Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ကုန်တင်ကား ၃ စီး ဖျက်ဆီးခံရ
DVB
·
August 30, 2019
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမှာ ကုန်ကားသုံးစီး မီးလောင်ပျက်စီးသွားတယ်လို့ ယိုးတရုတ်ကျေးရွာ မျက်မြင်ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။ သြဂုတ် ၂၉ ရက် ညနေ ၇ နာရီဝန်းကျင်လောက်မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာရဲ့ မြောက်ဖက်အနီးမှာ ပေါက်ကွဲသံ တခုကြားလိုက်ပြီးနောက်မှာ ကုန်တင်ကား သုံးစီး အခုလိုမီးလောင်သွားတာဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာက အမည်မဖော်လိုသူ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။ “ညနေ ၇ နာရီခွဲကျမတို့ အိမ်နားဖြစ်တာ၊ ပေါက်ကွဲသံတလုံးကြားလိုက်တယ်။ ပစ်ခတ်သံတွေတော့ မကြားဘူး။ ထွက်ကြည့်လိုက်တော့ ကားသုံးစီး မီးလောင်တာတွေ့တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မတွေ့ဘူး။ အဲ့ဒီကုန်ကားမှာပစ္စည်းတွေကို သယ်ဆောင်လာတာလို့ ပြောတယ်။ အဲ့ဒီကားက ကန်စောက်ဖက်ကို သွားတာတဲ့”လို့ပြောပါတယ်။ အဲ့ဒီကုန်တင်ကားသုံးစီးကို အေအေတပ်ဖွဲ့က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မီးရှို့သွားတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ “အေအေသောင်းကျန်သူတွေက လက်နက်ငယ်တွေပစ်ပြီးတော့ တားတယ်။ တားပြီးတော့မှ ကားသုံးစီးရပ်လည်းရပ်ရော အဲ့ဒီကား သုံးစီးကို မီးရှို့သွားတယ်။ ကျနော်တို့ ပစ္စည်းသယ်တာ တပ်မတော်ပိုင်ယာဉ်တွေနဲ့ပဲ သယ်တာနော်။ ကျနော်တို့က အသွင်ယူပြီးသယ်တာတော့ ဘာမှမရှိဘူး။ ကားမောင်းတဲ့သူဒါရိုင်ဘာနဲ့ စပါယ်ယာတို့ ၅ ဦးပါတယ်။ အဲ့ဒီ ၅ယောက် ခေါ်သွားတယ်လို့ပြောတယ်။ ထိခိုက် ဒဏ်ရာရတာတော့မရှိဘူး”လို့ပြောပါတယ်။ ဒါ့အပြင် တပ်မတော်ဘက်က ဒီလိုကုန်တင်ကားပေါ်မှာ ပြည်သူတွေအကာကွယ်ယူပြီး ပစ္စည်းတွေသယ်ဆောင်တာတွေ အသွင်ယူပြီး လုပ်ဆောင်တာတွေလုပ်လေ့လုပ်ထမရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ တပ်မတော်က ပစ္စည်းတွေကို အရပ်သားကားတွေကို အသွင်ပြောင်း သယ်ဆောင်လာပြီး မီးရှို့ပြီးထားခဲ့တာလို့ ရက္ခိုင့်တပ်တော်အေအေတပ်ဖွဲ့က ပြောပါတယ်။ ရက္ခိုင့်တပ်တော်အေအေက ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ကားသုံးစီး မီးလောင်သွားတယ် ဆိုတဲ့ ကိစ္စက ဗမာစစ်တပ်ဘက်ကနေပြီးတော့ အရပ်ဘက် ကားတွေကို အသုံးပြီးတော့ သူတို့ ထောက်ပို့ ပစ္စည်းတွေကို ပြောင်းယူလာတာ။ ကျနော်တို့ဘက်က  အဲ့ဒါ ခပ်လှမ်းလှမ်း နေပြီးအချက်ပြတယ်။ အဲ့ဒါသူတို့အဝေးကနေ ရပ်တန့်ပြီးတော့ သူတို့ဟာသူတို့ မီးရှို့ပြီးတော့ ထွက်ပြေးသွားကြတာ၊ နောက်ဆုံး ကျနော်တို့ သတင်းရတာက ပြေးသွားတဲ့ လူတွေက အကုန်စစ်သားတွေလို့ပဲသိထားတယ်” လို့ပြောပါတယ်။ ပြည်သူလူထုကားတွေကိုအသွင်ပြောင်းပြီး တပ်မတော်က ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေနဲ့ လက်နက်ခဲယမ်းသယ်ဆောင်တာတွေ လုပ်ဆောင်တာလို့ အေအေ ပြောခွင့်ရသူ ခိုင်သုခကဆိုပါတယ်။ ရက္ခိုင့်တပ်တော်အေအေနဲ့ မြန်မာတပ်မတော်တိုက်ပွဲကာလတွေမှာ တပ်မတော်ယာဉ်တန်း တွေ မကြာခဏဆိုသလို တိုက်ခံရတာတွေ ရှိပါတယ်။  ပြီးခဲ့တဲ့မေလ ၉ ရက်ကလည်း ယိုးတရုတ်ရဲကင်းကို ရက္ခိုင့်တပ်တော် အေအေဖက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို - ဓာတ်ပုံ စောသန္တာ
ပုဏၰားကြၽန္းတြင္ ကုန္တင္ကား ၃ စီးဖ်က္ဆီးခံရ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုတ္ေက်း႐ြာအနီး ရန္ကုန္-စစ္ေတြကားလမ္းမွာ ကုန္ကားသုံးစီး မီးေလာင္ပ်က္စီးသြားတယ္လို႔ ယိုးတ႐ုတ္ေက်း႐ြာ မ်က္ျမင္ေဒသခံေတြက ဒီဗြီဘီကိုေျပာပါတယ္။ ၾသဂုတ္ ၂၉ ရက္ ညေန ၇ နာရီဝန္းက်င္ေလာက္မွာ ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုတ္ေက်း႐ြာရဲ႕ ေျမာက္ဖက္အနီးမွာ ေပါက္ကြဲသံ တခုၾကားလိုက္ၿပီးေနာက္မွာ ကုန္တင္ကား သုံးစီး အခုလိုမီးေလာင္သြားတာျဖစ္တယ္လို႔ ယိုးတ႐ုတ္ေက်း႐ြာက အမည္မေဖာ္လိုသူ မ်က္ျမင္ေဒသခံတဦးက ေျပာပါတယ္။ “ညေန ၇ နာရီခြဲက်မတို႔ အိမ္နားျဖစ္တာ၊ ေပါက္ကြဲသံတလုံးၾကားလိုက္တယ္။ ပစ္ခတ္သံေတြေတာ့ မၾကားဘူး။ ထြက္ၾကည့္လိုက္ေတာ့ ကားသုံးစီး မီးေလာင္တာေတြ႕တယ္။ ထိခိုက္ဒဏ္ရာရတာေတာ့ မေတြ႕ဘူး။ အဲ့ဒီကုန္ကားမွာပစၥည္းေတြကို သယ္ေဆာင္လာတာလို႔ ေျပာတယ္။ အဲ့ဒီကားက ကန္ေစာက္ဖက္ကို သြားတာတဲ့”လို႔ေျပာပါတယ္။ အဲ့ဒီကုန္တင္ကားသုံးစီးကို ေအေအတပ္ဖြဲ႕က လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ပစ္ခတ္ၿပီး