Home
မြန်မာသတင်း
မင်းပြားမြို့နယ်အတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ဖယ်ရှားပေးစေလို 
DVB
·
August 30, 2019
Untitled-1
69759474_857268724629136_4950484222830706688_n
69672783_857268651295810_3322710141840654336_n
69178708_857268764629132_2772913710446936064_n
69070218_857268804629128_7739489702561972224_n
69068691_857268591295816_6634787069937844224_n
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းထဲမှာရှိတဲ့ တံခွန်တိုင်ကျေးရွာနဲ့ ကုလားမတောင်ကျေးရွာ အနားတွေမှာ မပေါက်ကွဲသေးဘဲကျန်ရှိနေတဲ့ လက်နက်ကြီးကျည် ၄ လုံးကို အမြန်ဆုံးဖယ်ရှားပေးဖို့ ကျေးရွာဒေသခံတွေက တောင်းဆိုပါတယ်။ ကုလားမတောင်ကျေးရွာ အရှေ့တောင်တန်းအနီးတဝိုက်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရက္ခိုင့်တပ်တော် (အေ‌အေ)နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားကကျေးရွာအနားတွေမှာမပေါက်ကွဲဘဲ ကျန်နေရှိနေတဲ့ လက်ကြီးတွေကြောင့်ဒေသခံတွေက စိုးရိမ်နေတာပါ။ တံခွန်တိုင်ရွာသားတဦးက “အဲ့ဒီလက်နက်ကြီးက ရွာနဲ့ အနီးကပ်ဆုံးမှာရှိတယ်။ မပေါက်ကွဲအခုအချိန်ထိရှိနေတာ။ ရွာကလူတွေကတော့ အကုန်ကြောက် နေကြတယ်။ အဲ့ဒီလက်နက်ကြီးက ရွာအပြင်မှာ မိုင်းတလုံးပေါက်ကွဲလို့ ရွာအပြင် ကနေ လှမ်းပစ်လိုက်တာ။ မတော်တဆနဲ့ အဲ့ဒီအလုံးကြီးကပေါက်ကွဲသွားရင် ဘေးနားကအိမ်တွေ မလွယ်ဘူး။ အခုအချိန် အထိလည်း ဒီအတိုင်းပဲရှိနေတာ၊ အမြန်လာရောက်ဖယ်ရှားပေးဖို့ ပြောပေးပါဗျာ။”လို့ ပြောပါတယ်။ ဒါ့အပြင် ကုလားမတောင်ကျေးရွာအရှေ့ဘက်က လယ်ကွင်းပြင်မှာလည်း မပေါက်ကွဲသေးတဲ့ အာပီဂျီ နှစ်လုံးနဲ့ င/ခတ်ကဂျိုင် ဘုရားတောင်းအဟောင်းတောင်စောင်းမှာ မပေါက်ကွဲသေးတဲ့ အာပီဂျီတလုံးရှိနေသေးတယ်လို့ ကျေးရွာသားတွေကပြောဆိုပါတယ်။ ကုလားမတောင်းကျေးရွာသားတဦးက “ပြီးခဲ့တဲ့နှစ်ပတ်လောက်က အဲ့ဒီ င/ခတ်ကဂျိုင် လယ်ကွင်းပြင်းမှာ တိုက်ပွဲတွေဖြစ်ကြတယ်။တနေ့ကုန်ဖြစ်ကြတာ။ အဲ့ဒီတုန်းက တပ်မတော် ဘက်ကလည်း ရွာရဲ့အရှေ့ဘက်ဘုရားတောင်နားမှာတပ်စွဲထားတယ်။ အခုတော့ မရှိတော့ဘူး။ ပြန်သွားကြပြီ၊ အဲ့ဒီလက်နက်ကြီးက အခုအချိန်အထိရှိတာ။ လူတွေကတော့ တောင်တွေကို အရင်လို မသွားရဲတော့ဘူး။ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “အရင်ကလည်း ဒီလို အခြေအနေမျိုးတွေရှိဖူးတယ်။ မြို့နယ်က အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ရဲ့ အာဘော်ကိုယူပြီးမှ လုပ်လေ့လုပ်ထရှိတယ်။ အခုသက်ဆိုင်ရာမြို့နယ်အဆင့်က အုပ်ချုပ်ရေး အပိုင်းကို ကျနော်က အဲ့ဒီကိစ္စကို တင်ပြပြီးတော့ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို ဆွေးနွေးရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလဆန်းပိုင်းကနေ စတင်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်အေအေ မြန်မာ့တပ်မတာ်တို့အကြား တိုက်ပွဲတွေ လက်ရှိအချိန် ၉ လကျော်ရှိလာဖြစ်ပေမယ့် တိုက်ပွဲတွေဟာ ရပ်သွားဘဲ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဝဏ္ဏခွာညို
