ပြသွားမှာဖြစ်သလို တဆက်တည်းမှာပဲ NRPC ကို လှူဒါန်းသွားမယ်လို့ တေးရေး သစ်လွင်အောင်(လွိုင်ကော်)က ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version “မၿငိမ္းခ်မ္းလို႔ မျဖစ္ဘူး” ၿငိမ္းခ်မ္းေရးသီခ်င္း ႏိုင္ငံေတာ္ကို လႉမည္ ျမန္မာျပည္ ၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ၿပီး ကယားျပည္နယ္ လူငယ္ အႏုပညာသမားေတြနဲ႔ ေရးသားသီဆို ေဖာ္က်ဴးထားတဲ့ “မၿငိမ္းခ်မ္းလို႔ မျဖစ္ဘူး” ဆိုတဲ့ ၿငိမ္းခ်မ္းေရးသီခ်င္းကို ႏိုင္ငံေတာ္ကို ေပးလႉသြားမယ္လို႔ ဒီသီခ်င္းကို ကိုယ္တိုင္ေရးသားခဲ့တဲ့ ေတးေရးသစ္လြင္ေအာင္ (လြိဳင္ေကာ္)က ေျပာပါတယ္။ “ဒီသီခ်င္းက ထူးျခားတာက ဘာလဲဆိုေတာ့ ဒီသီခ်င္းမွာ ေတးေရးကေတာ့ က်ေနာ္ သစ္လြင္ေအာင္(လြိဳင္ေကာ္)ေပါ့။ ေတးဆိုကေတာ့ ေနာ္ဂူဂူး၊ လြိဳင္ေကာ္ကပဲ။ ၿပီးေတာ့ ဒီသီခ်င္းကို ဂီတပိုင္းဆိုင္ရာ ဖန္တီးမႈအကုန္လုံးကလည္း ကယားျပည္နယ္ကပဲ။ ေနာက္ၿပီးေတာ့ ဒီထဲမွာ တေယာထိုးတာ ေတြ႕ပါလိမ့္။ အားလုံး အေယာက္ ၇၀ ေလာက္ရွိတယ္။ ဟာမိုနီလိုက္တာ အေယာက္ ၃၀ ေက်ာ္ရွိတယ္။ တိုင္းရင္းသားလူငယ္ေတြ အားလုံး အေယာက္ ၁၀၀ ေက်ာ္ စုေပါင္းၿပီး‌ေတာ့ ဒီသီခ်င္းကို ဖန္တီးထားတာ ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ကယားျပည္နယ္ အသံလည္း ဟုတ္တာေပါ့။ ၿငိမ္းခ်မ္းေရးကို လိုခ်င္ေနတဲ့ ႏွလုံးသားေတြနဲ႔ သူတို႔ ဖန္တီးခဲ့ၾကတာေပါ့။” ဒီသီခ်င္းကို ဖန္တီးၿပီးေနာက္ ျမန္မာျပည္အႏုပညာ အသိုင္းအဝိုင္းနဲ႔ တိုင္ပင္ခ်ိန္မွာ အေတာ္ေလး စိတ္ဝင္စားခဲ့ၾကတယ္လို႔ ေျပာပါတယ္။ ဒီသီခ်င္းကို MTV ႐ိုက္တဲ့အခါေတာ့ ဒါ႐ိုက္တာအေနနဲ႔ မင္းသိုက္က ႐ိုက္ေပးထားၿပီး အဲဒီထဲမွာ ကယားျပည္နယ္ရဲ႕အလွ အပါအဝင္ တကယ့္ စစ္ေဘးေရွာင္ေတြရဲ႕ ဒုကၡသည္ ပုံရိပ္ေတြ၊ စစ္ျဖစ္ေနတဲ့ နယ္ေျမမွာ စစ္ေဘးႀကဳံေနတဲ့ စစ္ေဘး ပုံရိပ္ေတြနဲ႔ ဖန္တီးထားပါတယ္။ ဒါ႐ိုက္တာ မင္းသိုက္ကေတာ့ ဒီသီခ်င္းကို MTV ႐ိုက္ဖို႔ လြန္ခဲ့တဲ့ ၆ လေလာက္ကတည္းက ျပင္ဆင္ ႐ိုက္ကူးခဲ့ၾကရတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ကယားျပည္နယ္က တိုင္ရင္းသား ကေလးေတြရဲ႕ အႏုပညာကို ခ်ီးျမႇင့္လိုတဲ့အတြက္လည္း ဒါ႐ိုက္တာေနာင္ေနာင္(ဆန္းဖလားဝါး)နဲ႔ ဒါ႐ိုက္တာ ရဲျမင့္လြင္တို႔ကေနၿပီးေတာ့ ဒီသီခ်င္းကို Orchestra ပုံစံမ်ိဳးနဲ႔ ႐ိုက္ကူးထားတဲ့အတြက္ ဒီသီခ်င္းကို ပုံစံ ၂ မ်ိဳးနဲ႔ တင္ဆက္ထားပါတယ္။ ဒီသီခ်င္းကို ကယားျပည္နယ္ ၿငိမ္းခ်မ္းေရး အသြင္တခုအေနနဲ႔ ေဆာင္႐ြက္တဲ့အတြက္ ႏိုင္ငံေတာ္ကို လႉဖို႔ စီစဥ္ခဲ့ရာမွာ ႏိုင္ငံေတာ္အႀကီးအကဲကလည္း သေဘာက်တဲ့အတြက္ လာမယ့္ စက္တင္ဘာ ၁ ရက္ေန႔ ကယားျပည္နယ္ ျပည္နယ္ခန္းမမွာ ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲနဲ႔အတူ ဒီသီခ်င္းကို လႉသြားမယ္လို႔လည္း ေတးေရးလည္းျဖစ္ ပြဲျဖစ္ေျမာက္ေရးဥကၠ႒လည္း