အင်ဒိုနီးရှားတွင် ဆန္ဒပြသူများက အဆောက်အအုံများကို မီးရှို့ဖျက်ဆီး
1.3K
အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ် ဂျာယာပူယာမြို့မှာ သြဂုတ် ၂၉ ရက်နေ့က ဆန္ဒပြသူတွေဟာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဩဂုတ် ၂၉ ရက် ညအချိန်မှာ ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အအုံတချို့နဲ့ ဆိုင်ခန်းတွေ အပါအဝင် မော်တော်ကားတွေကိုလည်း မီးရှို့ခဲ့တယ်လို့ the guardain သတင်းဌာနက ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပါအူအာ ဒေသခံတွေအနေနဲ့ တည်ငြိမ်ကြဖို့ တောင်းဆိုခဲ့တဲ့အပြင် လူမျိုးရေးခွဲခြားဆက်ဆံတာနဲ့ မင်းမဲ့ဝါဒီတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြောကြားခဲ့ပါတယ်။
အရှေ့ဂျားဗားပြည်နယ်မှာ ပါပူအာကျောင်းသားတွေ ထိန်းသိမ်းခံရတာနဲ့ ပတ်သတက်ပြီး ပါပူအာ ပြည်နယ်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတာ သီတင်းပတ်နှစ်ပတ်ကျော် ရှိပါပြီ။
အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာမြို့မှာ သြဂုတ် ၁၇ ရက်နေ့က ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အင်ဒိုနီးရှားအလံတိုင်ကို ချိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါပူအာ ကျောင်းသားတွေ ထိန်းသိမ်းခံခဲ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အဲဒီပြဿနာကနေစပြီး အနောက်ပါပူအာပြည်နယ်နဲ့ ပါပူအာပြည်နယ်တွေမှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။