Home
မြန်မာသတင်း
လားရှိုး-သိန္နီအကြားတွင်  ခရီးသည်တင်ယာဉ်၊ အိမ်စီးကားနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ
DVB
·
August 30, 2019
ရှမ်းပြည်နယ်၊ လားရှိုး-သိန္နီအကြား၊ ပန်ဖတ်နဲ့ မိုင်းလီကျေးရွာ မိုင်တိုင် ၁၉၂ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြားမှာ  ဒီမနက် ၆ နာရီလောက်က ခရီးသည်တင်မှန်လုံယာဉ်တစီး၊ Hi-jet တစီး၊ Wish တစီးနဲ့ ဆိုင်ကယ်တစီးတို့ကို လက်နက်ကိုင်တပ်ဖွဲ့တွေက  မီးရှို့ဖျက်ဆီးသွားပါတယ်။  မီးရှို့ခံရတဲ့ Express ကတော့ ရန်ကုန်- မူဆယ် ပြေးဆွဲနေတဲ့ ဂျူပီတာယာဉ်လိုင်းဖြစ်ပြီး ကားပေါ်ကခရီးသည်တွေကို ဆင်းခိုင်းကာ မီးရှို့ခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်းမှာ ခရီးသည်တွေကိုတော့ သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ခေါ်သွားတယ်လို့ သိရပါတယ်။  ပန်ဖတ်ရွာ အနောက်ဘက်မှာလည်း ဒီကနေ့  တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ တီအန်အယ်လ်အေ၊ အေအေနဲ့ ကိုးကန့် မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့က ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ကစပြီး နောက်ချို ဂုတ်တွင်းတံတားအပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး အဓိကကျတဲ့ လမ်းပေါ်က တံတားအချို့ကိုလည်း မိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။ 
လားရႈိး-သိႏီ႖အၾကားတြင္  ခရီးသည္တင္ယာဥ္၊ အိမ္စီးကားႏွင့္ ဆိုင္ကယ္မ်ား မီးရႈိ႕ဖ်က္ဆီးခံရ DVB ရွမ္းျပည္နယ္၊ လားရႈိး-သိႏၷိအၾကား၊ ပန္ဖတ္နဲ႔ မိုင္းလီေက်း႐ြာ မိုင္တိုင္ ၁၉၂ မိုင္ ၅ ဖာလုံနဲ႔ ၆ ဖာလုံၾကားမွာ  ဒီမနက္ ၆ နာရီေလာက္က ခရီးသည္တင္မွန္လုံယာဥ္တစီး၊ Hi-jet တစီး၊ Wish တစီးနဲ႔ ဆိုင္ကယ္တစီးတို႔ကို လက္နက္ကိုင္တပ္ဖြဲ႕ေတြက  မီးရႈိ႕ဖ်က္ဆီးသြားပါတယ္။ မီးရႈိ႕ခံရတဲ့ Express ကေတာ့ ရန္ကုန္- မူဆယ္ ေျပးဆြဲေနတဲ့ ဂ်ဴပီတာယာဥ္လိုင္းျဖစ္ၿပီး ကားေပၚကခရီးသည္ေတြကို ဆင္းခိုင္းကာ မီးရႈိ႕ခဲ့တာလို႔ သိရပါတယ္။ ေနာက္ပိုင္းမွာ ခရီးသည္ေတြကိုေတာ့ သိႏၷီၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးက ေခၚသြားတယ္လို႔ သိရပါတယ္။ ပန္ဖတ္႐ြာ အေနာက္ဘက္မွာလည္း ဒီကေန႔  တိုက္ပြဲျဖစ္ေနတယ္လို႔ သိရပါတယ္။ တီအန္အယ္လ္ေအ၊ ေအေအနဲ႔ ကိုးကန႔္ မဟာမိတ္လက္နက္ကိုင္ ၃ ဖြဲ႕က ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၅ ရက္ေန႔ကစၿပီး ေနာက္ခ်ိဳ ဂုတ္တြင္းတံတားအပါအဝင္ တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရး အဓိကက်တဲ့ လမ္းေပၚက တံတားအခ်ိဳ႕ကိုလည္း မိုင္းေထာင္ဖ်က္ဆီးခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024