A d v e r t i s e m e n t With Us

စစ်ဆင်ရေးအသစ် စတင်မည်ဟု ကိုလံဘီယာ ဖာ့စ်သူပုန်အဖွဲ့ဟောင်း ကြေညာ

ကိုလံဘီယာနိုင်ငံမှာ ဖာ့စ်သူပုန်အဖွဲ့ဟောင်းတဖွဲ့ စစ်ဆင်ရေးအသစ် စတင်သွားမယ်လို့ သြဂုတ် ၂၉ ရက်နေ့ ညပိုင်းက ရုပ်သံဗွီဒီယိုတခုမှာ ပြောခဲ့ပါတယ်။ တချိန်က ကိုလံဘီယာနိုင်ငံရဲ့ အကြီးဆုံး သူပုန်အဖွဲ့ဖြစ်တဲ့ ဖာစ့်သူပုန်အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုလံဘီယာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက် လက်ရှိအချိန်မှာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲရပ်တည်နေတာပါ။ ဒါပေမယ့် အစိုးရကို ဆန့်ကျင်တဲ့ ဖာစ့်သူပုန်လက်ကျန်တွေ ရှိနေပါသေးတယ်။ ၃၂ မိနစ်ကြာတဲ့ အဲဒီဗွီဒီယိုဖိုင်မှာ ဖာ့စ်သူပုန်အဖွဲ့ တပ်မှူးဟောင်းတွေ ဖြစ်ကြတဲ့ အီဗန် မာကစ်နဲ့ ဂျီးဆက်စ် ဆန်ထရစ်တို့ ပါပါတယ်။ အီဗန် မာကစ်ဟာ ၂၀၁၆ ခုနှစ်က ကိုလံဘီယာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အဓိက ညှိနှိုင်းသူတယောက်အဖြစ် ပါဝင်ခဲ့သူပါ။ ဒါပေမယ့် မာကစ်ရဲ့ တူဖြစ်သူဟာ အဖမ်းခံရပြီး မူးယစ်မှောင်ခို စုံစမ်းစစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ကို ပို့ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း မနှစ်က မာကစ်ဟာ ပျောက်သွားခဲ့တာပါ။ ဖာစ့်သူပုန်ဟောင်းအဖွဲ့ရဲ့ စစ်ဆင်ရေးသစ် ကြေညာချက်နဲ့ ပတ်သက်လို့ ကိုလံဘီယာအစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ သူတို့အနေနဲ့ အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ (ELN) သူပုန်တွေနဲ့လည်း ပူးပေါင်းဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး အဖွဲ့ဘဏ္ဍာငွေအရင်းအမြစ်အတွက် ပြန်ပေးဆွဲ ငွေညှစ်တဲ့နည်းလမ်းတွေ သုံးမှာ မဟုတ်ဘူးလို့ မာကစ်က ပြောပါတယ်။ မာကစ် ဦးဆောင်တဲ့အဖွဲ့ဟာ တိုက်ခိုက်ရေးသမား အင်အား ၂၂၀၀ လောက်ရှိမယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ္ဆင္ေရးအသစ္ စတင္မည္ဟု ကိုလံဘီယာ ဖာ့စ္သူပုန္အဖြဲ႕ေဟာင္း ေၾကညာ DVB ကိုလံဘီယာႏိုင္ငံမွာ ဖာ့စ္သူပုန္အဖြဲ႕ေဟာင္းတဖြဲ႕ စစ္ဆင္ေရးအသစ္ စတင္သြားမယ္လို႔ ၾသဂုတ္ ၂၉ ရက္ေန႔ ညပိုင္းက ႐ုပ္သံဗြီဒီယိုတခုမွာ ေျပာခဲ့ပါတယ္။ တခ်ိန္က ကိုလံဘီယာႏိုင္ငံရဲ႕ အႀကီးဆုံး သူပုန္အဖြဲ႕ျဖစ္တဲ့ ဖာစ့္သူပုန္အဖြဲ႕ဟာ ၂၀၁၆ ခုႏွစ္က ကိုလံဘီယာ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရး သေဘာတူလက္မွတ္ ေရးထိုးၿပီးေနာက္ လက္ရွိအခ်ိန္မွာ ႏိုင္ငံေရးပါတီအျဖစ္ ေျပာင္းလဲရပ္တည္ေနတာပါ။ ဒါေပမယ့္ အစိုးရကို ဆန႔္က်င္တဲ့ ဖာစ့္သူပုန္လက္က်န္ေတြ ရွိေနပါေသးတယ္။ ၃၂ မိနစ္ၾကာတဲ့ အဲဒီဗြီဒီယိုဖိုင္မွာ ဖာ့စ္သူပုန္အဖြဲ႕ တပ္မႉးေဟာင္းေတြ ျဖစ္ၾကတဲ့ အီဗန္ မာကစ္နဲ႔ ဂ်ီးဆက္စ္ ဆန္ထရစ္တို႔ ပါပါတယ္။ အီဗန္ မာကစ္ဟာ ၂၀၁၆ ခုႏွစ္က ကိုလံဘီယာအစိုးရနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမွာ အဓိက ညႇိႏႈိင္းသူတေယာက္အျဖစ္ ပါဝင္ခဲ့သူပါ။ ဒါေပမယ့္ မာကစ္ရဲ႕ တူျဖစ္သူဟာ အဖမ္းခံရၿပီး မူးယစ္ေမွာင္ခို စုံစမ္းစစ္ေဆးသူေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အေမရိကန္ကို ပို႔ခံခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း မႏွစ္က မာကစ္ဟာ ေပ်ာက္သြားခဲ့တာပါ။ ဖာစ့္သူပုန္ေဟာင္းအဖြဲ႕ရဲ႕ စစ္ဆင္ေရးသစ္ ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ ကိုလံဘီယာအစိုးရဘက္က တရားဝင္ ထုတ္ေဖာ္ေျပာၾကားတာ မရွိေသးပါဘူး။ သူတို႔အေနနဲ႔ အမ်ိဳးသားလြတ္ေျမာက္ေရး တပ္ဖြဲ႕ (ELN) သူပုန္ေတြနဲ႔လည္း ပူးေပါင္းဖို႔ ႀကိဳးစားသြားမွာ ျဖစ္ၿပီး အဖြဲ႕ဘ႑ာေငြအရင္းအျမစ္အတြက္ ျပန္ေပးဆြဲ ေငြညႇစ္တဲ့နည္းလမ္းေတြ သုံးမွာ မဟုတ္ဘူးလို႔ မာကစ္က ေျပာပါတယ္။ မာကစ္ ဦးေဆာင္တဲ့အဖြဲ႕ဟာ တိုက္ခိုက္ေရးသမား အင္အား ၂၂၀၀ ေလာက္ရွိမယ္လို႔ လုံၿခဳံေရးသတင္းရင္းျမစ္ေတြက ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up