မီးရႈိ႕သြားတာျဖစ္တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။ “ေအေအေသာင္းက်န္သူေတြက လက္နက္ငယ္ေတြပစ္ၿပီးေတာ့ တားတယ္။ တားၿပီးေတာ့မွ ကားသုံးစီးရပ္လည္းရပ္ေရာ အဲ့ဒီကား သုံးစီးကို မီးရႈိ႕သြားတယ္။ က်ေနာ္တို႔ ပစၥည္းသယ္တာ တပ္မေတာ္ပိုင္ယာဥ္ေတြနဲ႔ပဲ သယ္တာေနာ္။ က်ေနာ္တို႔က အသြင္ယူၿပီးသယ္တာေတာ့ ဘာမွမရွိဘူး။ ကားေမာင္းတဲ့သူဒါ႐ိုင္ဘာနဲ႔ စပါယ္ယာတို႔ ၅ ဦးပါတယ္။ အဲ့ဒီ ၅ေယာက္ ေခၚသြားတယ္လို႔ေျပာတယ္။ ထိခိုက္ ဒဏ္ရာရတာေတာ့မရွိဘူး”လို႔ေျပာပါတယ္။ ဒါ့အျပင္ တပ္မေတာ္ဘက္က ဒီလိုကုန္တင္ကားေပၚမွာ ျပည္သူေတြအကာကြယ္ယူၿပီး ပစၥည္းေတြသယ္ေဆာင္တာေတြ အသြင္ယူၿပီး လုပ္ေဆာင္တာေတြလုပ္ေလ့လုပ္ထမရွိဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။ တပ္မေတာ္က ပစၥည္းေတြကို အရပ္သားကားေတြကို အသြင္ေျပာင္း သယ္ေဆာင္လာၿပီး မီးရႈိ႕ၿပီးထားခဲ့တာလို႔ ရကၡိဳင့္တပ္ေတာ္ေအေအတပ္ဖြဲ႕က ေျပာပါတယ္။ ရကၡိဳင့္တပ္ေတာ္ေအေအက ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက “ကားသုံးစီး မီးေလာင္သြားတယ္ ဆိုတဲ့ ကိစၥက ဗမာစစ္တပ္ဘက္ကေနၿပီးေတာ့ အရပ္ဘက္ ကားေတြကို အသုံးၿပီးေတာ့ သူတို႔ ေထာက္ပို႔ ပစၥည္းေတြကို ေျပာင္းယူလာတာ။ က်ေနာ္တို႔ဘက္က အဲ့ဒါ ခပ္လွမ္းလွမ္း ေနၿပီးအခ်က္ျပတယ္။ အဲ့ဒါသူတို႔အေဝးကေန ရပ္တန္႔ၿပီးေတာ့ သူတို႔ဟာသူတို႔ မီးရႈိ႕ၿပီးေတာ့ ထြက္ေျပးသြားၾကတာ၊ ေနာက္ဆုံး က်ေနာ္တို႔ သတင္းရတာက ေျပးသြားတဲ့ လူေတြက အကုန္စစ္သားေတြလို႔ပဲသိထားတယ္” လို႔ေျပာပါတယ္။ ျပည္သူလူထုကားေတြကိုအသြင္ေျပာင္းၿပီး တပ္မေတာ္က ကုန္ပစၥည္းေတြ သယ္ေဆာင္တာေတြနဲ႔ လက္နက္ခဲယမ္းသယ္ေဆာင္တာေတြ လုပ္ေဆာင္တာလို႔ ေအေအ ေျပာခြင့္ရသူ ခိုင္သုခကဆိုပါတယ္။ ရကၡိဳင့္တပ္ေတာ္ေအေအနဲ႔ ျမန္မာတပ္မေတာ္တိုက္ပြဲကာလေတြမွာ တပ္မေတာ္ယာဥ္တန္း ေတြ မၾကာခဏဆိုသလို တိုက္ခံရတာေတြ ရွိပါတယ္။ ၿပီးခဲ့တဲ့ေမလ ၉ ရက္ကလည္း ယိုးတ႐ုတ္ရဲကင္းကို ရကၡိဳင့္တပ္ေတာ္ ေအေအဖက္က ဝင္ေရာက္တိုက္ခိုက္ခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္ ၉ ဦးက်ဆုံးခဲ့ပါတယ္။ သတင္း-ဝဏၰခြာညိဳ - ဓာတ္ပုံ ေစာသႏၲာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024