A d v e r t i s e m e n t With Us

ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု ရုရှား ထုတ်ပြန် (ရုပ်သံ)

Photo : Reuters
နျူကလီးယားထိပ်ဖူးတပ်နိုင်ပြီး အကွာအဝေး ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်တဲ့  ခါလီဘာ ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ပုံကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၃၀- ရက်နေ့မှာ   ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီဒုံးကျည်တွေကို ရုရှားရေတပ်သင်္ဘောပေါ်ကနေ  ပင်လယ်နက်အတွင်း ပစ်လွှတ်ခဲ့တာပါ။ အဲဒီ ခါလီဘာဒုံးကျည်ကို ပုံစံ ၅ မျိုးနဲ့  ထုတ်လုပ်ပါတယ်။ အဲဒါတွေကတော့ သင်္ဘောဖျက် ဒုံးကျည်နှစ်မျိုး၊ မြေပြင်ပစ် ဒုံးကျည်တမျိုးနဲ့  ရေငုပ်သင်္ဘောဖျက် ဒုံးကျည် နှစ်မျိုးတို့ ဖြစ်ပါတယ်။   ခါလီဘာဒုံးကျည်ဟာ မြေပြင်နဲ့ ရေငုပ်သင်္ဘောပစ် ဒုံးကျည်တွေနဲ့ တူညီပေမယ့်  ဒုံးကျည် တခုစီမှာ အစိတ်အပိုင်းအမျိုးမျိုး ပါဝင်ပါတယ်။  အဲဒီဒုံးကျည်ကို သင်္ဘောပေါ်ကနေ   ဒေါင်လိုက်ပစ်လွှတ်စနစ် အသုံးပြု ပစ်လွှတ်နိုင်ပါတယ်။   သူ့မှာ လားရာညွှန်နိုင်စွမ်းပါရှိတဲ့ ဒုံးစက် ပါရှိပါတယ်။  ရုရှားစစ်တပ် အဆိုအရ ခါလီဘာဒုံးကျည်ကို ရုရှားတောင်ပိုင်း ရေတပ် စစ်ရေးလေ့ကျင့်မှုအတွင်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~ Zawgyi_version ခ႐ုဇ္ဒုံးက်ည္ စမ္းသပ္ပစ္ခတ္မႈ ႐ုရွား ထုတ္ျပန္ (႐ုပ္သံ) န်ဴကလီးယားထိပ္ဖူးတပ္ႏိုင္ၿပီး  အကြာအေဝး ကီလိုမီတာ ၂၀၀၀ အထိ ပစ္ခတ္ႏိုင္တဲ့  ခါလီဘာ ခ႐ုဇ္ဒုံးက်ည္ စမ္းသပ္ပစ္ခတ္ပုံကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ၾသဂုတ္လ ၃၀- ရက္ေန႔မွာ   ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီဒုံးက်ည္ေတြကို ႐ုရွားေရတပ္သေဘၤာေပၚကေန  ပင္လယ္နက္အတြင္း ပစ္လႊတ္ခဲ့တာပါ။ အဲဒီ ခါလီဘာဒုံးက်ည္ကို ပုံစံ ၅ မ်ိဳးနဲ႔  ထုတ္လုပ္ပါတယ္။ အဲဒါေတြကေတာ့ သေဘၤာဖ်က္ ဒုံးက်ည္ႏွစ္မ်ိဳး၊ ေျမျပင္ပစ္ ဒုံးက်ည္တမ်ိဳးနဲ႔  ေရငုပ္သေဘၤာဖ်က္ ဒုံးက်ည္ ႏွစ္မ်ိဳးတို႔ ျဖစ္ပါတယ္။ ခါလီဘာဒုံးက်ည္ဟာ ေျမျပင္နဲ႔ ေရငုပ္သေဘၤာပစ္ ဒုံးက်ည္ေတြနဲ႔ တူညီေပမယ့္  ဒုံးက်ည္ တခုစီမွာ အစိတ္အပိုင္းအမ်ိဳးမ်ိဳး ပါဝင္ပါတယ္။ အဲဒီဒုံးက်ည္ကို သေဘၤာေပၚကေန   ေဒါင္လိုက္ပစ္လႊတ္စနစ္ အသုံးျပဳ ပစ္လႊတ္ႏိုင္ပါတယ္။   သူ႔မွာ လားရာၫႊန္ႏိုင္စြမ္းပါရွိတဲ့ ဒုံးစက္ ပါရွိပါတယ္။ ႐ုရွားစစ္တပ္ အဆိုအရ ခါလီဘာဒုံးက်ည္ကို ႐ုရွားေတာင္ပိုင္း ေရတပ္ စစ္ေရးေလ့က်င့္မႈအတြင္း အသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up