ျဖစ္တဲ့ သစ္လြင္ေအာင္(လြိဳင္ေကာ္)က ေျပာပါတယ္။ “ဒီသီခ်င္းကို ႏိုင္ငံေတာ္ကို လႉရင္ေကာင္းမယ္ ဆိုၿပီးေတာ့ ႏိုင္ငံေတာ္ကို လႉဖို႔ အစီအစဥ္ လုပ္တယ္၊ ၿပီးေတာ့ က်ေနာ္တို႔ ဒီက ဆရာေတာ္ေတြ၊ ဖာသာေတြနဲ႔ Bishop ေတြကိုလည္း သြားၿပီးေတာ့ တင္ျပတယ္။ တင္ျပတဲ့အခါက်ေတာ့ ဘိေရွာ့တို႔ကလည္း ၫႊန္ၾကားတယ္။ ဒါဟာ ကယားျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရး အသြင္တခုအေနနဲ႔ ေဆာင္႐ြက္ပါ။ ဒါကို ဘာသာေပါင္းစုံ ဆုေတာင္းပြဲနဲ႔အတူ ဒီဂုဏ္ျပဳပြဲေလး လုပ္ရင္ ပိုေကာင္းမယ္ေပါ့၊ အားလုံး ကယားျပည္နယ္ တခုလုံးရဲ႕ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈမွာ ပါဝင္ပတ္သက္တာကို တင္ျပၿပီးသားလည္း ျဖစ္တာေပါ့ေနာ္။ အဲဒီလိုပဲ ဆရာေတာ္ေတြ ၫြန္ၾကားတဲ့အတိုင္း က်ေနာ္တို႔ကေနၿပီးေတာ့ ႏိုင္ငံေတာ္ အႀကီးအကဲေတြကို တင္ျပလိုက္ပါတယ္။ တင္ျပလိုက္တဲ့အခါက်ေတာ့ ဒါ ဟုတ္ပါတယ္။ ဒီသီခ်င္းကို သူတို႔က ဒါကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ကယားျပည္နယ္ ကေလးေတြ ဖန္တီးထားတာလည္း ျဖစ္တယ္။ သီခ်င္းကလည္း စိတ္ဝင္စားစရာ ေကာင္းတယ္။ ျမန္မာျပည္ ၿငိမ္းခ်မ္းေရး အေ႐ြ႕တခုမွာ အတိုင္းအတာတခုအထိ ဒီသီခ်င္းေလးက အက်ိဳးသက္ေရာက္မႈ ရွိႏိုင္တယ္ ဆိုၿပီး လူႀကီးေတြက သုံးသပ္တာေပါ့။ သုံးသပ္တဲ့အခါက်ေတာ့ ဒါကို ဂုဏ္ျပဳပြဲလုပ္ပါ။ ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္းနားနားလုပ္ပါ ဆိုၿပီးေတာ့ ၫႊန္ၾကားခ်က္ေတြ ရွိလာေတာ့ လုပ္ၾကတယ္။ အဲေတာ့ ကယားျပည္နယ္ အစိုးရက အစ္ကိုတို႔ကို ကူညီေပးတယ္။ ျပည္နယ္ခန္းမကို အခမဲ့ သုံးစြဲခြင့္ေပးတယ္။ လိုအပ္တာေတြ အကုန္လုံး ကူညီပံ့ပိုးေပးတာေပါ့ေနာ္။” ဒါေၾကာင့္ လာမယ့္ စက္တင္ဘာလ ၁ ရက္ေန႔မွာ ျမန္မာျပည္ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံ ဆုေတာင္းပြဲနဲ႔ “မၿငိမ္းခ်မ္းလို႔ မျဖစ္ဘူး” ေတးသီခ်င္း ျဖစ္ေျမာက္ေရးအတြက္ စုေပါင္း ပုံေဖာ္ ဖန္တီးခဲ့ၾကတဲ့ ကယားျပည္နယ္ တိုင္းရင္းသားလူငယ္ အႏုပညာရွင္ေတြကို ဂုဏ္ျပဳပြဲ အခမ္းအနား ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီအခမ္းအနားမွာ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) က တာဝန္ရွိသူေတြ၊ ျပည္ေထာင္စုအစိုးရဝန္ႀကီးေတြနဲ႔ တျခား ျပည္နယ္တိုင္းဝန္ႀကီးခ်ဳပ္ေတြ ျဖစ္တဲ့ မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ‌ေဒၚနန္းခင္ေထြးျမင့္နဲ႔ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ တက္ေရာက္ဖို႔ ရွိေနပါတယ္။ ဒီအခမ္းအနားမွာပဲ သီခ်င္း MTV ၂ ပုဒ္ကို LED ပုံစံနဲ႔ အားလုံးကို  ဖြင့္ျပသြားမွာျဖစ္သလို တဆက္တည္းမွာပဲ NRPC ကို လႉဒါန္းသြားမယ္လို႔ ေတးေရး သစ္လြင္ေအာင္(လြိဳင္ေကာ္)က ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024