ဟာရီကိန်းမုန်တိုင်းဝင်မည့် အမေရိကန် ဖလော်ရီဒါပြည်နယ်တွင် သတိပေးချက်ထုတ်ပြန်

ဟာရီကိန်းမုန်တိုင်း ဒေါရီယန် ဝင်ရောက်မယ့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ သြဂုတ် ၂၉ ရက်နေ့က အရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒေါရီယန်ဟာ အလွန်အန္တရာယ်ကြီးတဲ့ အဆင့် ၄ ဟာရီကိန်းအထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး အတ္တလန္တိတ် ကမ်းရိုးတန်းနဲ့ ဖလော်ရီဒါတောင်ပိုင်းမှာ အာဏာပိုင်တွေက လေယာဉ် ခရီးစဉ်တချို့ကို ဖျက်သိမ်းခဲ့ပါတယ်။ နောက်ပြီး Space Coast တလျောက်က ဒုံးပျံလွှင့်တင်ရေး နေရာတွေမှာလည်း ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မိုင်ယာမီအခြေစိုက် ဟာရီကိန်းစင်တာက ‌ဒေါရီယန်ဟာ ၇၂ နာရီအတွင်း လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ ဟာရီကိန်းအဆင့် ၄ ဟာ အခိုင်အခံ့ဆောက်ထားတဲ့ အိမ်တွေကို ဆိုးဆိုးရွားရွား ပျက်စီးစေတာ အပါအဝင် ကြီးမားတဲ့ အပျက်အစီးတွေ ဖြစ်စေနိုင်တယ်လို့ ဟာရီကိန်း စင်တာက ပြောကြားပါတယ်။ ဟာရီကိန်း ဒေါရီယန်ဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ဖလော်ရီဒါ အရှေ့ပိုင်းကို ဝင်ရောက်မယ်လို့ ဟာရီကိန်း စင်တာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဟာရီကိန္းမုန္တိုင္းဝင္မည့္ အေမရိကန္ ဖေလာ္ရီဒါျပည္နယ္တြင္ သတိေပးခ်က္ထုတ္ျပန္ DVB ဟာရီကိန္းမုန္တိုင္း ေဒါရီယန္ ဝင္ေရာက္မယ့္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္မွာ ၾသဂုတ္ ၂၉ ရက္ေန႔က အေရးေပၚ သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေဒါရီယန္ဟာ အလြန္အႏၲရာယ္ႀကီးတဲ့ အဆင့္ ၄ ဟာရီကိန္းအထိ ေရာက္ႏိုင္တယ္လို႔ ခန႔္မွန္းထားၿပီး အတၱလႏၲိတ္ ကမ္း႐ိုးတန္းနဲ႔ ဖေလာ္ရီဒါေတာင္ပိုင္းမွာ အာဏာပိုင္ေတြက ေလယာဥ္ ခရီးစဥ္တခ်ိဳ႕ကို ဖ်က္သိမ္းခဲ့ပါတယ္။ ေနာက္ၿပီး Space Coast တေလ်ာက္က ဒုံးပ်ံလႊင့္တင္ေရး ေနရာေတြမွာလည္း ႀကိဳတင္သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ မိုင္ယာမီအေျခစိုက္ ဟာရီကိန္းစင္တာက ‌ေဒါရီယန္ဟာ ၇၂ နာရီအတြင္း ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၁၃၀ တိုက္ခတ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဟာရီကိန္းအဆင့္ ၄ ဟာ အခိုင္အခံ့ေဆာက္ထားတဲ့ အိမ္ေတြကို ဆိုးဆိုး႐ြား႐ြား ပ်က္စီးေစတာ အပါအဝင္ ႀကီးမားတဲ့ အပ်က္အစီးေတြ ျဖစ္ေစႏိုင္တယ္လို႔ ဟာရီကိန္း စင္တာက ေျပာၾကားပါတယ္။ ဟာရီကိန္း ေဒါရီယန္ဟာ စက္တင္ဘာ ၂ ရက္ေန႔မွာ ဖေလာ္ရီဒါ အေရွ႕ပိုင္းကို ဝင္ေရာက္မယ္လို႔ ဟာရီကိန္း စင္တာကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up