ဆန်းချက်ဇ် အင်တာသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

မန်ချက်စတာယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကတော့ အစောပိုင်းက အသင်းဖော်ဟောင်း လူကာကူပြောင်းရွှေ့သွားခဲ့တဲ့ အင်တာမီလန်အသင်းကို အငှားစာချုပ်နဲ့အတူ ရောက်ရှိသွားခဲ့ပါတယ်။
အင်တာမီလန်အသင်းရဲ့ တရားဝင်စာမျက်နှာတွေမှာ ထုတ်ပြန်ချက်တွေအရ ဆန်းချက်ကို ကြိုဆိုထားပြီး ဆန်းချက်ဇ်ရဲ့ ဘဝတလျှောက်လုံးမှာ အရာရာကို ဘောလုံးအတွက်ပဲ ပေးဆပ်ခဲ့ပြီး ဘောလုံးနဲ့ ခြေထောက်ထိနေရရင် ပျော်နေသူဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဆန်းချက်ဇ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ အူဒီနီးစ်အသင်းမှာ ကစားခဲ့ဖူးလို့ အီတလီမြေမှာ အလျင်အမြန် အချေကျနိုင်မယ်လို့ မျှော်လင့်နေတဲ့ ပုံစံကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့မြင်နိုင်တယ်။
ဒါပေမယ့် ဆန်းချက်ဇ်ရဲ့ လစာပြဿနာဟာလည်း ယူနိုက်တက်တို့နဲ့ ဆက်လက်ပတ်သက်ပြီး ကစားသမားရဲ့ တနှစ်လုပ်ခ ပေါင် ၂၁ သန်းမှာ ၄.၅ သန်းကိုသာ အင်တာမီလန်အသင်း ပေးချေရမှာ ဖြစ်ပြီး ကျန်လစာကိုတော့ ယူနိုက်တက်ကို့ဘက်ကပဲ ဆက်လက်ပေးနေမယ့် အခြေအနေမှာရှိပါတယ်။
ဆန်းချက်ဇ်ကတော့ သူမပြောင်းရွှေ့ခင်မှာ အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီး ယူနိုက်တက်မှာ ကံဆိုးခဲ့တာတွေ ခြေဖျက်နိုင်ဖို့ အီတလီကိုသွားရာလမ်းမှာ တက်ကြွနေပါတယ်။
ဆန္းခ်က္ဇ္ အင္တာသို႔ အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕
DVB
မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ႐ုန္းကန္ခဲ့ရတဲ့ ခ်ီလီတိုက္စစ္မႉး အလက္ဆစ္ဆန္းခ်က္ဇ္ကေတာ့ အေစာပိုင္းက အသင္းေဖာ္ေဟာင္း လူကာကူေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အင္တာမီလန္အသင္းကို အငွားစာခ်ဳပ္နဲ႔အတူ ေရာက္ရွိသြားခဲ့ပါတယ္။
အင္တာမီလန္အသင္းရဲ႕ တရားဝင္စာမ်က္ႏွာေတြမွာ ထုတ္ျပန္ခ်က္ေတြအရ ဆန္းခ်က္ကို ႀကိဳဆိုထားၿပီး ဆန္းခ်က္ဇ္ရဲ႕ ဘဝတေလွ်ာက္လုံးမွာ အရာရာကို ေဘာလုံးအတြက္ပဲ ေပးဆပ္ခဲ့ၿပီး ေဘာလုံးနဲ႔ ေျခေထာက္ထိေနရရင္ ေပ်ာ္ေနသူျဖစ္တယ္လို႔ ေရးသားထားပါတယ္။
ဆန္းခ်က္ဇ္ဟာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္ထိ အူဒီနီးစ္အသင္းမွာ ကစားခဲ့ဖူးလို႔ အီတလီေျမမွာ အလ်င္အျမန္ အေခ်က်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတဲ့ ပုံစံကိုလည္း ဓာတ္ပုံေတြထဲမွာ ေတြ႕ျမင္ႏိုင္တယ္။
ဒါေပမယ့္ ဆန္းခ်က္ဇ္ရဲ႕ လစာျပႆနာဟာလည္း ယူႏိုက္တက္တို႔နဲ႔ ဆက္လက္ပတ္သက္ၿပီး ကစားသမားရဲ႕ တႏွစ္လုပ္ခ ေပါင္ ၂၁ သန္းမွာ ၄.၅ သန္းကိုသာ အင္တာမီလန္အသင္း ေပးေခ်ရမွာ ျဖစ္ၿပီး က်န္လစာကိုေတာ့ ယူႏိုက္တက္ကို႔ဘက္ကပဲ ဆက္လက္ေပးေနမယ့္ အေျခအေနမွာရွိပါတယ္။
ဆန္းခ်က္ဇ္ကေတာ့ သူမေျပာင္းေ႐ႊ႕ခင္မွာ အသင္းေဖာ္ေတြကို ႏႈတ္ဆက္ခဲ့ၿပီး ယူႏိုက္တက္မွာ ကံဆိုးခဲ့တာေတြ ေျခဖ်က္ႏိုင္ဖို႔ အီတလီကိုသြားရာလမ္းမွာ တက္ႂကြေနပါတယ္။