နိုင်ငံရေးအတွေ့အကြုံမရှိသည့် ဟွန်ချာရွတ်ခ်ကို ယူကရိန်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်

ယူကရိန်းဝန်ကြီးချုပ်အဖြစ် နိုင်ငံရေး အတွေ့အကြုံမရှိတဲ့ အော်လစ်ဆေ ဟွန်ချာရွတ်ခ်ကို သြဂုတ် ၂၉ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။ ဝန်ကြီးချုပ်သစ် ဟွန်ချာရွတ်ခ်က နိုင်ငံတိုးတက်မှုကို ဦးတည်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ ယူကရိန်း လွှတ်တော်ဟာ သမ္မတ ဇယ်လန်စကီ အဆိုပြုတဲ့ အသက် ၃၅ နှစ်အရွယ် ရှေ့နေ ဟွန်ချာရွတ်ခ်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ပါတာပါ။ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ယူကရိန်းလွှတ်တော်ဟာ အချိန်ဆွဲနေမယ်ဆိုရင် လွှတ်တော်ကို ဖျက်သိမ်းပစ်မယ်ဆိုပြီး သမ္မတ ဇယ်လန်စကီက ခြိမ်းခြောက်ထားပါတယ်။ ဒါ့အပြင် ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်တဲ့ အန်ဒရီယိုဆာ-ဟောရောညု ကိုလည်း ကာကွယ်ရေးဝန်ကြီး ခန့်အပ်ခဲ့ပါတယ်။ အခုခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်သစ် ဟွန်ချာရွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလက ဇယ်လန်စကီရဲ့ ရုံးအဖွဲ့မှာ ဒုတိယအကြီးအကဲ ဖြစ်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ႏိုင္ငံေရးအေတြ႕အႀကဳံမရွိသည့္ ဟြန္ခ်ာ႐ြတ္ခ္ကို ယူကရိန္းဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ DVB ယူကရိန္းဝန္ႀကီးခ်ဳပ္အျဖစ္ ႏိုင္ငံေရး အေတြ႕အႀကဳံမရွိတဲ့ ေအာ္လစ္ေဆ ဟြန္ခ်ာ႐ြတ္ခ္ကို ၾသဂုတ္ ၂၉ ရက္ေန႔မွာ ခန႔္အပ္လိုက္ပါတယ္။ ဝန္ႀကိးခ်ဳပ္သစ္ ဟြန္ခ်ာ႐ြတ္ခ္က ႏိုင္ငံတိုးတက္မႈကို ဦးတည္တဲ့ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈေတြ လုပ္သြားမယ္လို႔ ေျပာပါတယ္။ ယူကရိန္း လႊတ္ေတာ္ဟာ သမၼတ ဇယ္လန္စကီ အဆိုျပဳတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ေရွ႕ေန ဟြန္ခ်ာ႐ြတ္ခ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ အတည္ျပဳခဲ့ပါတာပါ။ ျပဳျပင္ေျပာင္းလဲေရးနဲ႔ပတ္သက္လို႔ ယူကရိန္းလႊတ္ေတာ္ဟာ အခ်ိန္ဆြဲေနမယ္ဆိုရင္ လႊတ္ေတာ္ကို ဖ်က္သိမ္းပစ္မယ္ဆိုၿပီး သမၼတ ဇယ္လန္စကီက ၿခိမ္းေျခာက္ထားပါတယ္။ ဒါ့အျပင္ ေရွ႕ေနနဲ႔ တက္ႂကြလႈပ္ရွားသူ တေယာက္ျဖစ္တဲ့ အန္ဒရီယိုဆာ-ေဟာေရာညဳ ကိုလည္း ကာကြယ္ေရးဝန္ႀကီး ခန႔္အပ္ခဲ့ပါတယ္။ အခုခန႔္အပ္လိုက္တဲ့ ဝန္ႀကီးခ်ဳပ္သစ္ ဟြန္ခ်ာ႐ြတ္ခ္ဟာ ၿပီးခဲ့တဲ့ ေမလက ဇယ္လန္စကီရဲ႕ ႐ုံးအဖြဲ႕မွာ ဒုတိယအႀကီးအကဲ ျဖစ္လာခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up