Home
မြန်မာသတင်း
ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော် ၆၀ စာရင်းတွင် ရန်ကုန်မြို့က အောက်ဆုံး ၅ နိုင်ငံစာရင်းဝင်
မြတ်နိုးအောင်
·
August 30, 2019
နာမည်ကျော် The Economist မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ ဘေးအကင်းဆုံး မြို့တော် ၆၀ စာရင်းမှာ ရန်ကုန်မြို့က အဆင့် ၅၈ နေရာမှာ ရပ်တည်နေပါတယ်။ သြဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာတော့ ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့က ကမ္ဘာ့ဘေး အကင်းဆုံးမြို့တော်အဖြစ် ၃ ကြိမ်ဆက် တိုက်ရရှိပါတယ်။ နှစ်နှစ်တကြိမ် ဆန်းစစ်တဲ့ ဒီသုတေသနစစ်တမ်းမှာ ကမ္ဘာ့မြို့ကြီးပေါင်း ၆၀ ကို လေ့လာသုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတနိုင်ငံရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လုံခြုံမှု၊ လူတဦးချင်းစီရဲ့ ပုဂ္ဂလိကလုံခြုံမှုနဲ့ ကျန်းမာရေးစနစ်စတဲ့ ညွှန်ကိန်းပေါင်း ၅၇ ခုကနေ တွက်ထုတ်ထားတဲ့ ရလဒ်တွေပေါ် အခြေခံပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။ ထိပ်တန်းမြို့တော် ၅ ခုစာရင်းမှာတော့ တိုကျိုမြို့ရဲ့နောက်မှာ စင်ကာပူ၊  အိုဆာကာ၊ အမ်စတာဒမ်နဲ့ ဆစ်ဒနီမြို့တွေက အသီးသီး ရပ်တည်နေကြတာပါ။ အာဆီယံနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူက အဆင့် ၃၅၊ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာက အဆင့် ၄၃၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ဗီယက်နမ်နိုင်ငံမြို့တော် ဟိုချီမင်းက အဆင့် ၄၇ အသီးသီးရှိနေကြပြီး အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာက အဆင့် ၅၃ နဲ့ မြန်မာနိုင်ငံမြို့တော် ရန်ကုန်မြို့က အဆင့် ၅၈ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။ သုတေသနစစ်တမ်းမှာ အဓိကအပိုင်းတွေအနေနဲ့ ဒီဂျစ်တယ်လုံခြုံမှုဆိုင်ရာ၊ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ၊ နိုင်ငံ့အခြေခံအဆောက်အအုံ လုံခြုံမှုဆိုင်ရာနဲ့ လူတဦးချင်းစီရဲ့ ပုဂ္ဂလိက လုံခြုံမှုဆိုင်ရာ အဆင့်သတ်မှတ်ချက်တွေပါဝင်ပြီး စုစုပေါင်းရမှတ် ၁၀၀ အထိ သတ်မှတ်ထားရာမှာ ရန်ကုန်မြို့က