ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၃ ဦး ဖမ်းဆီးခံရ

ဟောင်ကောင်မှာ လာမည့် သီတင်းပတ်မတိုင်မီ ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ စီစဉ်နေချိန်မှာပဲ ထင်ရှားတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ဂျိုရှာဝေါင်၊ အက်ဂနက်စ်ချောင် နဲ့ အန်ဒီ ချန်တို့ သြဂုတ်လ ၃၀ ရက်နေ့က ဖမ်းခံခဲ့ရပါတယ်။ သူတို့ သုံးယောက် အဖမ်းခံရတာဟာ နိုင်ငံရေးလှုပ်ရှားမှုတခု ဖြစ်နိုင်တယ်လို့ ဟောင်ကောင်ဒေသခံတွေက ပြောပါတယ်။ တရားခံ လွှဲပြောင်းပေးရေး ဥပေဒမူကြမ်း ပြဿနာကနေစပြီး ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ အရှိန်မြှင့်နေတာ သုံးလကျော် ရှိပါပြီ။ ဒါ့ကြောင့် လက်ရှိ ဟောင်ကောင်ဟာ ဗြိတိန်လက်ထဲကနေ တရုတ်ပြည်မကြီး အုပ်ချုပ်မှုလက်အောက် ရောက်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်းမှာ အကြီးမားဆုံး နိုင်ငံရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ သူတို့သုံးယောက်စလုံးဟာ အရင်က တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ ညီလာခံတွေကို ပူးပေါင်းတက်ရောက်ခဲ့ကြတဲ့ ရုပ်သံဖိုင်တွေကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂၀၁၄ ဟောင်ကောင်ဆန္ဒပြပွဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဂျိုရှာဝေါင်ဟာ တရားရုံးကို အလေးမထားတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် သီတင်းပတ် ငါးပတ်ကျခံပြီး ဇွန်လကမှ ပြန်လွတ်လာခဲ့ပါ။ ဂျိုရှာဝေါင်ကို လမ်းပေါ်က ကားတစီးထဲ အတင်းဖမ်းခေါ်သွားခဲ့တယ်လို့ သူ့ရဲ့ နိုင်ငံရေး ပါတီ Demosisto က တရားဝင်တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Demosisto ပါတီအဖွဲ့ဝင်ဖြစ်တဲ့ အသက်၂၂ နှစ်အရွယ် အက်ဂနက်စ် ချောင်လည်း အဖမ်းခံခဲ့ရပါတယ်။ တရားမဝင် လူထုစုဝေးဖို့ ဦးဆောင်စီစဉ်မှုနဲ့ တရားမဝင် စုဝေးမှုတွေမှာ သိလျက်နဲ့ ပူးပေါင်းပါဝင်တဲ့ သံသယမှုတွေကြောင့် ဂျိုရှာဝေါင်နဲ့ အက်ဂနက်စ်ချောင်တို့ကို ဖမ်းခံတာလို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အသက် ၂၈ နှစ်အရွယ် အန်ဒီချန်ဟာလည်း ဟောင်ကောင်လေဆိပ်မှာ အဖမ်းခံခဲ့ရပေမယ့် ဘာပြစ်မှုနဲ့ ဖမ်းတာလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အန်ဒီချန်ဟာ ဟောင်ကောင်အမျိုးသားပါတီကို တည်ထောင်သူဖြစ်ပြီး အဲဒီပါတီကတော့ ၂၀၁၈ စက်တင်ဘာမှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်က တပ်စုသစ်တွေ အသုတ်လိုက် ဟောင်ကောင်က စစ်တန်းလျားကို ရောက်လာတဲ့ ရုပ်သံကို တရုတ်အစိုးရ ရုပ်သံက သြဂုတ် ၂၉ ရက်မှာ ပြသလိုက်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီး တပ်တွေကို အလှည့်ကျ တာဝန်ချတာလို့လည်း ပြောပါတယ်။ ဒါပေမယ့် တပ်တွေ စေလွှတ်လိုက်တာဟာ အင်အားသုံး စွက်ဖက်မယ်လို့ ရှင်းရှင်းလင်းလင်း သတိပေးတာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ေဟာင္ေကာင္ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ၃ ဦး ဖမ္းဆီးခံရ DVB ေဟာင္ေကာင္မွာ လာမည့္ သီတင္းပတ္မတိုင္မီ ဆႏၵျပပြဲေတြ ဆင္ႏႊဲဖို႔ စီစဥ္ေနခ်ိန္မွာပဲ ထင္ရွားတဲ့ ေဟာင္ေကာင္ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြ ျဖစ္ၾကတဲ့ ဂ်ိဳရွာေဝါင္၊ အက္ဂနက္စ္ေခ်ာင္ နဲ႔ အန္ဒီ ခ်န္တို႔ ၾသဂုတ္လ ၃၀ ရက္ေန႔က ဖမ္းခံခဲ့ရပါတယ္။ သူတို႔ သုံးေယာက္ အဖမ္းခံရတာဟာ ႏိုင္ငံေရးလႈပ္ရွားမႈတခု ျဖစ္ႏိုင္တယ္လို႔ ေဟာင္ေကာင္ေဒသခံေတြက ေျပာပါတယ္။ တရားခံ လႊဲေျပာင္းေပးေရး ဥေပဒမူၾကမ္း ျပႆနာကေနစၿပီး ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြ အရွိန္ျမႇင့္ေနတာ သုံးလေက်ာ္ ရွိပါၿပီ။ ဒါ့ေၾကာင့္ လက္ရွိ ေဟာင္ေကာင္ဟာ ၿဗိတိန္လက္ထဲကေန တ႐ုတ္ျပည္မႀကီး အုပ္ခ်ဳပ္မႈလက္ေအာက္ ေရာက္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္အတြင္းမွာ အႀကီးမားဆုံး ႏိုင္ငံေရး အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာပါ။ သူတို႔သုံးေယာက္စလုံးဟာ အရင္က တ႐ုတ္အစိုးရ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ၊ ေဆြးေႏြးပြဲေတြနဲ႔ ညီလာခံေတြကို ပူးေပါင္းတက္ေရာက္ခဲ့ၾကတဲ့ ႐ုပ္သံဖိုင္ေတြကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ၂၀၁၄ ေဟာင္ေကာင္ဆႏၵျပပြဲမွာ အဓိကအခန္းက႑က ပါဝင္ခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ိဳရွာေဝါင္ဟာ တရား႐ုံးကို အေလးမထားတဲ့ ျပစ္မႈနဲ႔ ေထာင္ဒဏ္ သီတင္းပတ္ ငါးပတ္က်ခံၿပီး ဇြန္လကမွ ျပန္လြတ္လာခဲ့ပါ။ ဂ်ိဳရွာေဝါင္ကို လမ္းေပၚက ကားတစီးထဲ အတင္းဖမ္းေခၚသြားခဲ့တယ္လို႔ သူ႔ရဲ႕ ႏိုင္ငံေရး ပါတီ Demosisto က တရားဝင္တြစ္တာအေကာင့္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ Demosisto ပါတီအဖြဲ႕ဝင္ျဖစ္တဲ့ အသက္၂၂ ႏွစ္အ႐ြယ္ အက္ဂနက္စ္ ေခ်ာင္လည္း အဖမ္းခံခဲ့ရပါတယ္။ တရားမဝင္ လူထုစုေဝးဖို႔ ဦးေဆာင္စီစဥ္မႈနဲ႔ တရားမဝင္ စုေဝးမႈေတြမွာ သိလ်က္နဲ႔ ပူးေပါင္းပါဝင္တဲ့ သံသယမႈေတြေၾကာင့္ ဂ်ိဳရွာေဝါင္နဲ႔ အက္ဂနက္စ္ေခ်ာင္တို႔ကို ဖမ္းခံတာလို႔ ေဟာင္ေကာင္ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဒါ့အျပင္ အသက္ ၂၈ ႏွစ္အ႐ြယ္ အန္ဒီခ်န္ဟာလည္း ေဟာင္ေကာင္ေလဆိပ္မွာ အဖမ္းခံခဲ့ရေပမယ့္ ဘာျပစ္မႈနဲ႔ ဖမ္းတာလည္းဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အန္ဒီခ်န္ဟာ ေဟာင္ေကာင္အမ်ိဳးသားပါတီကို တည္ေထာင္သူျဖစ္ၿပီး အဲဒီပါတီကေတာ့ ၂၀၁၈ စက္တင္ဘာမွာ ဖ်က္သိမ္းခံခဲ့ရပါတယ္။ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္က တပ္စုသစ္ေတြ အသုတ္လိုက္ ေဟာင္ေကာင္က စစ္တန္းလ်ားကို ေရာက္လာတဲ့ ႐ုပ္သံကို တ႐ုတ္အစိုးရ ႐ုပ္သံက ၾသဂုတ္ ၂၉ ရက္မွာ ျပသလိုက္ပါတယ္။ ဒါဟာ ပုံမွန္ျဖစ္ၿပီး တပ္ေတြကို အလွည့္က် တာဝန္ခ်တာလို႔လည္း ေျပာပါတယ္။ ဒါေပမဲ့ တပ္ေတြ ေစလႊတ္လိုက္တာဟာ အင္အားသုံး စြက္ဖက္မယ္လို႔ ရွင္းရွင္းလင္းလင္း သတိေပးတာ ျဖစ္ႏိုင္တယ္လို႔ မီဒီယာေတြက သုံးသပ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up