Home
မြန်မာသတင်း
ဘားအံ- ဇာသပြင် ယာယီဘေလီတံတားမှ တန် ၄၀ အထိသာ ဖြတ်သန်းခွင့်ပြုမည်
DVB
·
August 31, 2019
မြန်မာ-ထိုင်းနယ်စပ်ကို ကုန်စည်စီးဆင်းနေတဲ့ ဘားအံ-ဇာသပြင်-အိန္ဒု ပတ်လမ်းပေါ်က တံတားအမှတ် ၂/၁၈ ဟာ တံတားကမ်းကပ်ခုံ အက်ကွဲပြီး နိမ့်ကျခဲ့တဲ့အတွက် ယာယီ ဘေလီတံတားပေါ်ကနေ ယာဉ်နဲ့ကုန် တန် ၄၀ အထိသာ ယာယီဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြပြည်ကျေးရွာမှာ အရှည်ပေ ၆၀၊ အကျယ် ၂၃ ပေ၊ တံတားအမှတ် ၁/ ၁၃ ဟာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ သြဂုတ် ၁၀ ရက်နေ့က အောက်ခြေ ကမ်းကပ်ခုံ ပြိုလဲခဲ့တဲ့အတွက် ယာဉ်နဲ့ကုန် တန် ၂၀ အထက်ယာဉ်တွေကို ဘားအံ-ဇာသပြင်-အိန္ဒု ပတ်လမ်းကနေ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ရာက သြဂုတ် ၂၉ ရက် မနက်ပိုင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ဘားအံခရိုင်၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သူလင်းက “ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ဘေလီဆိုရင် ထပ်အားဖြည့်ပြီး ကားကြီးတွေ သွားလို့ရအောင် စီစဉ်နေပါတယ်။ တန် ၄၀ လောက်ထိကို ကျနော်တို့ စမ်းပေးဖြတ်မယ်။ ၄၀ လောက်အထိ ပေးဖြတ်ပြီးလို့မှ အခြေအနေကောင်းရင် ထပ်ပြီးတော့မှ ၄၅၊ ၄၈ တန် ထပ်ပေးဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ ကုန်တင်ယာဉ်တွေအနေနဲ့ ကုန်စည် လျှော့ချပြီး ဖြတ်သန်းနေရတဲ့အတွက် ကုန်ကျစရိတ် ပိုမိုတဲ့အပြင် ယာဉ်ပိတ်ဆို့မှုတွေကြောင့် ကုန်စျေးနှုန်းကို ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။ မြင်းခြံမြို့၊ ယာဉ်မောင်း ကိုကျော်စွာဝင်းက “ကုန်စည်တွေကို ကဲ့ရတာနဲ့ ကားခတွေ၊ အလုပ်သမားခတွေ တက်လာမယ်။ ဒီလို လမ်းကြောင်းတွေ ပိတ်နေရင် ကုန်စျေးနှုန်းက အနည်းနဲ့ အများ တက်မှာပဲ။ ယာဉ်မောင်းတွေ အခက်အခဲကတော့ လမ်းတွေက သွားရလာရ ကြပ်လာတယ်” လို့ ပြောပါတယ်။ ကုန်စည်နဲ့ ခရီးသွားလာမှု အဆင်ပြေစေဖို့ တန်၂၀ ခွင့်ပြုထားတဲ့ ဘားအံ-အိန္ဒု လမ်းပေါ်က မြပြည်တံတား ခံနိုင်ဝန်ကို ထပ်မံအားဖြည့်လိုက်တဲ့အတွက် သြဂုတ် ၂၉ ရက်နေ့ကစပြီး ၃၆ တန်အထိ ဖြတ်သန်းခွင့်ပေးလိုက်ပါတယ်။ ရဲမင်းခေါင် ~~~~~~~~~~~~~~~~ Zawgyi_version ဘားအံ- ဇာသျပင္ ယာယီေဘလီတံတားမွ တန္ ၄၀ အထိသာ ျဖတ္သန္းခြင့္ျပဳမည္ ျမန္မာ-ထိုင္းနယ္စပ္ကို ကုန္စည္စီးဆင္းေနတဲ့ ဘားအံ-ဇာသျပင္-အိႏၵဳ ပတ္လမ္းေပၚက တံတားအမွတ္ ၂/၁၈ ဟာ တံတားကမ္းကပ္ခုံ အက္ကြဲၿပီး နိမ့္က်ခဲ့တဲ့အတြက္ ယာယီ ေဘလီတံတားေပၚကေန ယာဥ္နဲ႔ကုန္ တန္ ၄၀ အထိသာ ယာယီျဖတ္သန္းသြားလာခြင့္ျပဳမယ္လို႔ သိရပါတယ္။ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ျမျပည္ေက်း႐ြာမွာ အရွည္ေပ ၆၀၊ အက်ယ္ ၂၃ ေပ၊ တံတားအမွတ္ ၁/ ၁၃ ဟာ မိုးသည္းထန္စြာ႐ြာသြန္းခဲ့လို႔ ၾသဂုတ္ ၁၀ ရက္ေန႔က ေအာက္ေျခ ကမ္းကပ္ခုံ ၿပိဳလဲခဲ့တဲ့အတြက္ ယာဥ္နဲ႔ကုန္ တန္ ၂၀ အထက္ယာဥ္ေတြကို ဘားအံ-ဇာသျပင္-အိႏၵဳ ပတ္လမ္းကေန ျဖတ္သန္းသြားလာခြင့္ျပဳခဲ့ရာက ၾသဂုတ္ ၂၉ ရက္ မနက္ပိုင္းမွာ အခုလို ျဖစ္ပြားခဲ့တာပါ။ ဘားအံခ႐ိုင္၊ လမ္းဦးစီးဌာန၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဇာ္သူလင္းက “က်ေနာ္တို႔ကေတာ့ အတတ္ႏိုင္ဆုံး ေဘလီဆိုရင္ ထပ္အားျဖည့္ၿပီး ကားႀကီးေတြ သြားလို႔ရေအာင္ စီစဥ္ေနပါတယ္။ တန္ ၄၀ ေလာက္ထိကို က်ေနာ္တို႔ စမ္းေပးျဖတ္မယ္။ ၄၀ ေလာက္အထိ ေပးျဖတ္ၿပီးလို႔မွ အေျခအေနေကာင္းရင္ ထပ္ၿပီးေတာ့မွ ၄၅၊ ၄၈ တန္ ထပ္ေပးဖို႔ ရွိပါတယ္” လို႔ ေျပာပါတယ္။ ကုန္တင္ယာဥ္ေတြအေနနဲ႔ ကုန္စည္ ေလွ်ာ့ခ်ၿပီး ျဖတ္သန္းေနရတဲ့အတြက္ ကုန္က်စရိတ္ ပိုမိုတဲ့အျပင္ ယာဥ္ပိတ္ဆို႔မႈေတြေၾကာင့္ ကုန္ေစ်းႏႈန္းကို ထိခိုက္လာႏိုင္တယ္လို႔ ေျပာပါတယ္။ ျမင္းၿခံၿမိဳ႕၊ ယာဥ္ေမာင္း ကိုေက်ာ္စြာဝင္းက “ကုန္စည္ေတြကို ကဲ့ရတာနဲ႔ ကားခေတြ၊ အလုပ္သမားခေတြ တက္လာမယ္။ ဒီလို လမ္းေၾကာင္းေတြ ပိတ္ေနရင္ ကုန္ေစ်းႏႈန္းက အနည္းနဲ႔ အမ်ား တက္မွာပဲ။ ယာဥ္ေမာင္းေတြ အခက္အခဲကေတာ့ လမ္းေတြက သြားရလာရ ၾကပ္လာတယ္” လို႔ ေျပာပါတယ္။ ကုန္စည္နဲ႔ ခရီးသြားလာမႈ အဆင္ေျပေစဖို႔ တန္၂၀ ခြင့္ျပဳထားတဲ့ ဘားအံ-အိႏၵဳ လမ္းေပၚက ျမျပည္တံတား ခံႏိုင္ဝန္ကို ထပ္မံအားျဖည့္လိုက္တဲ့အတြက္ ၾသဂုတ္ ၂၉ ရက္ေန႔ကစၿပီး ၃၆ တန္အထိ ျဖတ္သန္းခြင့္ေပးလိုက္ပါတယ္။ ရဲမင္းေခါင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024