ပျမ်းမျှအမှတ်အောက် ၄၁ ဒဿမ ၉ မှတ်နဲ့ အောက်ဆုံး ၅ နိုင်ငံစာရင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ကမာၻ႔ေဘးအကင္းဆုံးၿမိဳ႕ေတာ္ ၆၀ စာရင္းတြင္ ရန္ကုန္ၿမိဳ႕က ေအာက္ဆုံး ၅ ႏိုင္ငံစာရင္းဝင္ DVB နာမည္ေက်ာ္ The Economist မဂၢဇင္းကေန ထုတ္ျပန္တဲ့ ၂၀၁၉ ခုႏွစ္ ကမာၻ႔ ေဘးအကင္းဆုံး ၿမိဳ႕ေတာ္ ၆၀ စာရင္းမွာ ရန္ကုန္ၿမိဳ႕က အဆင့္ ၅၈ ေနရာမွာ ရပ္တည္ေနပါတယ္။ ၾသဂုတ္ ၂၉ ရက္ေန႔မွာ ထုတ္ျပန္လိုက္တဲ့ ဒီစာရင္းရဲ႕ ထိပ္ဆုံးေနရာမွာေတာ့ ဂ်ပန္ႏိုင္ငံၿမိဳ႕ေတာ္ တိုက်ိဳၿမိဳ႕က ကမာၻ႔ေဘး အကင္းဆုံးၿမိဳ႕ေတာ္အျဖစ္ ၃ ႀကိမ္ဆက္ တိုက္ရရွိပါတယ္။ ႏွစ္ႏွစ္တႀကိမ္ ဆန္းစစ္တဲ့ ဒီသုေတသနစစ္တမ္းမွာ ကမာၻ႔ၿမိဳ႕ႀကီးေပါင္း ၆၀ ကို ေလ့လာသုေတသနျပဳလုပ္ခဲ့တာျဖစ္ၿပီး ႏိုင္ငံတႏိုင္ငံရဲ႕ အေျခခံအေဆာက္အအုံဆိုင္ရာ လုံၿခဳံမႈ၊ လူတဦးခ်င္းစီရဲ႕ ပုဂၢလိကလုံၿခဳံမႈနဲ႔ က်န္းမာေရးစနစ္စတဲ့ ၫႊန္ကိန္းေပါင္း ၅၇ ခုကေန တြက္ထုတ္ထားတဲ့ ရလဒ္ေတြေပၚ အေျခခံၿပီး အဆင့္သတ္မွတ္တာ ျဖစ္ပါတယ္။ ထိပ္တန္းၿမိဳ႕ေတာ္ ၅ ခုစာရင္းမွာေတာ့ တိုက်ိဳၿမိဳ႕ရဲ႕ေနာက္မွာ စင္ကာပူ၊ အိုဆာကာ၊ အမ္စတာဒမ္နဲ႔ ဆစ္ဒနီၿမိဳ႕ေတြက အသီးသီး ရပ္တည္ေနၾကတာပါ။ အာဆီယံႏိုင္ငံေတြထဲမွာေတာ့ မေလးရွားႏိုင္ငံၿမိဳ႕ေတာ္ ကြာလာလမ္ပူက အဆင့္ ၃၅၊ ဖိလစ္ပိုင္ႏိုင္ငံၿမိဳ႕ေတာ္ မနီလာက အဆင့္ ၄၃၊ ထိုင္းႏိုင္ငံၿမိဳ႕ေတာ္ ဘန္ေကာက္နဲ႔ ဗီယက္နမ္ႏိုင္ငံၿမိဳ႕ေတာ္ ဟိုခ်ီမင္းက အဆင့္ ၄၇ အသီးသီးရွိေနၾကၿပီး အင္ဒိုနီးရွားႏိုင္ငံၿမိဳ႕ေတာ္ ဂ်ကာတာက အဆင့္ ၅၃ နဲ႔ ျမန္မာႏိုင္ငံၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕က အဆင့္ ၅၈ အသီးသီး ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။ သုေတသနစစ္တမ္းမွာ အဓိကအပိုင္းေတြအေနနဲ႔ ဒီဂ်စ္တယ္လုံၿခဳံမႈဆိုင္ရာ၊ က်န္းမာေရး လုံၿခဳံမႈဆိုင္ရာ၊ ႏိုင္ငံ့အေျခခံအေဆာက္အအုံ လုံၿခဳံမႈဆိုင္ရာနဲ႔ လူတဦးခ်င္းစီရဲ႕ ပုဂၢလိက လုံၿခဳံမႈဆိုင္ရာ အဆင့္သတ္မွတ္ခ်က္ေတြပါဝင္ၿပီး စုစုေပါင္းရမွတ္ ၁၀၀ အထိ သတ္မွတ္ထားရာမွာ ရန္ကုန္ၿမိဳ႕က ပ်မ္းမွ်အမွတ္ေအာက္ ၄၁ ဒႆမ ၉ မွတ္နဲ႔ ေအာက္ဆုံး ၅ ႏိုင္ငံစာရင္းမွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024