ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆု ဗန်ဒိုက်ဆွတ်ခူး

1.4K
၂၀၁၉ ခုနှစ်အတွက် ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုကိုတော့ တနှစ်တာ အကောင်းဆုံး နောက်ခံလူဆု ရရှိထားတဲ့ လီဗာပူးက ဗန်ဒိုက်ဆွတ်ခူးသွားပါတယ်။
အကောင်းဆုံးဂိုးသမားဆုကို လီဗာပူးက အဲလီဆွန်က ရရှိသွားခဲ့ပြီး အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကိုတော့ အေဂျက်စ်လူငယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်က ရရှိသွားပါတယ်။
မက်ဆီဟာလည်း တနှစ်တာ အကောင်းဆုံးတိုက်စစ်ကစားသမားဆုကို ရရှိခဲ့ပေမယ့် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့ ရော်နယ်ဒိုကတော့ ဆုတွေနဲ့ လွဲချော်ခဲ့ပါတယ်။
အောင်မြင်မှု ဇာတ်ခုံပေါ်မှာ မက်ဆီနဲ့အတူ ၁၅ နှစ်လောက်ကြာအောင် ပြိုင်ဆိုင်ခဲ့ကြတာဟာ အံ့အားသင့်စရာကောင်းပြီး တူညီတဲ့လူနှစ်ယောက် စင်တခုပေါ်မှာ အတူရပ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူးလို့ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။
ဥရောပအကောင်းဆုံး ဘောလုံးသမားဆုပေးပွဲနဲ့အတူ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘေးချင်းကပ်လျက် အတူထိုင်ခဲ့သလို ရင်းရင်းနှီးနှီးစကားတွေ ပြောခဲ့ကြပါတယ်။
ထပ်ပြီးတော့ ရော်နယ်ဒိုက သူ့အနေနဲ့ မက်ဆီနဲ့ ညစာအတူတူမ စားဖူးသေးပေမယ့် အနာဂတ်မှာတော့ ဖြစ်လာနိုင်ကြောင်း လက်တလောမှာလည်း သူတို့နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတယ်လို့ဆိုပါတယ်။