မင္းျပားၿမိဳ႕နယ္အတြင္း မေပါက္ကြဲေသးသည့္ လက္နက္ႀကီးက်ည္မ်ား ဖယ္ရွားေပးေစလို ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ဖုံသာေခ်ာင္းထဲမွာရွိတဲ့ တံခြန္တိုင္ေက်း႐ြာနဲ႔ ကုလားမေတာင္ေက်း႐ြာ အနားေတြမွာ မေပါက္ကြဲေသးဘဲက်န္ရွိေနတဲ့ လက္နက္ႀကီးက်ည္ ၄ လုံးကို အျမန္ဆုံးဖယ္ရွားေပးဖို႔ ေက်း႐ြာေဒသခံေတြက ေတာင္းဆိုပါတယ္။ ကုလားမေတာင္ေက်း႐ြာ အေရွ႕ေတာင္တန္းအနီးတဝိုက္ေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ရကၡိဳင့္တပ္ေတာ္ (ေအ‌ေအ)နဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အနီးနားကေက်း႐ြာအနားေတြမွာမေပါက္ကြဲဘဲ က်န္ေနရွိေနတဲ့ လက္ႀကီးေတြေၾကာင့္ေဒသခံေတြက စိုးရိမ္ေနတာပါ။ တံခြန္တိုင္႐ြာသားတဦးက “အဲ့ဒီလက္နက္ႀကီးက ႐ြာနဲ႔ အနီးကပ္ဆုံးမွာရွိတယ္။ မေပါက္ကြဲအခုအခ်ိန္ထိရွိေနတာ။ ႐ြာကလူေတြကေတာ့ အကုန္ေၾကာက္ ေနၾကတယ္။ အဲ့ဒီလက္နက္ႀကီးက ႐ြာအျပင္မွာ မိုင္းတလုံးေပါက္ကြဲလို႔ ႐ြာအျပင္ ကေန လွမ္းပစ္လိုက္တာ။ မေတာ္တဆနဲ႔ အဲ့ဒီအလုံးႀကီးကေပါက္ကြဲသြားရင္ ေဘးနားကအိမ္ေတြ မလြယ္ဘူး။ အခုအခ်ိန္ အထိလည္း ဒီအတိုင္းပဲရွိေနတာ၊ အျမန္လာေရာက္ဖယ္ရွားေပးဖို႔ ေျပာေပးပါဗ်ာ။”လို႔ ေျပာပါတယ္။ ဒါ့အျပင္ ကုလားမေတာင္ေက်း႐ြာအေရွ႕ဘက္က လယ္ကြင္းျပင္မွာလည္း မေပါက္ကြဲေသးတဲ့ အာပီဂ်ီ ႏွစ္လုံးနဲ႔ င/ခတ္ကဂ်ိဳင္ ဘုရားေတာင္းအေဟာင္းေတာင္ေစာင္းမွာ မေပါက္ကြဲေသးတဲ့ အာပီဂ်ီတလုံးရွိေနေသးတယ္လို႔ ေက်း႐ြာသားေတြကေျပာဆိုပါတယ္။ ကုလားမေတာင္းေက်း႐ြာသားတဦးက “ၿပီးခဲ့တဲ့ႏွစ္ပတ္ေလာက္က အဲ့ဒီ င/ခတ္ကဂ်ိဳင္ လယ္ကြင္းျပင္းမွာ တိုက္ပြဲေတြျဖစ္ၾကတယ္။တေန႔ကုန္ျဖစ္ၾကတာ။ အဲ့ဒီတုန္းက တပ္မေတာ္ ဘက္ကလည္း ႐ြာရဲ႕အေရွ႕ဘက္ဘုရားေတာင္နားမွာတပ္စြဲထားတယ္။ အခုေတာ့ မရွိေတာ့ဘူး။ ျပန္သြားၾကၿပီ၊ အဲ့ဒီလက္နက္ႀကီးက အခုအခ်ိန္အထိရွိတာ။ လူေတြကေတာ့ ေတာင္ေတြကို အရင္လို မသြားရဲေတာ့ဘူး။ မင္းျပားၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က “အရင္ကလည္း ဒီလို အေျခအေနမ်ိဳးေတြရွိဖူးတယ္။ ၿမိဳ႕နယ္က အာဏာပိုင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ သူတို႔ရဲ႕ အာေဘာ္ကိုယူၿပီးမွ လုပ္ေလ့လုပ္ထရွိတယ္။ အခုသက္ဆိုင္ရာၿမိဳ႕နယ္အဆင့္က အုပ္ခ်ဳပ္ေရး အပိုင္းကို က်ေနာ္က အဲ့ဒီကိစၥကို တင္ျပၿပီးေတာ့ ဘယ္လိုလုပ္ေဆာင္ရမလဲ ဆိုတာကို ေဆြးေႏြးရမွာပါ။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ဒီဇင္ဘာလဆန္းပိုင္းကေန စတင္ျဖစ္ပြားခဲ့တဲ့ ရကၡိဳင့္တပ္ေတာ္ေအေအ ျမန္မာ့တပ္မတာ္တို႔အၾကား တိုက္ပြဲေတြ လက္ရွိအခ်ိန္ ၉ လေက်ာ္ရွိလာျဖစ္ေပမယ့္ တိုက္ပြဲေတြဟာ ရပ္သြားဘဲ ျပင္းထန္ေနဆဲျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024